အထပ်မြင့် လူနေအိမ်တိုက်ခန်းများ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးလျှင် အခန်းပိုင်ရှင်များအတွက် ပိုင်ဆိုင်မှု အာမခံချက်မရှိဟုဆို - Property News in Myanmar from iMyanmarHouse.com
10058 Views

အထပ်မြင့် လူနေအိမ်တိုက်ခန်းများ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးလျှင် အခန်းပိုင်ရှင်များအတွက် ပိုင်ဆိုင်မှု အာမခံချက်မရှိဟုဆို

အထပ်မြင့်လူနေအိမ်တိုက်ခန်းများ မြေငလျင်၊ မီး အစရှိသည့် သဘာဝဘေး အန္တရာယ်များကြောင့် ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့လျှင် တိုက်ခန်းပိုင်ရှင်များအတွက် ပိုင်ဆိုင်မှုအာမခံချက်မရှိဘဲ လုံးဝ ဆုံးရှုံးမည်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်ဦးစိုင်းခွန်နောင်က ပြောသည်။

'' ဥပဒေမှာပါတာက အခန်းကအပျောက်ဝယ်ထားတာပေါ့နော်၊ မြေနဲ့ မဆိုင်ဘူး။ မြေပိုင်ဆိုင်မှုက အချိုးကျမပါ တဲ့အခါကျတော့ တကယ်ဥပဒေအရ ပြောရရင် ငလျင်လှုပ်လို့ပြိုသွားတယ်၊ မီးဘေးကြောင့် ပြိုသွားတယ်ဆိုရင် ဒီအပျောက်ဝယ်ထားတဲ့အခန်းရဲ့ ပိုင်ဆိုင်မှုရပိုင်ခွင့်က သုညဖြစ်သွားပြီး''ဟု ၎င်းက ပြောသည်။

ထိုသို့သောအခြေအနေဖြစ်ပေါ်ခဲ့လျှင် တိုက်ခန်းပိုင်ရှင်များအနေဖြင့် မြေပိုင်ရှင်နှင့် ညှိနှိုင်းပြေလည်ပါက အဆောက်အဦအသစ် ပြန်လည်ဆောက်လုပ်ရန်အတွက် ကျသင့်ငွေကို အချိုးကျထည့်ဝင်၍ အခန်းပိုင်ဆိုင်ခွင့်အတွက် ဆောင်ရွက်နိုင်ကြောင်း၊ ဥပဒေအရ အဆောက်အဦ ပြိုကျပျက်စီးသွားပါက မူလမြေရှင်ကသာ ပြန်လည်ပိုင်ဆိုင်မည်ဖြစ်ကြောင်း ဦးစိုင်းခွန်နောင်က ဆက်လက်ပြောဆိုသည်။

အိမ်ခြံမြေနှင့်ပတ်သက်၍ ဥပဒေအကျိုးဆောင်လုပ်ကိုင်ပေးနေသည့် အထက်တန်းရှေ့နေ တဦးကလည်း''အထပ်မြင့်အဆောက်အအုံတွေ မြေပြိုလို့ပဲဖြစ်ဖြစ်၊ တခုခုကြောင့်ပြိုကျရင် အခန်းပိုင်ရှင်တွေမှာ ဘာရပိုင်ခွင့်မှမရှိဘူး။ ဘာကြောင့်လဲဆိုတော့ မူလမြေပိုင်ရှင်က မြေကိုပိုင်တာ။ သူတို့က လေပေါ်က တိုက်ခန်းကိုပိုင်တာ။ လေပေါ်ကတိုက်ခန်းမရှိတော့ရင် သူတို့ပိုင်ဆိုင်မှုမရှိတော့ဘူး ''ဟု ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် မြေအောက်ရေကို ထုတ်ယူသုံးစွဲနေသည့် အထပ်မြင့်အဆောက်အဦများ အရေအတွက်များပြားလာပါက မြေပြိုခြင်းများ ဖြစ်လာနိုင်ကြောင်း၊ တောင်ဥက္ကလာ၊ တာမွေ၊ သင်္ဃန်းကျွန်းမြို့နယ်များတွင် အထပ်မြင့်ကန်ထရိုက်တိုက်ဆောက်လုပ်မှု အများဆုံးဖြစ်ပြီး ကန်ထရိုက်တိုက်အများစုသည် မြေအောက်ရေကိုသာ အသုံးပြုလျက်ရှိကြောင်း သိရသည်။

အဝီစိတွင်းတူရန် တတွင်းနှင့်တတွင်း အကွာအဝေးပေ ၁၅ဝ ခန့်သတ်မှတ်ထားသော်လည်း ကန်ထရိုက်တိုက် ဆောက်လုပ်သူအချို့သည့် အဆိုပါအကွာ အဝေးကိုလိုက်နာခြင်းမရှိကြောင်း၊ ရန်ကုန်မြို့တွင် ကတ္တရာ၊ ကွန်ကရစ်လမ်းများခင်းထားမှုကြောင့် မိုးရွာလျှင်မြေအောက်သို့ ရေရောက်ရန်ခက်ခဲကြောင်း၊ မြေအောက် ရေထုတ်ယူမှုများပြားလာလျှင်ကတော့ ပုံလိုဏ်ခေါင်းများဖြစ်ပြီး မြေပြိုခြင်းများဖြစ်နိုင်ကြောင်း၊ ရန်ကုန်မြို့တွင်နေစဉ် ရေဂါ လန် သန်း ၂၅ဝ နီးပါး ပေးဝေးနေသော်လည်း လုံလောက်မှုမရှိသည့်အပြင် ရေဆုံး ရှုံးမှုရှိနေပြီး အများစုမှာ မြေအောက်ရေကို ထုတ်ယူသုံးစွဲနေရကြောင်း သိရသည်။

 

Credit:  News Watch

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service