ဂူးဂီး ဗိသုကာ - Property News in Myanmar from iMyanmarHouse.com
1028 Views

ဂူးဂီး ဗိသုကာ

ဂူးဂီးဗိသုကာသည် မော်ဒန်ဗိသုကာဟန်တစ်ခု ဖြစ်ပြီး ဖျူးချားရစ်ဗိသုကာ၏ မျိုးကွဲတစ်ခု ဖြစ်သည်။

မော်တော်ကားယဉ်ကျေးမှု၊ ဂျက်လေယာဉ်၊ အာကာသ ခေတ်၊ အဏုမြူခေတ် အစရှိသည်တို့၏ သြဇာလွှမ်းမှုဖြင့် ပေါ်ပေါက်လာသော ဗိသုကာဟန်မျိုးဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားတောင် ပိုင်းတွင် ၁၉၄၀ ပြည့်လွန်ကာလများအတွင်း စတင်အစပျိုး ပေါ်ပေါက်ခဲ့ပြီး ၁၉၆၀ ပြည့်လွန် အလယ်ပိုင်းကာလများအထိ ကျော်ကြားခဲ့သည်။

ဂူးဂီးဗိသုကာဟန်ကို အဓိကအသုံးပြုကြသည်မှာ မိုတယ်များ၊ ကော်ဖီဆိုင်များနှင့် ဓာတ်ငွေ့ဆိုင်များ ဖြစ်ကြသည်။ဂူးဂီးဗိသုကာဟန်တွင် မွမ်းမံပုံများမှာ ပေါ်ပြူလေ့စ်ရသမျိုးကို ပေးစွမ်းသည်။

ပေါ်ပြူလေ့စ်ဟူသည်မှာ ခဲရောင်စုံများ၊ ဓာတုနည်းဖြင့် လူတို့ဖန်တီးသော ပစ္စည်းများ၊ စတီးအစရှိသည်တို့ကို အသုံးပြု ၍ ခမ်းနားစွာ မွမ်းမံမှုမျိုးဖြစ်သည်။ (သာဓကအားဖြင့် နယူး ယောက်မြို့၊ ဂျွန်အက်ဖ်ကနေဒီလေဆိပ်တွင်ရှိသော (TWA Flight Center )

ဂူးဂီးဟူသော ဝေါဟာရမှာ လော့စ်အိန်ဂျလိမြို့၊ ဟောလိဝုဒ်တွင် အမေရိကန်ဗိသုကာပညာရှင် ဂျွန် အက်ဒ်ဝပ် လော့တ်နာ (ဖွား 16 July 1911 ကွယ်လွန် 24 October 1994) ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ခဲ့သော ကော်ဖီဆိုင် (ယခုအခါ မရှိတော့) မှ အခြေခံပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းနောက် ပိုင်းတွင် လော့စ်အိန်ဂျလိ၌ ဂူးဂီးဟန်ကော်ဖီဆိုင်များစွာ ပေါ် ပေါက်လာသည်။

ဂူးဂီးနှင့် ဆင်တူသော အခြားဗိသုကာပုံစံများကို ပေါ်ပြူလေ့စ် (သို့မဟုတ်) ဒူးဝေါ့ပ်ဟု ညွှန်းဆိုကြသည်။

ဂူးဂီး၏ သွင်ပြင်လက္ခဏာများတွင် အပေါ်သို့ ကော့၊ ထောင်နေသော အမိုးများ၊ အကွေးအကောက်များရှိခြင်း၊ ဂျီသြ မေတြီ ပုံသဏ္ဍာန်များ ထည့်သွင်းခြင်း၊ မှန်-စတီးနှင့် နီယွန်မီး တို့ကို အသားပေးအသုံးပြုခြင်းများ ဖြစ်ကြသည်။

ဂူးဂီးဗိသုကာဟန်တွင် အာကာသနယ်၏ ဒီဇိုင်းဟန် များကို အဓိကပုံဖော်လေ့ရှိကြပြီး လေပျံလက်နက်ပြားဟန်များ boomerang ၊ အာကာသယာဉ်ပျံများ၊ ဇယားကွက်ဟန်များ၊ မျဉ်းကွေးများအစရှိသည်တို့အပြင် ထောင့်မှန်စတုဂံနှင့် စတုရန်း ပုံစံများလည်း ပုံဖော်ပါဝင်လေ့ရှိကြသည်။

