ကံမရထားလမ်း ဖောက်လုပ်ရာတွင် သိမ်းဆည်းခံရသော မြေယာများအတွက် လျော်ကြေးပေး - Property News in Myanmar from iMyanmarHouse.com
776 Views

ကံမရထားလမ်း ဖောက်လုပ်ရာတွင် သိမ်းဆည်းခံရသော မြေယာများအတွက် လျော်ကြေးပေး

ကြံခင်း-ပခုက္ကူ ရထားလမ်း ဖောက်လုပ်ရာတွင် မကွေးတိုင်းကံမမြို့နယ်အတွင်း သိမ်းဆည်းခံရသော မြေယာများအနက် ၃၆၆ ဒသမ ၁၉ ဧက အတွက် နစ်နာကြေး ကျပ် ၁၉၉ ဒသမ​ ၃၄၀ သန်း ဖေဖော်ဝါရီ ၉ ရက်က စတင်ပေးအပ်ခဲ့သည်။

ကံမမြို့အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးခန်းမတွင် တောင် သူများထံ ပေးအပ်ခဲ့ပြီး ယင်း ရထားလမ်း ဖောက်လုပ်ရာ၌ ကံမမြို့နယ်အတွင်း ကျေးရွာအုပ် စု ၁၅ အုပ်စုမှ လယ်ယာမြေဧက ၄၄၄ ဒသမ ၁၃ ဧက ဆုံးရှုံးခဲ့သော ကြောင့် ၇၇ ဒသမ ၉၄ ဧက အတွက် နစ်နာကြေးပေးအပ်ရန် ကျန်နေကြောင်း ကံမမြို့နယ်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးဇော်ဝင်းက ပြောသည်။

‘‘လွှတ်တော်မှာလည်း မြေ ယာလျော်ကြေးငွေရရှိဖို့ မေးခွန်းအဖြစ် မေးမြန်းခဲ့သလို ဒေသတာ ဝန်ရှိသူတွေနဲ့ ပေါင်းစပ်ပြီးတော့ အမှန်တကယ် နစ်နာခဲ့တဲ့တောင်သူတွေ နစ်နာကြေးရရှိအောင် သေချာစိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ တယ်’’ ဟု ၎င်းကပြောကြားသည်။

နစ်နာကြေးများကို လယ် တစ်ဧက ကျပ် သိန်း ၂၀၊ ယာ တစ်ဧက ကျပ် ၁၅ သိန်းနှင့် အိမ်ခြံမြေတစ်ဧက ကျပ်သိန်း ၈၀ နှုန်းဖြင့် ကျေး ရွာအုပ်စုငါးခုစီ သုံး ကြိမ်ခွဲကာ ပေးလျော်မည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

လျော်ကြးပေးရန် ကျန်သည့် မြေယာများသည် ပိုင်ဆိုင်မှုအ ငြင်းပွားမှုအချို့ရှိနေသဖြင့် ကြန့် ကြာနေခြင်းဖြစ်ပြီး ဖြေရှင်းဆောင်ရွက်ပြီးလျှင် နစ်နာကြေးပေးအပ်နိုင်ရန် စီစဉ်ထားကြောင်း ကြံခင်း- ပခုက္ကူ ရထားလမ်းပိုင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရထားလမ်းဌာနအနေဖြင့် ရထားလမ်းဖောက်လုပ်ရာတွင် သိမ်းဆည်းခံရသော မြေယာနစ် နာမှုများကို မြို့နယ်များ၌ ကွင်း ဆင်းစစ်ဆေးနေပြီး နိုင်ငံတော်သို့ ရန်ပုံငွေတင်ပြတောင်းခံကာ ရရှိ မှုအလိုက် တောင်သူများထံသို့ စနစ်တကျ ပေးအပ်နေကြောင်း ၎င်းကဆိုသည်။

ကြံခင်း-ပခုက္ကူရထားလမ်း သည် ၂၀၀၇ က စတင်တည် ဆောက်ခဲ့ပြီး မကွေးတိုင်းကံမမြို့ နယ် ဆင်ပေါင်ဝဲ၊ မင်းလှ၊ မင်း ဘူးနှင့် ပခုက္ကူမြို့နယ်တို့မှ လယ် ယာမြေဧက များစွာသိမ်းဆည်းခံ ခဲ့ရသည်။

၎င်းတို့အတွက် နစ်နာကြေး များကို ရထားလမ်းတာဝန်ရှိသူ များက ၂၀၁၃-၁၄ ဘဏ္ဍာနှစ်က စတင်ပေးလျော်နေပြီး သရက်မြို့နယ်အတွင်း သိမ်းဆည်းခံရသော မြေယာအားလုံး နီးပါးကို သုံးကြိမ်ခွဲကာ နစ်နာကြေး ပေးအပ်နိုင်ပြီဖြစ်ကြောင်း မြန်မာ့မီးရထား တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service