မဲပေါက်ထားသည့် တိုင်းအစိုးရအိမ်ရာ အခန်းပေါင်း ၇၀ဝ ကျော်နေထိုင်ခွင့်ကြန့်ကြာနေမှု ဂျပန်ချေးငွေ စောင့်ဆိုင်းနေရခြင်းကြောင့်ဟုဆို - Property News in Myanmar from iMyanmarHouse.com
3284 Views

မဲပေါက်ထားသည့် တိုင်းအစိုးရအိမ်ရာ အခန်းပေါင်း ၇၀ဝ ကျော်နေထိုင်ခွင့်ကြန့်ကြာနေမှု ဂျပန်ချေးငွေ စောင့်ဆိုင်းနေရခြင်းကြောင့်ဟုဆို

ရန်ကုန် တိုင်းအစိုးရ အိမ်ရာရောင်းချ ရေးကော်မတီမှ ပထမအကြိမ် ရောင်းချထားသည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၇၀ဝ ကျော်၏ နေထိုင်ခွင့်မှာဂျပန် ချေးငွေကို စောင့်ဆိုင်းနေရသဖြင့် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဦးစီးကာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် ဆောက်လုပ်ရေး နှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းပြီး အိမ်ရာတန်ဖိုးငွေကျပ် ရာခိုင်နှုန်း၂၀ပေးသွင်း၍ ကျန် ချေးငွေများကို အတိုးနှုန်းရှစ်ကျပ် ခွဲဖြင့်၁၅နှစ် အရစ်ကျပြန်ဆပ်နိုင် သည့်စနစ်ဖြင့်ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အိမ်ရာစီမံကိန်း များရောင်းချရေး ကြီးကြပ်မှုကော်မတီက ရောင်းချထားခြင်းဖြစ် သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်ရှိ အင်းဝအိမ်ရာ၊ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်၊ ယုဇနအိမ်ရာအပိုင်း(၁)နှင့်(၂)၊ ကနောင်အိမ်ရာ၊သင်္ဃန်း ကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း အိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ မြောက်ဥက္ကလာပ မြို့နယ်ရှိရွှေပေါက်ကံ အိမ်ရာတို့မှ တိုက်ခန်းပေါင်း ၇၀ဝ ကျော်ကို ပထမအသုတ်အ နေဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရောင်းချထား သည်မှာ ငါးလခန့်ကြာမြင့်ပြီဖြစ် သော်လည်း နေထိုင်ခွင့်မရရှိသေး ခြင်းကြောင့် အိမ်ခန်းဝယ်ယူခွင့်ရရှိသူများအနေဖြင့် စိုးရိမ်နေကြ ကြောင်း သိရသည်။

"" ပထမပိုင်းက ဦးတို့ရောင်း နေတာ ကနဦးပေးသွင်းငွေ ၃၀ ရာခိုင်နှုန်း၊ ၁၃ ကျပ်တိုးဖြစ်တယ်။ အဲ့ဒီကနေမှကနဦး ပေးသွင်းငွေ ၃၀ ရာခိုင်နှုန်းနဲ့ ကျပ်တစ်ဆယ်ငါးမူး တိုးဖြစ်သွားတယ်။ ပြန်ဆပ်ချိန်က ၁၀နှစ်သွင်း၊ အဲ့ဒါကို Development loanယန်း ၁၅ ဘီလီယံရလို့ ဦး တို့ကကနဦးပေးသွင်းငွေကို ၂၀ ရာခိုင်နှုန်းထားကြည့်မယ် အတိုး ကိုရှစ်ကျပ်ခွဲထားကြည့်မယ်။ ချေး ငွေပေးဆပ်ရမယ့် နှစ်ကို ၁၅နှစ် ထားကြည့်မယ်။ အဲ့လိုတွက်ချက် ပြီးလုပ်လိုက်တာဖြစ်တယ်။ ဒါပေ မဲ့အဲ့ဒါတွေအားလုံးကို မူအားဖြင့် သဘောတူတယ်။ တကယ်အကောင်အထည်ဖော်ဖို့က ဒီငွေ တွေ ပြည်တွင်းထဲရောက်လာဖို့ ဂျပန်ဘက်က procedure နဲ့ဗမာ ဘက်ကစီမံဘဏ္ဍာ ဆောက်လုပ် ရေးနဲ့ procedure တွေညှိနေ တယ်။ ညှိတာကနည်းနည်းနှေးနေ တယ်။ ပြီးရင် ဗဟိုဘဏ်ရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ ညှိတာလည်း နည်းနည်း နှေးနေတယ်။

