သန်လျင် Star City အိမ်ရာစီမံကိန်း တိုက်ခန်းများ စတင်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
3138 Views

သန်လျင် Star City အိမ်ရာစီမံကိန်း တိုက်ခန်းများ စတင်ရောင်းချ

သန်လျင်မြို့နယ်ရှိ Star City ၊ City Loft အိမ်ရာစီမံကိန်းတိုက်ခန်းများကို အနည်းဆုံးကျပ်သိန်း ၄၂၀ ဖြင့် စတင်ရောင်းချနေသည်ဟု FMI ကုမ္ပဏီအုပ်စု လက်အောက်ခံကုမ္ပဏီ Yoma Land က ဇန်န၀ါရီ ၁၉ ရက်တွင် ကြေညာသည်။

အဆိုပါအိမ်ရာစီမံကိန်းကို လူလတ်တန်းစားများအတွက် ရည်ရွယ်၍ Star City အိမ်ရာဝင်း ရှိ မြေ ၂၂ ဧကတွင် တည် ဆောက်မည်ဖြစ်ပြီး စီမံကိန်းကို ဇန်န၀ါရီ ၁၉ ရက်က စတင်ခဲ့သည်။

‘‘အခုလို စတင်ရောင်းချ လိုက်တဲ့အတွက် သမားရိုးကျ အိမ်ခြံမြေဈေးကွက်ကို လက်လှမ်းမမီနိုင်သူတွေအတွက် ပိုမိုလွယ်ကူစွာဝယ်ယူနိုင်စေဖို့ ရည်ရွယ်ထားပါတယ်’’ ဟု FMI ကုမ္ပဏီအုပ်စုဥက္ကဋ္ဌဦးသိမ်းဝေက ပြောသည်။

အိမ်ရာစီမံကိန်းမှ တိုက်ခန်း များသည် အနည်းဆုံးကျပ်သိန်း ၄၂၀ မှ အမြင့်ဆုံး ကျပ်သိန်း ၁,၆၀၀ အထိဈေးရှိပြီး အိမ်ရာဝယ်ယူသူများကို ပထမအဆင့် ၂၀၂၀ တွင် တိုက်ခန်းများအပ်နှံမည်ဟု ကုမ္ပဏီကဆိုသည်။

ဝယ်ယူသူများအတွက် အိမ်ရာချေးငွေချေးငှားမည်ဖြစ်ပြီး ကျ သင့်ငွေ၏ ၇၀ ရာခိုင်နှုန်းကို ၂၅ နှစ်အရစ်ကျပေးသွင်းရမည်ဖြစ် သည်။ အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ဖြစ်သည်။

အထက်ပါ စီမံကိန်းတွင် ပထမအဆင့်အပိုင်း(က)၌ အခန်း ၂၅၀ နှင့် အပိုင်း(ခ)တွင် အခန်း ၅၀၀ ပါဝင်မည်ဟု ဦးသိမ်းဝေက ပြောကြားသည်။

တိုက်ခန်းများဆောက်လုပ် ခြင်းကို A-1 ဆောက်လုပ်ရေး ကုမ္ပဏီက ကန်ထရိုက်ယူဆောက် လုပ်ခြင်းဖြစ်သည်။

အခန်းဝယ်ယူရာတွင် ပထမဆုံးသဘောတူညီမှုအရ အခန်း ခ၏ ၁၀ ရာခိုင်နှုန်းကို စတင်ပေး သွင်းရပြီး တစ်နှစ်ကြာလျှင် နောက်ထပ် ၁၀ ရာခိုင်နှုန်းနှင့် အခန်းအပ်ပါက ၁၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်သည်။ ကျန် ၇၀ ရာခိုင်နှုန်းကို အရစ်ကျပေး သွင်းရမည်ဟု တိုက်ခန်းဝယ်ယူ သူ ဦးအေးထွန်းကဆိုသည်။

FMI ကုမ္ပဏီသည် Yomaland ကုမ္ပဏီ အမည်ဖြင့် သန်လျင်မြို့နယ်ရှိ မြေ ၁၃၅ ဧက တွင် ကြယ်စင်အိမ်ရာကို လူနေ အိမ်အခန်းတစ်သောင်းဖော်ထုတ် နေသည်။

ထို့အပြင် လှိုင်သာယာ၌ ပန်းလှိုင်အိမ်ရာနှင့် ရန်ကုန် မြို့လယ်မီးရထားရုံး နေရာတွင် The Peninsular Yangon အ မည်ဖြင့် တည်ဆောက်နေသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service