ထိုကာလက အမေရိကန်လူမှုအသိုင်းအ၀န်း၏ အာကာသခေတ်ဒီဇိုင်းဟန်များ စွဲမက်နေခြင်းကြောင့်လည်း ဂူးဂီးဗိသုကာ များစွာကျော်ကြားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ၁၉၃၀ ပြည့်လွန်ကာလများအတွင်း ရေပန်းစားခဲ့သည့် အာ့ထ်ဒက်ကို ဗိသုကာဟန်နည်းတူ ဂူးဂီး ဗိသုကာသည်လည်း ခေတ်ကာလရွေ့လျားလာသည်နှင့်အမျှ လူကြိုက်နည်းပါးသွားပြီး ယင်းဗိသုကာဟန်ဖြင့် ဆောက်လုပ် ထားခဲ့သည့် အဆောက်အအုံအများစုမှာ ဖြိုချဖျက်သိမ်းခံ ရကာ ယနေ့တွင် မရှိတော့ချေ။

အဆောက်အအုံအချို့မှာမူ ယနေ့တိုင် ရှေးမူလက်ရာ မပျက်တည်ရှိနေဆဲဖြစ်ရာ သာဓကအားဖြင့် အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဒေါင်နီမြို့တွင် တည်ရှိသော မက်ခ်ဒေါ်နယ်၏ သက်တမ်းအရင်ဆုံးဆိုင်ခွဲ အဆောက်အအုံ ဖြစ်သည်။

ဂူးဂီးဟူသော အမည်အစပျိုးရာမှာ ၁၉၄၉ ခုနှစ်မှ စတင်သည်။ ဗိသုကာပညာရှင် ဂျွန်လော့တ်နာက ဟောလိဝုဒ် တွင် ဖွင့်လှစ်ခဲ့သည့် ဂူးဂီးဟူသည့် ကော်ဖီဆိုင်ကို ဒီဇိုင်းရေးဆွဲ ပေးခဲ့သည်။

အဆိုပါ ဟောလိဝုဒ်ကော်ဖီဆိုင် ပထမဆုံးပိုင်ရှင် မော်တီမာ စီ-ဘာတန်၏ ဇနီး လီလီယန် ကေ-ဘာတန်၏ အမည်ပြောင်မှာ “ဂူးဂီး” ဖြစ်သည်။

ဂူးဂီးကော်ဖီဆိုင်သည် Sunset Boulevard လမ်းနှင့် Crescent Heights လမ်းထောင့်တွင် တည်ရှိခဲ့ပြီး ၁၉၈၉ ခုနှစ် တွင် ဖျက်သိမ်းခြင်းခံလိုက်ရသည်။

တစ်နေ့သောအခါ House and Home မဂ္ဂဇင်း အယ်ဒီတာ ဒေါက်ဂလပ် ဟပ်စ်ကဲလ်နှင့် ဗိသုကာဓာတ်ပုံပညာ ရှင် ဂျူးလိယပ်စ် ရှူးလ်မန်းတို့က လော့စ်အိန်ဂျလိကို ကားဖြင့် ဖြတ်သန်းမောင်းနှင်သွားခဲ့ရာမှ ဂူးဂီးဟူသော အမည်သည် ဗိသုကာဟန်တစ်ခုအဖြစ် ရပ်တည်လာခဲ့ခြင်းလည်း ဖြစ်သည်။

ဟပ်စ်ကဲလ်က ဂူးဂီးကော်ဖီဆိုင်ကို မြင်လိုက်ရချိန်တွင် ကားရပ်ကာ ခေတ္တကည့်ခဲ့ပြီး ““ဒါဟာ ဂူးဂီးဗိသုကာပဲ”” ဟု ပြော ကြားခဲ့သည်။

ယင်းနောက် ၁၉၅၂ ခုနှစ်ထုတ် House and Home မဂ္ဂဇင်းတစ်စောင်တွင် ဂူးဂီးကော်ဖီဆိုင်နှင့် ဂူးဂီးဗိသုကာဟူ သော အမည်ကို စတင်ဖော်ပြရေးသားခဲ့ရာမှ ဂူးဂီးမှာ နာမည် ကျော်လာသည်။

