နိုင်ငံခြားဘဏ်ခွဲများ ထပ်မံခွင့်ပြုရန် ဗဟိုဘဏ်ပြင်ဆင်နေ - Property News in Myanmar from iMyanmarHouse.com
813 Views

နိုင်ငံခြားဘဏ်ခွဲများ ထပ်မံခွင့်ပြုရန် ဗဟိုဘဏ်ပြင်ဆင်နေ

နိုင်ငံခြားဘဏ်ခွဲများ ထပ်မံဖွင့်လှစ်ခွင့်ပြုရန် နိုင်ငံခြားဘဏ်ရွေးချယ်ရေးအဖွဲ့၏ ပထမအကြိမ် အစည်းဝေးကို ဇန်နဝါရီ (၂၅)ရက်က ဗဟိုဘဏ်၌ ပြုလုပ်ခဲ့သည်။

စီးပွားရေးတိုးတက်မှု အထောက်အကူဖြစ်စေရန်နှင့် ငွေရေးကြေးရေးကဏ္ဍ ပိုမိုအား ကောင်းရန် နိုင်ငံခြားဘဏ်များ ထပ်မံခွင့်ပြုမည်ဟုဆိုသည်။ နိုင်ငံခြားဘဏ်ခွဲများ ထပ်မံခွင့်ပြုရာတွင် နှစ်နိုင်ငံစီးပွားရေး၊ နိုင်ငံရေးဆက်ဆံမှုများသည့် နိုင်ငံများမှ ဘဏ်များကို ဦးစားပေး အခွင့်အရေးပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြော သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံမှ ဘဏ်ခွဲသုံးခု၊ စင်ကာပူနိုင်ငံမှ ဘဏ်ခွဲနှစ်ခု၊ တရုတ်နိုင်ငံမှ ဘဏ်ခွဲတစ်ခုနှင့် ထိုင်းနိုင်ငံမှ ဘဏ်ခွဲတစ်ခုသာ ခွင့်ပြု ထားသည်။ (၂၀၁၉)အတွင်း နိုင်ငံခြားဘဏ်များ ထပ်မံခွင့်ပြုရန်ရှိပြီး ခွင့်ပြုထားသည့် နိုင်ငံခြားဘဏ်များသည် ရန်ကုန်မှလွဲ၍ မည်သည့်နေရာမျှ ဘဏ်ခွဲထပ်မံဖွင့်ခွင့်မရှိဟု ဦးစိုးသိန်းက ပြောကြားထားသည်။

နိုင်ငံခြားဘဏ်များကို ပြည်တွင်း စီးပွားရေးလုပ်ငန်းများသို့ ချေးငွေဆိုင်ရာ ဘဏ်လုပ်ငန်း ခွင့် ပြုပေးပြီးနောက် ဘဏ်အသစ်များ ထပ်မံခွင့်ပြုရန် ဗဟိုဘဏ်က စဉ်းစားနေသည်ဟုဆိုသည်။

(၂၀၁၄)အောက်တိုဘာ (၂)ရက်က စတင်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်ခွဲကိုးခု စတင်ဖွင့်လှစ် ခွင့်ပြုပြီးနောက် ထပ်မံ၍ နိုင်ငံခြားဘဏ်ခွဲလေးခု ခွင့်ပြုခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားဘဏ် (၁၃)ခု၏ ဘဏ်ခွဲများ ဖွင့်လှစ်ခွင့်ပြုထားသည်။ နိုင်ငံခြားဘဏ်ခွဲများကို စတင်ခွင့်ပြုပြီးနောက် လေးနှစ်ခန့် ကြာချိန်တွင် ပြည်တွင်းပုဂ္ဂလိက ဘဏ်များနီးပါး ဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့်ကို ဗဟိုဘဏ်က ခွင့်ပြုခဲ့သည်။

နိုင်ငံခြားဘဏ်ခွဲများကို မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များအား ငွေချေးခွင့်ပြုကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုဝင်ဘာ (၈)ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ပြီး ခွင့်ပြုပေးခြင်း ဖြစ်သည်။

Credit: 7Day Daily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service