မြောင်းမြတံတားသစ် ပြီးစီးတော့မည်ဖြစ်၍ ယာဉ်များဖြတ်သန်းသွားလာနိုင်တော့မည် - Property News in Myanmar from iMyanmarHouse.com
1024 Views

မြောင်းမြတံတားသစ် ပြီးစီးတော့မည်ဖြစ်၍ ယာဉ်များဖြတ်သန်းသွားလာနိုင်တော့မည်

ဧရာဝတီတိုင်းဒေသကြီးတွင် တည်ဆောက်နေသည့် မြောင်းမြတံတားအသစ် တည်ဆောက်မှုလုပ်ငန်းသည် ၈၃ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်၍ ဧပြီလဆန်းပိုင်းမှ စတင်၍ ယာဉ်များ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြောင်းမြတံတားအသစ်မှာ လပွတ္တာ-မြောင်းမြ-အိမ်မဲ-ကျောင်းကုန်း-ကျုံပျော်လမ်းပေါ်၌ တည်ရှိကာ ပင်မတံတားအပိုင်းအား Steel Truss Deck Type အမျိုးအစားဖြင့် တည်ဆောက်ထားပြီးချဉ်းကပ်တံတားနှစ်ခုအား P.C Composite Girder ဖြင့်တည်ဆောက်ထားကြောင်း သိရသည်။

တံတား၏ အောက်ထည်မှာ သံကူကွန်ကရစ်အမျိုးအစားဖြစ် ကြောင်းလည်း သိရသည်။ တံတား၏အရှည်မှာ ၈၃ဝ မီတာရှိပြီး တံတားအကျယ်မှာ ၃၄ ပေ ရှိကာ မြောင်းမြဘက်ကမ်းအခြမ်းရှိ ချဉ်းကပ်တံတားနှင့် ပုသိမ်ဘက်ကမ်းအခြမ်းရှိ ချဉ်းကပ် တံတားအရှည်ကို ၂၇ဝ မီတာအရှည်စီ တည်ဆောက်ထားကြောင်း သိရသည်။

ယာဉ်သွားလမ်းအကျယ် ၂၈ ပေရှိသည့် နှစ်လမ်းသွားဖြစ်ကာ ရေလမ်းကင်းလွတ်ခွင့်အမြင့်မှာရေအမြင့်ဆုံးနေရာ၌ ၁၄ မီတာရှိကြောင်း သိရသည်။ ရေလမ်းကင်းလွတ်ခွင့်အကျယ်မှာ ၁၃ဝ မီတာရှိပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ရှိကာ တစ်ဖက်လျှင် ၃ ပေ အကျယ်အဝန်းရှိ လူသွားလမ်းပလက်ဖောင်း အသွား၊ အပြန်ပါရှိကြောင်း တံတားကြီးအား တာဝန်ယူတည်ဆောက်ခဲ့သည့် တည်ဆောက်ရေးအဖွဲ့(၁)မှ သိရသည်။

ယခင်က မြောင်းမြကြိုးတံတားအဟောင်းမှာခံနိုင်ရည်ကျဆင်းလာသဖြင့် တံတားအသစ်ကို မူလကြိုးတံတားအဟောင်း၏ ရေစုန်ဘက်အခြမ်းတွင် ၄၆ ပေခွာ၍ ၂ဝ၁၇ ခုနှစ်မေ ၁ ရက်တွင် စတင် တည်ဆောက်နေခြင်းဖြစ်ကာ တည်ဆောက်နေခိုက် ၂ဝ၁၈ ခုနှစ်ဧပြီ ၁ ရက်တွင် မတော်တဆကျိုးကျ ပျက်စီးခဲ့ရခြင်းလည်းဖြစ်သည်။

ထိုအချိန်မှစတင်၍ ပြည်သူလူထုသွားလာမှု လွယ်ကူအဆင်ပြေစေရန်အတွက် နိုင်ငံတော်အစိုးရကအကုန်ကျခံကာယနေ့အချိန်ထိ ဇက်ဖြင့် အခမဲ့ပို့ဆောင်ပေးလျက် ရှိပြီး ယခုအခါ မြောင်းမြတံတားအသစ်ကို အမြန်ပြီးစီးရန်လိုအပ်သောကြောင့် လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''တံတားခံနိုင်ဝန်က ယာဉ်တစ်စီးချင်းကို ၇၅ တန်အသုံးပြုခွင့် သတ်မှတ်ထားပေမယ့် ဒေသဖွံ့ဖြိုးရေးအတွက် မဖြစ်မနေသယ်ဆောင်ရမယ့် အရေးကြီးပစ္စည်းများကိုတော့ သယ်ဆောင်ဖြတ်သန်းခွင့်ပေးပါ့မယ်။ ပြည်သူလူထုအတွက်လည်း (ယာဉ်+ကုန်)တန် ၆ဝ ကိုသယ်ဆောင်ပြီးတော့ တံတားပေါ် ကနေ ဖြတ်သန်းသွားလာခွင့်ပြုပေးမှာ ဖြစ်ပါတယ်'' ဟု တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၁) မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမျိုးဝင်းက ပြောကြား သည်။

 

Credit:   The Mirror

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service