မျဉ်းကွေးများ ၊ ရေပြင်ညီမျဉ်းရှည်များအပေါ်တွင် အခြေခံသည့် စထရင်းမ်လိုင်း မော်ဒန် (Streamline Moderne) ဗိသုကာ ဟအာ့ထ်ဒက်ကိုဗိသုကာဟန်၏ နှောင်းပိုင်းကာလ မျိုးကွဲတစ်မျိုး “ ကျော်ကြားသည့်ကာလနှင့် ဂူးဂီးဗိသုကာအစ ပျိုးသည့် ကာလများမှာ တိုက်ဆိုင်နေသည်။

ဂူးဂီးဗိသုကာဟန်နှင့် စပ်လျဉ်းပြီး အဆိုပါအကြောင်း ရပ်တွင် နှံ့စပ်သူ အလန်ဟက်စ်က Googie: Ultra Modern Road Side Architecture စာအုပ်အတွင်း ရေးသားခဲ့ရာ၌ လော့စ်အိန်ဂျလိမြို့ကြီးတွင် မော်တော်ကားများ တဟုန်ထိုး စီးဝင်လာမှုကလည်း ဗိသုကာတို့အပေါ် များစွာပြောင်းလဲမှုများ ပေါ်ပေါက်စေခဲ့ကြောင်း ရေးသားထားသည်။

ကားပိုင်ဆိုင်မှု မြင့်တက်လာသည်နှင့်အမျှ မြို့ပြသည် မြို့လယ်တွင်သာ ဗဟိုမပြုတော့ဘဲ မြို့စွန်ဆင်ခြေဖုံးဒေသများ သို့ပါ ဖြန့်ကြက်လာသည်။

မြို့လယ်တွင် ပင်ရင်းဆိုင်၊ ရုံးခန်း တစ်ခုတည်းသာ ထားရှိရာမှ ဆင်ခြေဖုံးဒေသများတွင်ပါ ဆိုင်ခွဲ၊ ရုံးခွဲပေါင်းများစွာ ထားရှိလာကြသည်။

ထိုသို့သော အခြေအနေမျိုးတွင် ဖောက်သည်များအနေ ဖြင့် လမ်းပေါ်မှ ကြည့်လိုက်ရုံဖြင့် သက်ဆိုင်ရာကုမ်္ပဏီကို မှတ်မိနိုင်မည့် အဆောက်အအုံမျိုးဆောက်လုပ်ရန် ပိုင်ရှင်များနှင့် ဗိသုကာပညာရှင်များက ကြိုးပမ်းလာရသည်။

ထိုသို့သော အချိန်တွင် ဂူးဂီးရေပန်းစားလာခြင်းဖြစ် ရာ ဆက်သွယ်ရေးအပေါ်တွင် အခြေပြုသည့်ဗိသုကာဟုလည်း ဆိုနိုင်သည်။

နောက်ပိုင်းတွင် အဏုမြူစွမ်းအင်ဖွံ့ဖြိုးလာမှုနှင့်အတူ အာကာသခရီးသွားမှု လက်တွေ့ဖြစ်လာခြင်းများက အမေရိကန် ပြည်သူတို့၏အာရုံကို ဖမ်းစားထားခဲ့ကာ အနာဂတ်အပေါ် မှန်းဆမှုများ ထွန်းကားလာသည်။

ဂူးဂီးဗိသုကာဟန်သည် အဆိုပါ ခေတ်ရေစီးကို အသုံးချကာ ဒီဇိုင်းဟန်များတွင် လေပျံလက်နက်ပြားဟန်များ၊ ထောင့် ဖြတ်မျဉ်းများ၊ အဏုမြူပေါက်ကွဲမှုဟန်များ၊ တောက်ပသော အရောင်များ ပေါင်းစပ်အသုံးပြုလာကြသည်။

