Invest Myanmar Summit 2019 ဒုတိယနေ့ ဆက်လက်ကျင်းပ - Property News in Myanmar from iMyanmarHouse.com
773 Views

Invest Myanmar Summit 2019 ဒုတိယနေ့ ဆက်လက်ကျင်းပ

ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ပူးပေါင်း ဆောင်ရွက်သည့် Invest Myanmar Summit 2019 ဒုတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ဆက်လက်ကျင်းပသည်။

ရှင်းလင်းဆွေးနွေး

ဒုတိယနေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူစွာလုပ်ဆောင်နိုင်ရေးအတွက် ပြုပြင်ပြောင်းလဲ မှုများ၊ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခဲ့သည့်အတွက် ရရှိလာသည့် အကျိုးရလဒ်များနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပိုမိုအားကောင်းလာစေရန် ဆောင်ရွက် သွားမည့်လုပ်ငန်းများ၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ပါ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေ အပါအဝင် ဥပဒေနှင့် နည်းဥပဒေများ ပြုပြင်ခဲ့မှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ပိုင်ခွင့်များ ခွဲဝေပေးခဲ့မှု၊ စံပြုလုပ်ထုံးလုပ်နည်းများအားရေးဆွဲနေမှု၊ လုပ်ငန်းများ မှတ်ပုံတင်ခြင်း အပါအဝင် ဆက်စပ်လုပ်ငန်းများကို အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် အကောင်အထည် ဖော်နေမှုနှင့်One Stop Service လုပ်ငန်းများ ပိုမို ကောင်းမွန်ရေးဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆက်အောင်နှင့် နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဦးမင်းရဲပိုင်ဟိန်းတို့ က အနာဂတ်စီးပွားရေးကဏ္ဍအတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(MSDP)၏ အခန်းကဏ္ဍ၊ ပြည်သူ့ရင်းနှီး မြှုပ်နှံမှုဆိုင်ရာစီမံကိန်းဘဏ်သည် မြန်မာနိုင်ငံ၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုနှင့်MSDP တို့အားထောက်ပံ့ပေး နိုင်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။

ပြန်လည်ဖြေကြား

ထို့နောက်New Yangon Development Company Limited မှ Vice Chairman & CEO ဖြစ်သူ ဦးသိန်းဝေ၊ International Finance Corporation မှ Country Manager ဖြစ်သူ Mr. Vikram Kumar, CITIC Group (Myanmar)မှ မန်နေဂျင်းဒါရိုက်တာMr.Yuan Shoobin နှင့် ဂျပန် နိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးတို့က ပုဂ္ဂလိကကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရေး ခေါင်းစဉ် ဖြင့် ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ òန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးနှင့် New Yangon Development Company Limited မှ Vice Chairman & CEO ဖြစ်သူ ဦးသိန်းဝေတို့က Invest Myanmar Summit 2019 အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာ များ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြား ကြသည်။

 

Credit: The Mirror

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service