ပြည်ပသို့ ရွှေတင်ပို့ခွင့်ပြုထားသော်လည်း လက်ရှိအချိန်အထိ မပို့နိုင်သေး - Property News in Myanmar from iMyanmarHouse.com
661 Views

ပြည်ပသို့ ရွှေတင်ပို့ခွင့်ပြုထားသော်လည်း လက်ရှိအချိန်အထိ မပို့နိုင်သေး

ပြည်ပသို့ တရားဝင် ရွှေတင်ပို့ခွင့်ပြုထားသော်လည်းလက်ရှိအချိန်အထိ ပြည်ပသို့ ရွှေတင်ပို့နိုင်ခြင်း မရှိသေးကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူနှင့် ရွှေလုပ်ငန်းရှင်တို့က ပြောသည်။

ယခင်က ရွှေကို တင်ပို့မှုပိတ်ပင်သော ကုန်စည်တစ်ခုအဖြစ် သတ်မှတ်ထားခဲ့ပြီး ၂ဝ၁၈ ဇန်နဝါရီ ၂၂ ရက်တွင် ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်ထားသော အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းရန် ခွင့်ပြုခဲ့သည်။ ဆက်လက်၍ ရွှေတင်ပို့/တင်သွင်းခြင်းလုပ်ငန်းစဉ် ဆောင်ရွက်ရန် One Stop Service Center (OSSC) ကို ပြီးခဲ့သည့်စက်တင်ဘာလတွင် ဖွင့်လှစ်ခဲ့သည်။

လက်ရှိတွင် ရွှေတုံးတင်ပို့ရန်အတွက်သာ အရည်အသွေးနှင့် အခြားလိုအပ်သောအချက်များကို ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ ဟောင်ကောင်နှင့် အာဆီယံဒေသတွင်းနိုင်ငံများသို့ ရောင်းချရန် ချိတ်ဆက်ထားသည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဦးရဲသူအောင်က ပြောသည်။

သို့သော် ပြည်ပသို့ ရွှေတင်ပို့ရန် ကြိုတင်အခွန် နှစ်ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ရာ ရွှေတင်ပို့မှု တစ်ကြောင်းအတွက် ရရှိမည့်အကျိုးအမြတ်သည် သုည ဒသမ ၅ ရာခိုင်နှုန်းခန့်သာရှိသည့်အတွက် တင်ပို့နိုင်ရန် အခက်အခဲဖြစ်လျက်ရှိနေသေးသည်ဟု Myanmar Gold Development အများပိုင်ကုမ္ပဏီမှ ဒါရိုက်တာလည်းဖြစ်သူ ဦးရဲသူအောင်က ပြောသည်။

''စပို့တဲ့သူမရှိဘူး။ များများလုပ်လေရှုံးလေ သဘောမျိုးဖြစ်နေမယ်။ ကြိုတင်အခွန် နှစ်ရာခိုင်နှုန်းကြောင့်ပါ။ အခွန်မဆောင်ဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ကြိုတင်အခွန်မဆောင်ပေမဲ့ မြတ်တဲ့အပေါ်မှာ အခွန်ဆောင်ရဦးမှာဖြစ်တဲ့အတွက် နှစ်ကုန်ကျရင် ဝင်ငွေခွန်တော့ရပါမယ်''ဟု ဦးရဲသူအောင်က ပြောသည်။

လက်ရှိတွင် အဆိုပါကိစ္စရပ်ကို မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းက သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြပြီး ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။

''One Stop Service Center ဖွင့်ထားပေမဲ့ အခုအချိန်ထိ တစ်ယောက်မှ တင်ပို့နိုင်ခြင်း မရှိသေးဘူး။ အဓိကက သတ်မှတ်ထားတဲ့ အခွန်နှုန်းထားတွေနဲ့ပတ်သက်ပြီး မကိုက်နိုင်တဲ့ အနေအထားရှိနေတယ်။ ဒါကြောင့် အခွန်နှုန်းထားတွေကို ပြန်ညှိဖို့ ဆောင်ရွက်နေတယ်။ နိုင်ငံတော်ကလည်း အခွန်နဲ့ ရပ်တည်နေရတာ ဖြစ်တဲ့အတွက် အခွန်လည်းပေးဆောင်၊ ပြည်သူပြည်သားလည်း အကျိုးရှိ နှစ်ဦးနှစ်ဖက် မျှတအောင် ဆောင်ရွက်ဖို့ရှိတယ်''ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးက ပြောသည်။

အစိုးရက လုပ်ငန်းရှင် အခွန်ရှောင်သွားမည်ကို စိုးရိမ်သည့်အတွက် ကြိုတင်အခွန်ထမ်းဆောင်စေခြင်း ဖြစ်သော်လည်း လုပ်ငန်းရှင်များအတွက် ဝန်ပိစေသည်ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးခင်မောင်ဟန်က ပြောသည်။

အစိုးရက ရွှေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ ရွှေဈေးကွက် အကောင်အထည်ဖော်ရေးကော်မတီ ဖွဲ့စည်းထားပြီး ရွှေစံချိန်စံညွှန်း သတ်မှတ်ချက် တညီတည်းဖြစ်စေရန်၊ ပုံမှန်အရောင်းအဝယ်စနစ်မှ အွန်လိုင်းစနစ်ဖြင့်ပါ အရောင်းအဝယ် လုပ်နိုင်ရန်နှင့် နိုင်ငံတကာဈေးကွက်နှင့် ချိတ်ဆက်ရန်တို့ကို ဆောင်ရွက်လျက်ရှိသည်။

 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service