ကမာကြည်တံတားအမှတ် (၂) တွင် ဇန်နဝါရီ ၃၁ ရက်မှစတင်ကာ ယာဉ်များ ဖြတ်သန်းခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
1534 Views

ကမာကြည်တံတားအမှတ် (၂) တွင် ဇန်နဝါရီ ၃၁ ရက်မှစတင်ကာ ယာဉ်များ ဖြတ်သန်းခွင့်ပြု

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် သင်္ယန်းကျွန်းမြို့နယ်ကို ဆက်သွယ်ထားသည့် ကမာကြည်တံတားအမှတ် ၂ ပေါ်တွင် ဇန်နဝါရီ ၃၁ရက်၊နံနက် ၆နာရီခွဲမှစတင်ကာ ယာဉ်များကို ဖြတ်သန်းခွင့်ပေးခဲ့ပြီဖြစ်ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးညီညီက ဇန်နဝါရီ ၃၁ ရက်က ပြောကြားသည်။

တံတားဖွင့်ပွဲကို ဖေဖော်ဝါရီ ၇ရက်တွင် ကျင်းပမည်ဖြစ်ပြီး လက်ရှိတွင် ယာဉ်များစတင်သွားလာခွင့်ပြုထားခြင်းဖြစ်သည်။ ယင်းတံတားကို သင်္ယန်းကျွန်း မြို့ နယ်၊သုဝဏ္ဏမြို့ဦးစေတီနားနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မိုးကုတ်လမ်းကို ချဉ်းကပ်ကာ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ ၁၅ရက်မှစတင်ကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

တံတားအမျိုးအစားမှာ သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး တံတားအကျယ် ၁၁ဒသမ၅မီတာအကျယ်ရှိကာ နှစ်လမ်းသွား တံတားအဖြစ် ဖြစ်ပြီး တံတားအရှည် ၂၅၈ မီတာ ရှိကြောင်းနှင့် ကျပ် ၅ဒသမ ၈ ဘီလီယံ အကုန်အကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ကမာကြည်တံတားအမှတ်၂ကို တည်ဆောက်ရန် လျှောက်လွှာများကို ၂၀၁၇ခုနှစ် စက်တင်ဘာလက တင်ဒါခေါ်ယူခဲ့ပြီး မြတ်နိုးသူ ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခွင့် ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါတံတားသည် တောင်ဒဂုံမြို့နယ်မှသာကေတ၊ သုဝဏ္ဏနှင့် ဒေါပုံမြို့နယ်များကိုအဓိကလွယ်ကူလျင်မြန်စွာဖြတ်သန်းသွားလာနိုင်မည့်တံတားတစ်စင်းဖြစ်သည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service