အလန်ဟက်စ်၏ အဆိုအရ အများ၏ဆန္ဒက ဂူးဂီး ဗိသုကာအပေါ် သြဇာလွှမ်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အများပြည်သူတို့၏ စိတ်နှလုံးကို အဏုမြူစွမ်းအင် နှင့် ဒုံးကျည်များက လွှမ်းမိုးထားရာ ၎င်းတို့၏ စိတ်နှလုံးကို ဖမ်းစား နိုင်ရန်အတွက် ဗိသုကာပညာရှင်တို့က အဆိုပါအချက် ကို ပင်မ အကြောင်းရပ်အဖြစ် လက်ကိုင်ထားကာ ၎င်းတို့၏ လက်ရာများ တွင် ထည့်သွင်းအသုံးပြုလာကြသည်။ ဂူးဂီးဗိသုကာကို ပထမဆုံး စတင်အသုံးပြုခဲ့သည့် ဗိသုကာပညာရှင် မည်သူဖြစ်သည်ဆိုခြင်းအပေါ် အငြင်းပွားမှု များစွာရှိသည်။

ဂူးဂီးဗိသုကာ၏ အစောပိုင်း ဗိသုကာပညာရှင်များ တွင် ၀ိန်း မက်ခ်အယ်လစ်္စတာမှာ သြဇာလွှမ်းမှုများစွာရှိသူဖြစ် ပြီး ထင်ရှားသော လက်ရာမှာ လော့စ်အိန်ဂျလိမြို့၊ ဘားဘန့်ခ် အရပ်၌ ၁၉၄၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော Big Boy စားသောက်ဆိုင် ဖြစ်သည်။

မက်ခ်အယ်လစ်္စတာသည် ကယ်လီဖိုးနီးယားတောင် ပိုင်းတွင် စားသောက်ဆိုင်ပေါင်းများစွာ ဒီဇိုင်းရေးဆွဲခဲ့၏။

မက်ခ်အယ်လစ်္စတာသည် ဗိသုကာပညာကို ကျောင်း တွင်တက်ရောက်ကာ သင်ယူထားခဲ့သူမဟုတ်သော်လည်း သူ၏ ထူးချွန်မှုကြောင့် ပန်ဆယ်လ်ဗေးနီးယားတက္ကသိုလ်က ပညာသင်ဆုချီးမြှင့်ခြင်းကို ခံခဲ့ရသည်။

မက်ခ်အယ်လစ္စတာသည် ကော်ဖီဆိုင်ပေါင်းများစွာ ဒီဇိုင်းရေးဆွဲပေးခဲ့ရာတွင် တစ်ဆိုင်ခြင်းအတွက် တမူထူးခြားမှု တစ်ခု ဆောင်ကြဉ်းပေးခဲ့ရာ ဖောက်သည်များသည် ဆိုင်တစ် ဆိုင်ကို လမ်းပေါ်မှကြည့်ရှုလိုက်ရုံဖြင့် အလွယ်တကူမှတ်မိ သိရှိနိုင်လေသည်။

မက်ခ်အယ်လစ်္စတာနှင့်အတူ ကျော်ကြားခဲ့သော ဂူးဂီး ဗိသုကာပညာရှင်များမှာ ဂျွန်လော့တ်နာ၊ ဒေါက်ဂလပ်စ် ဟွန်နိုး ၊ Armet & Davis firm မှ လူးဝစ် အာမက်နှင့် အယ်လ်ဒန် ဒေးဗစ်တို့ ဖြစ်ကြသည်။

၁၉၅၀ ပြည့်လွန်ကာလများတွင် အာကာသသို့ ခရီး သွားခြင်းမှာ လူ့သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် လက်တွေ့ အကောင်အထည် ပေါ်လာခဲ့သည်။

၁၉၅၇ ခုနှစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုက စပွတ်နစ် I ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းအတွင်း လွှတ် တင်နိုင်ခဲ့သည်။

ယင်းနောက် ဆိုဗီယက်ပြည်ထောင်စုကပင် ပထမဆုံး လူလိုက်ပါသည့် အာကာသယာဉ် ဗော့စ်တော့ ၁ ကို ကာဇက် စတန်နိုင်ငံ တောင်ပိုင်းရှိ ဘိုင်ကိုနော အာကာသစခန်းမှ လွှတ် တင်ခဲ့သည်။

အဆိုပါ အာကာသယာဉ်တွင် ဆိုဗီယက်အာကာသ ယာဉ်မှူး ယူရီဂါဂါရင် လိုက်ပါသွားခဲ့ရာ ကမ်္ဘာ့အပြင်သို့ ပထမ ဆုံးရောက်ရှိခဲ့သည့် လူသားဖြစ်ခဲ့သည်။