အဲ့ဘက် ကို နှေးနေတဲ့အတွက်အခုပြည် သူတွေကိုအဲ့ဒီ loan ပေးလို့မရ သေးတာ၊ အဲ့ဒါကြောင့်မို့အိမ်ရာ နေထိုင်ခွင့်ချပေးဖို့က ကြန့်ကြာ နေတာ၊ ဂျပန်ဘက်ကငွေကတော့ အခုဇန်နဝါရီလကုန် ဖေဖော်ဝါ ရီလဆန်းလောက်ကိုတော့ ဝင် လာမယ်လို့ယူဆတယ်။ သူတို့ငွေ ဝင်ပြီးပြီဆိုရင်တော့ အိမ်ရာနေ ထိုင်ခွင့်က တစ်လနှစ်လအတွင်း နေလို့ရမှာပေါ့။ ဒါပေမဲ့ ခုနကဒီ ဌာနတွေညှိနေတဲ့ procedure တွေပေါ့။ တစ်ဖက်နဲ့တစ်ဖက်ပေါ့ ဥပမာ သူတို့ကဒီစည်းမျဉ်းကိုက် မှဒီလိုလုပ်ပါ။ ဒါမျိုးတွေ ကြားမှာ နှစ်ဖက်ညှိနှိုင်းရတဲ့ဟာမျိုးတွေ ကြာလာတော့ ဦးတို့လည်း ပြောရ ခက်တာပေါ့။

ဒါပေမဲ့ဂျပန် ငွေကတော့ဝင်တော့မယ် ကျန်တာကတော့ ဗဟိုဘဏ်ရဲ့လုပ်ထုံးလုပ် နည်းနဲ့ နည်းနည်းလေးညှိဖို့ကျန် နေတယ်။ လုပ်တာကတော့ အစိုးရက ၁၃ကျပ်တိုးအစား ရှစ်ကျပ်ခွဲ တိုးနဲ့ သက်သက်သာသာရအောင် စေတနာနဲ့လုပ်ပေးတာပေါ့ ပြီး တော့ ပထမဆုံးအကြိမ်လည်း ဖြစ်တယ်သို့ပေမယ့် procedure တွေ ကြန့်ကြာနေတာကြတော့ ဦးတို့လည်း ပြောရခက်နေရတယ်။ ဒါကလည်း ပထမဆုံးအကြိမ် မို့ပါ။ ဒုတိယအကြိမ်တို့ တတိယအကြိမ်တို့ဆိုရင်တော့ ဒီလိုဖြစ်စရာ မရှိတော့ပါဘူး။ ပြီးတော့ ဒီဂျပန်ချေးငွေရတဲ့အတောအတွင်း ရောင်းချတဲ့အိမ်ရာတွေ ဒီချေးငွေ မကုန်မချင်း အတိုးနှုန်းက ရှစ်ကျပ်ခွဲပါပဲ ""ဟု တိုင်းအစိုးရအိမ်ရာ ရောင်းချရေးကော်မတီအတွင်း ရေးမှူး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမြင့်နိုင်က ပြောသည်။

