ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန် မြေကွက်အချို့ အဝယ်ပြန်လိုက် - Property News in Myanmar from iMyanmarHouse.com
789 Views

ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန် မြေကွက်အချို့ အဝယ်ပြန်လိုက်

မန္တလေးချမ်းမြသာစည်မြို့နယ်ရှိ မြို့သစ်ပိုင်းရပ်ကွက်တွေနဲ့ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရပ်ကွက်အချို့မှာ သည်ရက်ပိုင်း တန်ဖိုးသင့်မြေကွက်တွေ အဝယ်ပြန်လိုက်တယ်လို့ အကျိုးဆောင်အချို့ဆီက သိရပါသည်။

ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်ပင်၊ ထန်းကိုးပင်ဝန်းကျင်၊ ပြည်ကြီးတံခွန်မြို့နယ်က ပြည်ကြီးတံခွန်မြို့နယ်စက်မှုဘက်က တန်ဖိုးသင့်တဲ့ဟာလေးတွေ အရောင်းအဝယ် ဖြစ်တယ်။ မန္တလေး အိမ်ခြံမြေဈေးကွက်မှာ သည်နှစ်ဆန်းပိုင်းကစတင်ပြီး အရောင်းအဝယ်အနည်းငယ် ပြန်ဖြစ်စပြုတယ်ဆိုပေမဲ့ ဝယ်သူထက် ရောင်းချင်သူက များနေတဲ့ ဈေးကွက်အနေအထားကြောင့် အချို့နေရာတွေဟာ ဈေးတန်းကျဆင်းလာတယ်လို့ မြို့ခံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်အချို့ထံက သိရပါတယ်။

ဈေးကွက်က ဝယ်ရောင်းဝယ်တဲ့ဈေးကွက်မဟုတ်ဘဲ အမှန်တကယ် နေထိုင်အသုံးချ အလုပ်လုပ်ဖို့ လာဝယ်တာတွေ များတယ်။ ဝယ်ရောင်းသမားကတော့ အဝယ်ထက်ရောင်းချင်တဲ့သူပဲ ရှိတယ်။ သည်အတွက် ဈေးကွက်က လက်ရှိမှာ အရောင်းအဝယ်ဖြစ်တယ်ဆိုပေမဲ့လည်း မြို့ရဲ့အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်တစ်ခုလုံး ကောင်းမွန်ဖို့က အလားအလာ နည်းပါနေတယ်လို့ သိရပါတယ်။

မန္တလေးအိမ်ခြံမြေဈေးကွက်ကျဆင်းနေမှုမှာ ရာဖြတ်တန်းဖိုးစံနှုန်းသတ်မှတ်ရာမှာ အရောင်းအဝယ်ဈေးကွက်နဲ့ မကိုက်ညီတဲ့ ဧကအလိုက် စံနှုန်းသတ်မှတ်မှု၊ မြေပြင်ပေါက်ဈေးထက် စံနှုန်းသတ်မှတ်ချက် များပြားနေတဲ့အပြင် ပြည်ထောင်စု အခွန်ကောက်ဥပဒေအရ တန်ဖိုးအလိုက် အခွန်ကောက်ခံရာမှာ အခွန်နှုန်းများပြားနေမှုစတဲ့ အချက်တွေ တစ်စိတ်တစ်ပိုင်း ပါဝင်တယ်လို့ သိရပါတယ်။

(၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်အတွက် မန္တလေးအိမ်ခြံမြေ ရာဖြတ်တန်ဖိုးစံနှုန်းသတ်မှတ်ချက်ဟာ ယခင်စံနှုန်း သတ်မှတ်ချက်နဲ့ နှိုင်းယှဉ်ရင် အချို့နေရာတွေမှာ (၁၀)ရာခိုင်နှုန်းကနေ (၅၀)ရာခိုင်နှုန်းအထိ လျော့ကျတယ်လို့ သိရပါတယ်။

