ခရက်ဒစ်ကတ်များကိုအတိုးနှုန်း ၁၆ ရာခိုင်နှုန်းအထိ တိုးကောက်ရန်ပြင်ဆင် - Property News in Myanmar from iMyanmarHouse.com
3039 Views

ခရက်ဒစ်ကတ်များကိုအတိုးနှုန်း ၁၆ ရာခိုင်နှုန်းအထိ တိုးကောက်ရန်ပြင်ဆင်

အကြွေးဝယ်ကတ် (ခရက်ဒစ်ကတ်) များသည် အာမခံပစ္စည်းမဲ့ ချေးငွေအမျိုး အစားဖြစ်သည့်အတွက် တစ်နှစ်စာအတိုးနှုန်းကို ၁၆ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံရန် ဘဏ်များက ပြင်ဆင်လျက်ရှိကြောင်း ပုဂ္ဂလိကဘဏ်အသိုင်းအဝိုင်းထံမှ သိရသည်။

လက်ရှိတွင် လစဉ်ပုံမှန်ဝင်ငွေရှိသူ တစ်ယောက်အနေနှင့် ခရက်ဒစ်ကတ်ကို လျှောက်ထားနိုင်ကာ အဆိုပါကတ်ဖြင့် ပစ္စည်းဝယ်နိုင်သကဲ့သို့ ငွေသားလည်း ထုတ်ယူသုံးစွဲနိုင်ကြောင်း၊ ခရက်ဒစ်ကတ် ကိုင်ဆောင်သူသည် ချေးငွေကို ၄၅ ရက် အတွင်း ပြန်လည်ဆပ်နိုင်ပါက အတိုးပေးစရာမလိုကြောင်း၊ သို့သော် သတ်မှတ်ရက်ကျော်မှ ပြန်လည်ဆပ်မည်ဆိုပါက အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ပေးရမည်ဖြစ်ကြောင်း ဘဏ်များထံမှ သိရသည်။

“ တကယ်တော့ ၂၀ ရာခိုင်နှုန်းလောက်မှကို ဒီကအခြေအနေနဲ့ကိုက်တာ။ ချေးငွေက ပြန်မဆပ်နိုင်ရင် ဘဏ်တွေအတွက် ဆုံးရှုံးနိုင်ခြေပမာဏ များတယ်။ ဗဟိုဘဏ်က အတိုးနှုန်းဘောင်ကို ဒီလိုမျိုးဖြေလျှော့ပေးလိုက်တော့ ဘဏ်တွေအတွက် လုပ်သာကိုင်သာ ရှိပါတယ်။ အတိုးနှုန်းကတော့ တစ်ဘဏ်နဲ့ တစ်ဘဏ် မတူနိုင်ပါဘူး ”ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အာမခံပစ္စည်းမဲ့ချေးငွေများအပေါ်တွင် အတိုးနှုန်း ၁၆ ရာခိုင်နှုန်းအထိ ကောက်ခံခွင့်ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်၍ လုပ်ဆောင်နိုင်စေရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အာမခံပစ္စည်းများအပေါ် မှီခို၍ ငွေချေးခြင်းသည် ယင်းပစ္စည်းများ၏ ဈေးကွက်ပျက်ပါက ဘဏ်များတွင် ရိုက်ခတ်မှုရှိပြီး ငွေကြေးများဆုံးရှုံးနိုင်ကြောင်း၊ နိုင်ငံခြားဘဏ်များလည်း ဝင်လာသည့်အတွက် ပြည်တွင်းဘဏ်များ ချေးငွေဈေးကွက် ကျယ်ပြန့်လာစေရန်ရည်ရွယ်၍ အာမခံပစ္စည်းမဲ့ ငွေချေးခြင်းကို ခွင့်ပြုခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

ခရက်ဒစ်ကတ်ဖြင့် ပစ္စည်းဝယ်ယူသည့်အခါ ပေးရသည့်အတိုးနှုန်းမှာ သက်သာပြီး ငွေသားထုတ်ယူသုံးစွဲလျှင် ပေးရသည့်အတိုးနှုန်းမှာ ပို၍များပြားကြောင်း၊ လက်ရှိအတိုးနှုန်းပေါ်တွင် ပို၍အတိုးနှုန်း တက်မည်ဆိုပါက သုံးစွဲသူများတွင် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ကြောင်း ကုမ္ပဏီဝန်ထမ်း ဦးသီဟက ပြောကြားသည်။

“အတိုးနှုန်းက ပုံမှန်လည်းများတယ်။ ကတ်ကနေ ငွေများများချေးရတဲ့သူတွေက ဝင်ငွေကောင်းတဲ့သူတွေပဲရတာပါ။ နောက်ကျကြေးတွေလည်း များတယ်။ အတိုးနှုန်းလည်းများတယ်ဆိုရင် သုံးတဲ့ သူတွေနည်းသွားလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

အကြွေးဝယ်ကတ်များသည် ၂၀၁၅ ခုနှစ်နောက်ပိုင်းမှ ပြည်တွင်း၌ပေါ်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် သုံးစွဲသူအရေအတွက်မှာ တစ်သန်းပင် မပြည့်သေးကြောင်း Myanmar Payment Union (MPU) ၏ စာရင်းများအရ သိရသည်။

 

Credit:   The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service