အဆိုပါချေးငွေမှာ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၂၀၁၆ခုနှစ် ဒီဇင်ဘာအတွင်းက သွားရောက်ခဲ့သည့် ဂျပန်နိုင်ငံခရီး စဉ်အတွင်း ဂျပန်နိုင်ငံသို့အကူအညီ တောင်းခံမှုအရ Development loan ယန်း ၁၅ ဘီလီယံကို အတိုး နှုန်းဝဒသမ ဝ၁ ရာခိုင်နှုန်းဖြင့် အရစ်ကျပေးချေစနစ်နှင့် ရရှိခဲ့ ကြောင်း ယင်းငွေများဖြင့် ယခု ကဲ့သို့ အတိုးနှုန်းလျှော့ချသည့် အိမ်ရာများကို ပြည်သူများသက်သက်သာသာဝယ်ယူနိုင်ရန် စီမံခဲ့ ခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

ယင်းနှင့်ပတ်သက်ပြီး တန်ဖိုးသင့် အိမ်ရာမဲပေါက်ထားသူ တစ်ဦး က""အခုက မဲပေါက်ထားတာက ကန ဦးပေးသွင်းငွေတွေသွင်းပါ ဆိုလို့ သွင်းထားပြီးပြီလေ။ အောက်တိုဘာမှာ အိမ်ခန်းအပ်မယ်ဆိုလို့ စောင့်နေတာ အခုတော့ ဇန်နဝါရီတောင်ရောက်လာပြီလေ။ အချို့က အိမ်ပိုင်မရှိဘူး။ အိမ်ငှားနေကြရတယ်။ ကနဦးပေးသွင်းငွေအတွက် စုဆောင်းထားတာတွေ ပေးသွင်းလိုက် ပြီ။ အိမ်ခန်းက မရသေးတော့ အခန်းငှားရဖို့ လုံးပန်းရပြန်ရော လေ။ ဒါနဲ့ပတ်သက်ပြီး အိမ်ခန်း တွေ ဘယ်တော့အပ်မလဲဆိုတာက အိုးအိမ်ကိုဆက်တော့လည်း သေချာမပြောနိုင်၊ ဘဏ်ဘက်ဆက် တော့လည်း အဲဒီလိုဖြစ်နေလို့ပါ။ ကျွန်တော်တို့ သတင်းကို တိတိကျကျသိချင်တာလေ။ ဒါနဲ့ပတ် သက်ပြီး သက်ဆိုင်ရာက တိကျ သေချာတဲ့သတင်း ထုတ်ပြန်ပေးတာကို လိုချင်ပါတယ်။ ဒါမှ ဘာ ဆက်လုပ်ရမယ်ဆိုတာကို ဆုံးဖြတ် ရမှာပါ။ အခုက ဘာလုပ်ရမှန်း မသိကို ဖြစ်နေတာ""ဟု ပြော သည်။

အဆိုပါအိမ်ရာများကို လူဦး ရေ ၅၅၀ဝ ကျော်ကလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ပထမအသုတ် အနေဖြင့် ၇၂၂ ဦးဝယ်ယူခွင့်ရ ရှိခဲ့သည်။ လက်ရှိတွင်အဆိုပါအိမ်ရာကိုမဲပေါက်ထားပြီး ကနဦးပေး သွင်းငွေပေးသွင်းကာ စောင့်ဆိုင်း နေကြသူများတွင်အချို့မှာ အိမ်ရာကနဦးပေးသွင်းငွေကို ရွှေထည်များရောင်းချပေးသွင်းခဲ့ရခြင်း၊ အချို့မှာ ချေးငှားပေးသွင်းခဲ့ကြရ ခြင်း၊ အများစုမှာအိမ်ငှားနေထိုင် နေကြရသူများဖြစ်သဖြင့် နေအိမ် ရရှိရန်အချိန်ကိုက်ဆောင်ရွက်ခဲ့ ကြသော်လည်း အိမ်ရာယခုထိ မရရှိကြသေးသဖြင့် နေထိုင်ရန် အခက်အခဲဖြစ်ကြရခြင်း စသည် တို့နှင့် တွေ့ကြုံနေကြရကြောင်း သိရသည်။

 

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service