မြန်မာ-တရုတ် စီးပွားရေးဇုန် အကောင်အထည်ဖော်ရေး စိတ်ဝင်စားမှု အဆိုပြုလွှာများခေါ်ယူ - Property News in Myanmar from iMyanmarHouse.com
690 Views

မြန်မာ-တရုတ် စီးပွားရေးဇုန် အကောင်အထည်ဖော်ရေး စိတ်ဝင်စားမှု အဆိုပြုလွှာများခေါ်ယူ

မြန်မာ-တရုတ် နယ်စပ် စီးပွားရေးဇုန်သုံးခု အကောင်အထည်ဖော်ရန် စီးပွားရေးလုပ်ငန်း ရှင်များကို ဖေဖော်ဝါရီတွင် စိတ်ဝင်စားမှု အဆိုပြုလွှာခေါ်ယူမည် ဟု စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနလက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

အဆိုပါစီးပွားရေးဇုန်များကို ကချင်ပြည်နယ်ကန်ပိုက်တီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် နှင့် ချင်းရွှေဟော်တို့တွင် အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

ယင်းစီးပွားရေးဇုန်များ အကောင်အထည်ဖော်တည်ဆောက်ရာတွင် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေး စိတ်ဝင်စားမှု အဆိုပြုလွှာများကို ခေါ်ယူရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြင်ဆင်နေသည်။

စီးပွားရေးလုပ်ငန်းရှင်အချို့ စိတ်ဝင်စားနေသော ယင်းနယ် စပ်စီးပွားရေးဇုန်သုံးခု အကောင် အထည်ဖော်ရေး စိတ်ဝင်စားမှုအဆိုပြုလွှာ ခေါ်ယူရန် သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အစိုးရ၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် ဆောက်လုပ်ရေးဝန်ကြီး ဌာနအပါအဝင် ပြည်ထောင်စု အစိုးရနှင့်လည်း ညှိနှိုင်းပြီးအစည်းအဝေးများ ပြုလုပ်ရန် စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။

‘‘စီးပွားရေးဇုန်ထောင်ဖို့ အစိုးရအဖွဲ့ကတော့ သဘောတူ ထားပြီ’’ ဟု ဦးခင်မောင်လွင်က ပြောသည်။

မြန်မာ-တရုတ် နယ်စပ်မျဉ်း တစ်လျှောက်တွင် အကောင်အထည်ဖော်မည့် စီးပွားရေးဇုန် သုံးခုသည် နှစ်နိုင်ငံကုန်သွယ်ရေး မြှင့်တင်နိုင်ခြင်းအပြင် အဆိုပါ စီးပွားရေးဇုန်အတွင်းမှ ထုတ်ကုန် များကို မြန်မာ၊ တရုတ်နှင့် အခြား နိုင်ငံများသို့ တင်ပို့မည်ဆိုပါက အခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ် သည်။

စီးပွားရေးဇုန်များ အမှန်တကယ် အကောင်အထည်ဖော်ပါ က နယ်စပ်ဒေသစီးပွားရေး တိုး တက်လာခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနိုင်မည့် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်ဟု မူဆယ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

နှစ်နိုင်ငံ နယ်စပ်မျဉ်းပေါ်၌ အကောင်အထည်ဖော်မည့် ဗဟိုစီးပွားရေးဇုန် မြေဧရိယာသတ် မှတ်ချက်ကို နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပြီး အကောင်အထည်ဖော်မည်ဖြစ်သည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service