ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ (၃၈၇၉၀၀)ဝန်းကျင်ရှိလာပြီး ယခင် သုံးလပတ်ထက် ငှားရမ်းမှုနှုန်း (၃)ရာခိုင်နှုန်း မြင့်တက်သော်လည်း ငှားရမ်းခ (၂)ရာခိုင်နှုန်းကျဆင်း - Property News in Myanmar from iMyanmarHouse.com
750 Views

ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ (၃၈၇၉၀၀)ဝန်းကျင်ရှိလာပြီး ယခင် သုံးလပတ်ထက် ငှားရမ်းမှုနှုန်း (၃)ရာခိုင်နှုန်း မြင့်တက်သော်လည်း ငှားရမ်းခ (၂)ရာခိုင်နှုန်းကျဆင်း

(၂၀၁၈)ခုနှစ် စတုတ္ထသုံးလပတ်အထိ ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ (၃၈၇၉၀၀)ဝန်းကျင်ရှိလာပြီး ယခင်သုံးလပတ်ထက် ငှားရမ်းမှုနှုန်း (၃)ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ငှားရမ်းခ (၂)ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ကနေဒါအခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း Colliers International (Myanmar) က ဈေးကွက် သုံးသပ်ထားသည်။

(၂၀၁၈)ခုနှစ်အတွင်း ရုံးခန်းအဆောက်အအုံသစ်များ ထွက်ရှိလာမှုနှင့်အတူ (၂၀၁၈)ခုနှစ် စက်တင်ဘာလကုန်အထိ စတုရန်းမီတာ (၃၈၇၉၀၀)ဝန်းကျင်ရှိနေပြီး (၂၀၁၈)ခု နှစ်တစ်နှစ်လုံး စတုရန်းမီတာ (၃၀၀၀၀)ဝန်း ကျင်အသစ်ထွက်ရှိခဲ့ခြင်းဖြစ်သည်။ လာမည့် (၂၀၁၉-၂၀၂၁)ခုနှစ်အတွင်း ရုံးခန်းအဆောက်အအုံသစ် ထွက်ရှိမှု စတုရန်းမီတာ (၂၂၀၀၀၀)ကျာ်ရှိမည်ဟု မျှော်မှန်းထားပြီး (၂၀၂၁)နှစ်ကုန်တွင် ရုံးခန်းနေရာပေါင်း (၆၁၃၆၅၀)စတုရန်းမီတာ ရှိမည်ဖြစ်သည်။

နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ ဆက်လက်ဝင်ရောက် လာမှုနှင့် ရှိနှင့်ပြီး ပြည်တွင်းပြည်ပ လုပ်ငန်းအချို့၏ လုပ်ငန်းတိုးချဲ့မှုများကြောင့် ရုံးခန်းနေရာလိုအပ်ချက် မြင့်မားသော်လည်း ငှားရမ်းမှုနှုန်းများ လျော့ကျလျက်ရှိသည်။ ဈေးကွက်ဝင်ပြီး ရုံးခန်းအဆောက်အအုံ နေရာများ၏  (၇၂)ရာခိုင်နှုန်း ငှားရမ်းမှုရှိပြီး ပြီးခဲ့သည့် (၂၀၁၈)ခုနှစ် တတိယ သုံးလပတ်နှင့် နှိုင်းယှဉ်ပါက (၃)သုံးရာခိုင် နှုန်းမြင့်တက်ခဲ့ပြီး ငှားရမ်းခမှာ (၂)ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

Colliers International ၏ခန့်မှန်းချက်အရ ရုံးခန်းအငှားဈေးကွက်အတွင်း ပိုမိုယှဉ်ပြိုင်လာရမည်ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် ငှားရမ်းမှုများလည်း များပြားလာမည်ဖြစ်သည်။ ထို့ပြင် အရွယ်အစားကြီးမားပြီး နိုင်ငံတကာ အဆင့်အတန်းမီသော ရုံးခန်းအဆောက်အအုံများသည် သမားရိုးကျ မဟုတ်သော ငှားရမ်းမှုများကို ပိုမိုဝန်ဆောင် ပေးလာနိုင်မည်ဖြစ်ပြီး အသေးစားနှင့် အလတ်စား ရုံးခန်းငှားရမ်းသူများက ပုံမှန်ရုံးခန်းဈေးကွက်ကို ဆက်လက်အားပြု နိုင်မည်ဖြစ်သည်။

လက်ရှိရုံးခန်း အဆောက်အအုံ ငှားရမ်းခများသည် တစ်တုရန်းမီတာလျှင် (တစ်လ) ဒေါ်လာ (၂၃ မှ ၅၈)ကြားရှိပြီး မြို့တွင်းနေရာများနှင့် အဆင့်မြင့် အဆောက်အအုံများသည် ဈေးနှုန်းပိုမိုရရှိသည်။ အဆောက်အအုံနေရာသစ်များ ထွက်ပေါ်မှု၊ ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုများ ပိုမိုပြင်းထန်လာခြင်းများကြောင့် သက်တမ်းကြာမြင့်ပြီး အရည်အသွေးနိမ့်သည့် ရုံးခန်းအဆောက်အအုံ နေရာများသည် အနာဂတ်ကာလတွင် ဈေးနှုန်းရရှိ မှုပိုမိုနည်းပါး လာမည်ဖြစ်သည်။ လက်ရှိဈေးကွက်အတွင်း ရုံးခန်းအဆောက်အအုံများ၏ ပျမ်းမျှငှားရမ်းခဈေးနှုန်းသည် (၂၀၁၈)စတုတ္ထ သုံးလပတ်တွင် (၄၁)ဒေါ်လာဝန်းကျင်ဖြစ်ပြီး ယခင်သုံးလပတ်နှင့်နှိုင်းယှဉ်ပါက (၂)ရာခိုင် နှုန်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက (၄ ဒသမ ၈)ရာခိုင်နှုန်းဝန်းကျင် ကျဆင်းခဲ့ကာ လာမည့် (၂၀၁၉)စတုတ္ထသုံးလပတ်တွင် ပျမ်း မျှငှားရမ်းခနှုန်း (၃၉)ဒေါ်လာသာ ရှိမည်ဟု Colliers က မျှော်မှန်းထားသည်။

ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာသစ် ထွက်ရှိမှုသည် လာမည့်သုံးနှစ်အတွင်း ဆက်လက် တိုးတက်လာမည်ဖြစ်ပြီး (၂၀၁၉ မှ ၂၀၂၁)ခုနှစ်အတွင်း စတုရန်းမီတာ (၂၂၅၇၅၀)အထိ ထပ်မံထွက်ရှိမည်ဟု ခန့်မှန်းထားသည်။ အဆင့်မြင့်ရုံးခန်း အဆောက်အအုံများသည် ရန်ကုန်မြို့ လယ်တွင် (၆)ရာခိုင်နှုန်း၊ ရန်ကုန်မြို့လယ်အနီး နေရာတွင် (၇၉)ရာခိုင်နှုန်း၊ ရန်ကုန်မြို့ပြင်တွင် (၁၅)ရာခိုင်နှုန်း တည်ရှိနေကြောင်း Colliers International မှ သိရသည်။

Credit: Eleven Media Grouup

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service