မွန်ပြည်နယ်တွင် ကိုရီးယားစက်မှုဇုန်နှင့် ရော်ဘာမြို့တော် ဖော်ဆောင်မည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1744 Views

မွန်ပြည်နယ်တွင် ကိုရီးယားစက်မှုဇုန်နှင့် ရော်ဘာမြို့တော် ဖော်ဆောင်မည်ဟုဆို

  မွန်ပြည်နယ်တွင် ဧက ၇၂၀ ကျော်ရှိသည့်ကိုရီးယား စက်မှုဇုန်နှင့် မြေဧက ၃၇၀ ခန့်တွင် ရော်ဘာမြို့တော် တည်ထောင်မည်ဟု မွန်ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာအေးဇံကပြောသည်။

ကိုရီးယားစက်မှုဇုန် ဖွံ့ဖြိုး ရေးစီမံချက်သည် သထုံနယ်မြေ၊ စစ်တောင်းစက်မှုနယ်မြေ နှင့်ရော်ဘာမြို့တော်ကို မုဒုံမြို့နယ်တွင် အကောင်အထည်ဖော်နေ ခြင်းဖြစ်သည်ဟု ၀န်ကြီးချုပ်က ပြောသည်။

‘‘ မွန်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံရင် အခွန်ကင်းလွတ်ခွင့်နဲ့ မြေ ငှားရမ်းခဈေးချိုမယ်။ ထိုင်းနဲ့နီး လို့ ကုန်ကြမ်းတွေဈေးသက်သာ တယ်။ အရှေ့-အနောက်စီးပွား ရေးစင်္ကြံအနီးကပ်မှာ ရှိတယ်။ သဘာဝဘေးကင်းတယ်’’ ဟု ဒေါက်တာအေးဇံက ပြောသည်။

ကိုရီးယားစက်မှုဇုန်သည် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ကုန်ကျ စရိတ်မှာ ကန်ဒေါ်လာ ၆၅ ဘီလီ ယံကျော်ဖြစ်ပြီး ၂၀၂၂ တွင် စီမံ ကိန်းပြီးဆုံးမည်ဟု ဆိုသည်။

စက်မှုဇုန်အတွက် လျှပ်စစ်မီးကို ၂၄ နာရီဗို့အားအပြည့်အ၀ ပေးနိုင်ပြီး အကြီးစားစက်မှုဇုန်အ ဖြစ် ရည်ရွယ်လုပ်ငန်းဖော်ခြင်း ဖြစ်၍ မြေဧကများထပ်မံတိုးချဲ့ရန် လည်း စီစဉ်ထားသည်ဟု ဒေါက် တာအေးဇံက ပြောသည်။

ရော်ဘာမြို့တော်မှာ မွန် ပြည်နယ်ရှိ ကုန်ကြမ်းများဖြင့် လက်အိတ်မှ ကားတာယာအထိ ထုတ်လုပ်ရန်ရည်ရွယ်သည်ဟု ၀န်ကြီးချုပ်က ပြောသည်။

မွန်ပြည်နယ်တွင် ရော်ဘာစိုက်ဧကငါးသိန်းရှိပြီး သုံးသိန်းမှာ အစေးခြစ်နေသည့်ဧကများဖြစ် သည်ဟု ၀န်ကြီးချုပ်က ပြောသည်။

ထိုကုန်ကြမ်းများကိုအသုံး ပြုရန် ရင်းနှီးမြှုပ်နှံပါက မြေကိုဈေးနှုန်းချိုသာစွာဖြင့် ငှားရမ်းပေးမည်ဟုဆိုသည်။ မွန်ပြည်နယ်သည် လူဦးရေ ၂ ဒသမ ၂ သန်းရှိပြီး အလုပ်လုပ်နိုင်သည့် လူဦးရေ ၄၃ရာခိုင်နှုန်းကျော်ရှိသည်။ မွန်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံပါကအစိုးရက အခွန်ကင်းလွတ်ခွင့်ခုနစ်နှစ်အထိပေးထားသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service