မရမ်းကုန်းမြို့နယ် ၊ မင်းဓမ္မလမ်းအနီးရှိ Royal Theikdi ကွန်ဒို iMyanmarHouse.com နှင့် စတင်အရောင်းဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
1037 Views

မရမ်းကုန်းမြို့နယ် ၊ မင်းဓမ္မလမ်းအနီးရှိ Royal Theikdi ကွန်ဒို iMyanmarHouse.com နှင့် စတင်အရောင်းဖွင့်လှစ်မည်

မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှကြီးမှူး၍ Sustain Company မှ တည်ဆောက်သည့် Royal Theikdi ကွန်ဒို စတင်ရောင်းချမည့် အရောင်းပြပွဲကို ၂ဝ၁၉ ခုနှစ် ၊ ဖေဖော်ဝါရီလ (၂) နှင့် (၃) ရက် နေ့များတွင်၊ နံနက် (၉) နာရီ မှ ညနေ (၅)နာရီ အထိ ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ်ရှိ Melia Hotel ၊ Function Room 5 တွင် ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။

အရောင်းစတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်ဖွင့်ပွဲအခမ်းအနားကို ပြပွဲပထမရက်ဖြစ်သည့် ဖေဖော်ဝါရီလ (၂)ရက် နေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပမည်ဖြစ်သည်။

Royal Theikdi ကွန်ဒိုသည် မြေအကျယ် စတုရန်းပေ (၄၀,၀၀၀) ရှိသော ဂရန်မြေပေါ်တွင်တည်ဆောက်လျှက်ရှိသည့် ၈ ထပ်ခွဲအမြင့်ရှိအဆောက်အဦးဖြစ်ပြီး မြေအချိုးကျပိုင်ဆိုင်မှုရရှိမည်ဖြစ်ကြောင်း သိရသည်။ မင်းဓမ္မလမ်း ၊ အင်းစိန်လမ်းမကြီး ၊ ပြည်လမ်းမကြီး တို့မှ လွယ်ကူလျင်မြန်စွာ ဝင်ထွက်သွားလာနိုင်ပြီး အနီးအနားတွင် ၀ိတိုရိယ ဆေးရုံ ၊ MCC ခန်းမ ၊ ၉ မိုင် Ocean ၊ Junction 8 ၊ Airport တို့တည်ရှိသည်။

မရမ်းကုန်းမြို့ နယ်တွင် Royal Maylikha ကွန်ဒိုတည်ဆောက်ထားသည့် Sustain Company မှ အရည်အသွေးပြည့်မီစွာ ဆောက်လုပ်လျှက်ရှိပြီး ယခုအခါ ၃ လွှာအထိ ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

မရမ်းကုန်းမြို့ နယ်ကဲ့သို့ ဒုတိယစီးပွားရေး အချက်အချာဇုန်တွင် တည်ရှိသောကြောင့် ရင်းနှီးမြှုပ်နှံလိုသူများအတွက်လည်း ရွေးချယ်ရန် အသင့်တော်ဆုံးဖြစ်သည်။ ဈေးနှုန်းအားဖြင့် ၁ ပေပတ်လည်ကို (၁)သိန်းကျော်ကျော်ဖြင့် စတင်အရောင်းဖွင့်လှစ်မည်ဖြစ်ပြီး အရစ်ကျစနစ်များဖြင့် ရောင်းချပေးမည် ဖြစ်သည်။

“ ဒီအရောင်းပြပွဲမှာတော့ မင်းဓမ္မလမ်းအနီးမှာ ရှိနေတဲ့ Royal Theikdi ကွန်ဒိုက အခန်းတွေကို ရောင်းချပေးမှာဖြစ်ပါတယ်။ ဒီကွန်ဒိုဟာဆိုရင် ဂရန်မြေအမျိုးအစားပြီး ကွန်ဒိုဥပဒေနှင့်အညီ မြေပိုင်ဆိုင်မှုကလည်း အချိုးကျရရှိမှာပါ။ ကွန်ဒိုရဲ့ Facilities တွေဖြစ်တဲ့ ကားပါကင် ၊ ရေကူးကန် ၊ အားကစားခန်းမ နဲ့ ကလေးကစားကွင်းတို့လည်း ထည့်သွင်းပေးထားပါတယ်။ ပွဲရက်အတွင်း ပထမဆုံးဝယ်ယူသူ (၂၀) ဦးကိုလည်း ဦးဦးဖျားဖျားစိတ်ကြိုက် အခန်းရွေးချယ်ခွင့်တွေ ၊ အထူး Discount တွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။

♦♦♦ အရောင်းပြပွဲ အသေးစိတ်အစီအစဉ်

ကျင်းပမည့်ရက်: 2 & 3 February 2019 (စနေ ၊ တနင်္ဂနွေ)

ကျင်းပမည့်အချိန်: မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ

ကျင်းပမည့်နေရာ: Melia Hotel ၊ ပထမထပ် ၊ Function Room 5 ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့။ (Myanmar Plaza ဘေး)

အသေးစိတ် သိရှိလိုပါက - https://www.imyanmarhouse.com/promo/royal-theikdi တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး

iMyanmarHouse.com ၏ Hot Line Number : 09 – 252605671~5 သို့ လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service