ဆိုဗီယက်တို့၏ အောင်မြင်မှုများနောက်တွင် အမေရိကန်သမ္မတ အိုက်ဆင်ဟောင်ဝါနှင့် ဂျွန်အက်ဖ်ကနေဒီ အစိုးရ များက အမျိုးသား ဦးစားပေးအဆင့်သတ်မှတ်ကာ အာကာသ သိပ္ပံကို အလျင်စလို အရှိန်ဟုန်မြှင့် ကြိုးပမ်းလာခဲ့ကြတော့ သည်။

ထိုခေတ်ကြီးကို အာကာသပြိုင်ပွဲဟုလည်း ခေါ်ဝေါ်ခဲ့ ကြ၏။ အာကာသသိပ္ပံကို အခြေခံဦးတည်ထားသည့် ဂူးဂီး ဗိသုကာတွင် အာကာသနယ်၏ ဒီဇိုင်းဟန်များ ၊ ဒုံးကျည်ပုံ များ၊ အာကာသယာဉ်ဟန်များ ထည့်သွင်းလာကြသည်။

ဂူးဂီးဗိသုကာဟန်၏ ၀ိသေသလကဏာများ ပင်မအဆောက်အအုံမှ အပြင်သို့ အစွန်းထွက်ဆောက်လုပ်မှုများ၊ ထောင့်ချွန်များ၊ တောက်ပသော ပလတ်စတစ်နံရံများ၊ လေပျံလက်နက်ပြားဟန်များ၊ ပန်းချီဆရာ၏ ဆေးစပ်ပြားဒီဇိုင်း ဟန်များ၊ အဆောက်အအုံများတွင် အမြီးစွန်းသဖွယ်ဆောက် လုပ်မှုများမှာ ဂူးဂီးဗိသုကာ၏ အဓိကဟန်ပန်များ ဖြစ်ကြသည်။

ဂူးဂီးဗိသုကာဟန်ကို အခြားဗိသုကာဟန်များမှ ကွဲပြားစေသည့် အချက်များကား-

က။ အပေါ်သို့ ကော့၊ ထောင်နေသော အမိုးများ

ဂူးဂီးဗိသုကာဟန်တွင် ဗိသုကာပညာရှင်တို့က မည်သည့်အဆောက်အအုံနှင့်မျှမတူအောင် အထူးပုံဖော်ဆောက် လုပ်ကြသည့် အစိတ်အပိုင်းမှာ အပေါ်သို့ ကော့၊ ထောင်နေသည့် အမိုးဒီဇိုင်းဟန်များဖြစ်ကြသည်။

ဂူးဂီးဗိသုကာဟန် ကော်ဖီဆိုင်များနှင့် အခြားသော ဂူးဂီးဟန်အဆောက်အအုံများစွာတွင် ထောင့်ကျယ်တြိဂံဟန် ပြန့်ထောင်နေသည့် အမိုးတစ်ခု ပါဝင်ကြသည်။

ထင်ရှားသည့် သာဓကမှာ လော့စ်အိန်ဂျလိမြို့၊ ၀ီလ်ရှိုင်းယား ဘိုလီဗာ့ဒ်ရှိ ဂျွန်နီကော်ဖီဆိုင်ဖြစ်သည်။ ယခုအချိန် တွင်ကား မရှိတော့ချေ။

ခ။အလင်းဖြာထွက်နေဟန်

ဂူးဂီးဗိသုကာဟန်တွင် အလင်းဖြာထွက်နေဟန်ဒီဇိုင်း မှာ ပင်မလက္ခဏာတစ်ပါးဖြစ်ပြီး အာကာသခေတ်ကိုလည်း ထင်ဟပ်ကိုယ်စားပြုလျက်ရှိသည်။

အလင်းဖြာထွက်ဟန်ဒီဇိုင်းကို အထင်ရှားဆုံးညွှန်ပြရမည့် သာဓကတစ်ခုမှာ “လာ့စ်ဗီးဂပ်စ်မှ ကြိုဆိုပါ၏”ဟူသော ဆိုင်းဘုတ်ကြီးဖြစ်သည်။

အိအိအေးအောင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service