Invest Myanmar Summit တွင်ရန်ကုန်မြို့သစ်စီမံကိန်းကိုပြသမည် - Property News in Myanmar from iMyanmarHouse.com
1447 Views

Invest Myanmar Summit တွင်ရန်ကုန်မြို့သစ်စီမံကိန်းကိုပြသမည်

ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် ဆွဲဆောင်နိုင်သည့် နိုင်ငံအဖြစ်အသွင်ပြောင်းနိုင်ရေး ရည်ရွယ်၍ နေပြည်တော်၌ ယခုလ၂၈ရက်နှင့် ၂၉ရက်များတွင် ပြုလုပ်မည့် Invest Myanmar Summit တွင် ရန်ကုန်မြို့သစ်စီမံကိန်းကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း NYDC မှ သိရသည်။

ရန်ကုန်မြို့သစ်အတွက် ရင်းနှီးမြှုပ်နှံမှု ရှာဖွေနေသည့် ကဏ္ဍများမှာ အများပြည်သူသုံး လမ်းပန်းဆက်သွယ်ရေး(Public Transport) ၊ မြို့တော် သန့်ရှင်းရေးနှင့် အမှိုက်သိမ်းစနစ် (Municipal Waste) ၊ Convention Centre နှင့်ဆက်သွယ်ရေး (Telecommunication) တို့ဖြစ်ကြောင်း သိရသည်။

" အခုအချိန်ကာလ ဟာ နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်ဖို့ အလွန်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ နိုင်ငံရဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရေးကအစ ကုန်ထုတ်လုပ်ခြင်းကဏ္ဍမြှင့်တင် နိုင်ရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍရဲ့ နည်းပညာတိုးတက်မြင့်မားရေး၊ နိုင်ငံ့ပိုကုန်မြှင့်တင်ရေး၊ ပညာရေးစနစ် အဆင့်မြှင့်တင်ရေး၊ ကျန်းမာရေးဝန်ဆောင်မှု တိုးတက်မြင့်မားရေး အစရှိတဲ့ ကဏ္ဍအားလုံးမှာ တာဝန်ယူမှုရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ရရှိလာမယ့် အကျိုးကျေးဇူးတွေ၊ အားသာချက်တွေကို အသုံးချခြင်းနဲ့ မြန်မာနိုင်ငံကို ပိုမိုတိုးတက်ကောင်းမွန်အောင် တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံကို ပြည်ပရင်းနှီး မြှုပ်နှံမှုတွေအတွက် ဆွဲဆောင်နိုင်တဲ့ နိုင်ငံအဖြစ်အသွင်ပြောင်းနိုင်အောင် ရည်ရွယ်ပြီး “ပုဂ္ဂလိကကဏ္ဍ၏အမြင် - မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်ခြင်း” ခေါင်းစဉ်နဲ့ ကျွန်တော်ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်" ဟု NYDC ၏ CEOဦးသိမ်းဝေက ပြောသည်။

Invest Myanmar Summit 2019 ကို နိုင်ငံတကာနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေတွေ့ရှိစေနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သုံးဘီလီယံကျော် တန်ဖိုးရှိသည့် ဒေသနှင့် ပုဂ္ဂလိကစီးပွားရေးစီမံကိန်းပေါင်း ၁၂၀ ကျော်မှ ပါဝင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

Credit:   Pyi Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service