‘ ခု ဈေးနှုန်းအရ အရင်နှစ်တွေကထက်စာရင်တော့ ပိုပြီးတော့ နည်းသွားတယ်၊ ဟိုဘက်နှစ်တွေတုန်းကတော့ တကယ်တမ်းအရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းတွေထက်များနေတော့ အဆင်မပြေတော့ဘူး၊ ခုတော့ ပြန်လျှော့ပေးထားတယ်၊ ဒါပေမဲ့ ဈေးကတော့ တက်မလာနိုင်ဘူး၊ ခုလျှော့လိုက်တယ်ဆိုတဲ့ဈေးက အပြင်ကဈေးနဲ့ သိပ်မကွာဘူး၊ ပြီးတော့ အခွန်စံနှုန်းတွေက များနေသေးတော့ ဈေးကွက်တော့ တက်မလာနိုင်သေးဘူး ‘ လို့ မန္တလေးမြို့က နာမည်ကြီးအိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီလုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။

အိမ်ခြံမြေလွှဲပြောင်းရောင်းဝယ်ရာမှာ အခွန်ပေးဆောင်ဖို့ သတ်မှတ်တဲ့ မန္တလေးမြို့အိမ်ခြံမြေစံနှုန်းသတ်မှတ်ရာဖြတ်တန်ဖိုးတွေ လျော့ကျလာတယ်ဆိုပေမဲ့ အမှန်တကယ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ များပြားနေသေးတယ်။ သည်အချက်ကြောင့်လည်း အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်ကောင်းမွန်ဖို့က အလားအလာနည်းပါးနေတာလို့ သိရပါတယ်။

အခုလက်ရှိ အိမ်ခြံမြေဈေးနှုန်းဟာ (၆)နှစ်အတွင်း (၂၀၁၃)ခုနှစ်ကထက် ဈေးနှုန်းက (၅၀)ရာခိုင်နှုန်းလောက် ကျဆင်းတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရပါတယ်။ ဧကအလိုက် စံနှုန်းသတ်မှတ်တဲ့ စနစ်ဟာ အရောင်းအဝယ် ဈေးကွက်သဘောနဲ့ ကိုက်ညီမှုမရှိဘဲ ဖြစ်နေလို့ ယခုနှစ်စံနှုန်းထုတ်ပြန်ရာမှာ နေရာအနေအထားအလိုက် (၁)စတုရန်းပေနှုန်းနဲ့ သတ်မှတ်ပေးဖို့ အကျိုးဆောင်လုပ်ငန်းရှင်တွေဘက်က တောင်းဆိုခဲ့ပေမဲ့လည်း ရာဖြတ်တန်ဖိုးသတ်မှတ်ချက်မှာ ဧကအလိုက်စံနှုန်းသတ်မှတ် ထုတ်ပြန်တာတွေ့ရပါတယ်။

စံနှုန်းသတ်မှတ်ချက် လျော့ကျတယ်ဆိုပေမဲ့ ပြည်ထောင်စုအခွန်အကောက် ဥပဒေအရ တန်ဖိုးအလိုက် အခွန်ကောက်ခံရာမှာလည်း အခွန်နှုန်းများပြားနေတယ်လို့ အကျိုးဆောင်အချို့က ဆိုပါတယ်။

ပြည်ထောင်စု အခွန်ကောက်ဥပဒေအရ အိမ်ခြံမြေရောင်းဝယ်ရာမှာ ကျပ်သိန်း (၃၀၀)နဲ့အောက်ကို (၁၅)ရာခိုင်နှုန်း ကျပ်သိန်း (၃၀၁ မှ ၁၀၀၁)အထိ (၂၀)ရာခိုင်နှုန်း၊ ကျပ်သိန်း (၃၀၀၁)အထက် အခွန် (၃၀)ရာခိုင်နှုန်း အခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ စံနှုန်းမှတ်ချက် လျှော့ချလို့ ပြည်ထောင်စု အခွန်ကောက်ဥပဒေအရ အခွန်ဆောင်ရမယ့် နှုန်းထားကို လျှော့ချပေးခဲ့ရင်တော့ မန္တလေးအိမ်ခြံမြေဈေးကွက်က ကောင်းမွန်လာဖို့ မျှော်လင့်လို့ရတယ်လို့ အကျိုးဆောင်အချို့က ဆိုပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service