ဒလအိမ်ခြံမြေဈေးကွက် ရောင်းလိုအားများသော်လည်း အဝယ်တန့်နေ - Property News in Myanmar from iMyanmarHouse.com
968 Views

ဒလအိမ်ခြံမြေဈေးကွက် ရောင်းလိုအားများသော်လည်း အဝယ်တန့်နေ

ဒလတံတား ပန္နက်တင်အခမ်းအနားစတင် သည့်အချိန်မှစ၍ ဒလမြေဈေးကွက်မှာ ရောင်းသူ၊ ဝယ်သူ စောင့်ကြည့်နေသည့်အနေအထားမှ ယခုအခါ ရောင်းလိုအားများနေကာ အဝယ် တန့်နေသည့် အခြေအနေသာရှိနေပြီး ဒလတံတား တည်ဆောက်ရေးစီမံကိန်း စတင်မည့် အချိန်၌သာ အရောင်းအဝယ်ပြန်ဖြစ်နိုင်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက မြန်မာတိုင်းမ် နေ့စဉ်သို့ ဇန်နဝါရီ (၁၆)ရက်တွင် ပြောဆိုသည်။

"နည်းနည်းပြန်တန့်သွားတယ်။ ဘာကြောင့် ပြန်တန့်တာလဲဆိုတော့ ပထမပန္နက်တင်အခမ်း အနားလုပ်လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာရိုက်တော့ ရောင်းတဲ့သူတွေက လည်း အရောင်းအဝယ်ပြန်ပိတ်သွားတယ်။ အမေစုကိုယ်တိုင် လာရိုက်သွားပြီ၊ တံတားက သေချာသွားပြီ၊ အဲဒီတော့ ငါတို့မြေဈေးတွေကို စောင့်ချင်တယ်ဆိုပြီးတော့ အရောင်းအကုန်လုံး နောက်ပြန်ဆုတ်သွားကြတယ်"ဟု New City  အိမ်ခြံမြေ၊ လယ်ယာမြေအကျိုးဆောင်လုပ်ငန်း မှ မန်နေဂျင်းဒါရိုက်တာ ကိုထွန်းလင်းကျော်က ပြောဆိုသည်။

ရန်ကုန်-ဒလတံတားစီမံကိန်း ပန္နက်တင် အခမ်းအနားကို (၂၀၁၈)ခုနှစ် ဒီဇင်ဘာ (၂၄)ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက် ခဲ့ပြီး ရက်ပိုင်းအတွင်း မြေကွက်ဈေးများ အနည်းငယ် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားသော်လည်း ရောင်းဈေးမှာ မူလဈေးနှုန်းများထက် နှစ်ဆခန့် များပြားနေသည့်အတွက် ဝယ်လက်များ နောက်ဆုတ်သွား၍ လက်ရှိအချိန်တွင် အရောင်းအဝယ်  ပြန်လည်အေးလျက်ရှိကြောင်း ဒလအိမ်ခြံမြေလုပ်ငန်းရှင်များက ပြောဆိုသည်။

"ကျန်စစ်သားရပ်ကွက်မှာဆိုရင် ပေ (၅၀)ပတ်လည်ကို ကျပ်သိန်း (၆၅၀)၊ ကျပ်သိန်း (၇၀ဝ)နဲ့ ရောင်းမယ့်အကွက်တွေ တစ်ပုံကြီးပဲ။ အဝယ် မဆင်းဘူး။ ဝယ်မယ့်သူကလည်း နေရာကောင်းကို အောက်ဈေးနဲ့ ဝယ်ချင်တယ်။ မိန်းလမ်းမပေါ် နာရီစင်နဲ့နီးတဲ့ အေးဆေးခန်း လမ်းမပေါ်မှာရှိတဲ့ မြေကွက်ကို ကျပ်သိန်း (၄,၅၀ဝ၊ ၅,၀ဝ၀) လောက်ပေါက်တယ်။ ပေ (၂၅ ×၅၀)ကို ကျပ်သိန်း (၃၀ဝ၊ ၃၂၀)လောက် ပေါက်ဈေးရှိတယ်။ နေရာပေါ်မူတည်ပြီးတော့ ဈေးက အစားစားရှိနေပါတယ်"ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ဒလတံတား စီမံကိန်းပေါ်မူတည်၍ နောက်ပိုင်းတွင် မြေကွက်ဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်ခြေရှိနေကြောင်း၊ သို့သော် နောက်ပိုင်းကာလများတွင် မန္တလေးအိမ်ခြံ မြေဈေးကွက်ကို အစိုးရကထိန်းချုပ်ထားသည့်အတွက် တည်နေရာအလိုက် ဈေးနှုန်းကန့်သတ် ချက်များရှိနေပြီး ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာ မထိန်းချုပ်နိုင်သေးသည့်အတွက် ဈေးနှုန်း လှုပ်ခတ်နိုင်သည့် အခြေအနေများရှိကြောင်း၊ မန္တလေး အိမ်ခြံမြေဈေးကွက်ကဲ့သို့ ထိန်းချုပ်လိုက် မည်ဆိုပါက အရောင်းအဝယ် တန့်သွားမည်ကိုလည်း စိုးရိမ်လျက်ရှိကြသည်။

Credit: The Myanmar Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service