ရန်ကုန်မြို့၌ ယာဉ်ကြောကျပ်တည်းမှု ပြဿနာများဖြေရှင်းရန် အတွင်းပတ်လမ်း၊ အပြင်ပတ်လမ်းနှင့် မိုးပျံရထားလမ်းကို အကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
2037 Views

ရန်ကုန်မြို့၌ ယာဉ်ကြောကျပ်တည်းမှု ပြဿနာများဖြေရှင်းရန် အတွင်းပတ်လမ်း၊ အပြင်ပတ်လမ်းနှင့် မိုးပျံရထားလမ်းကို အကောင်အထည်ဖော်မည်

ရန်ကုန်မြို့၌ ယာဉ်ကြောကျပ်တည်းမှု ပြဿနာများ ဖြေရှင်းရန် အတွင်းပတ်လမ်း၊ အပြင်ပတ်လမ်းနှင့် မိုးပျံရထားလမ်းကို အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၁၆ ရက်တွင် ပြုလုပ်သည့် YBS စနစ် စတင်ခြင်း နှစ်နှစ်ပြည့် အခမ်းအနားအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍများအတွက် အဆောက်အအုံများကို တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

“သယ်ယူပို့ဆောင်ရေးကဏ္ဍ နယ်ပယ်နဲ့ ပတ်သက်ပြီး Infrastructure တွေကို တိုးမြှင့်ဖို့အတွက် ပြင်ဆင်ဆောင်ရွက် နေပါတယ်။ ဒီကိစ္စတွေက Traffic ပြဿနာရပ်တွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပါတယ်။ ကျွန်တော်တို့ အတွင်းပတ်လမ်းလုပ်ဖို့ ရှိပါတယ်။ နောက်တစ်ချက်က အပြင်ပတ်လမ်းလုပ်ဖို့ ရှိပါတယ်။ ဒါဟာ၂၀၄၀ JICA ရဲ့ Master Plan ကို ကျွန်တော်တို့ ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။အတွင်းပတ်လမ်းနှင့် ပတ်သက်၍ ပထမအဆင့်တင်ဒါ အောင်မြင်ထားသည့် ကုမ္ပဏီ ၁၀ ခုရှိပြီး အပြင်ပတ်လမ်းနှင့် ပတ်သက်ပြီး စိတ်ဝင်စားသူများအား ခေါ်ယူရန်ရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

“အပြင်ပတ်လမ်း ဆိုတာကတော့ ရန်ကုန်မြို့ကြီးကို အပြင်ကနေ ပတ်လမ်းတစ်ခု တည်ဆောက်ဖို့ ဖြစ်ပါတယ်။ အတွင်းပတ်လမ်းကတော့ ရန်ကုန်မြို့ရဲ့ အတွင်းပိုင်း ဝေဇယန္တာလမ်းလို နေရာမျိုးကပတ်ဖို့ ဖြစ်ပါတယ်။ ဒီဘက်ကတော့ ဘုရင့်နောင်လမ်းဘက် ဖြစ်ပါတယ်” ဟုဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် မိုးပျံရထားလမ်းနှင့် ပတ်သက်၍ မြေပြင်အခြေအနေ လေ့လာဆောင်ရွက်မှုများ ရရှိပါက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်က ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် ရန်ကုန်မြို့တွင်း မိုးပျံရထားလမ်း စီမံကိန်းအတွက် အမှတ် (၂) တရုတ်နိုင်ငံ မီးရထားအင်ဂျင်နီယာ ကုမ္ပဏီ (CREEC) က မိုးပျံရထားလမ်း ဆောင်ရွက်မည့် အကြောင်းအရာများကို လွှတ်တော်ကိုယ်စားလှယ်များအား ပထမအကြိမ် လာရောက် ရှင်းလင်းခြင်း ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

ထို့ပြင် မိုးပျံရထားလမ်း၏ ခရီးအကွာ အဝေးမှာ ၃၇ ဒသမ ၉ ကီလိုမီတာ ရှိမည်ဖြစ်ပြီး ပထမလမ်းကြောင်း အနေဖြင့် ကြည့်မြင်တိုင်မြို့နယ်မှ မင်္ဂလာဒုံမြို့နယ်နှင့် ဒုတိယလမ်းကြောင်းသည် မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်ကြောင်း၊ ရထားအမြန်နှုန်း အနေဖြင့် တစ်နာရီကီလို ၈၀ နှုန်းမောင်းနှင်နိုင်ပြီး အသံဆူညံမှု မရှိဘဲ ရန်ကုန်မြို့နှင့် ကိုက်ညီသည့်ဒီဇိုင်း တည်ဆောက်ပေးမည် ဖြစ်ကြောင်း၊ ရထားခအနေဖြင့် တစ်ဦးကို ပျှမ်းမျှ ကျပ် ၅၀၀ သတ်မှတ်ထားပြီး သံဃာတော်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းများကို အခမဲ့ စီးနင်းခွင့်ပြုမည် ဖြစ်ကြောင်းနှင့် စီမံကိန်း ဆောင်ရွက်ခွင့်ရပါက နှစ်နှစ်သုံးနှစ်အတွင်း အပြီးဆောင်ရွက်နိုင်သည်ဟု ကုမ္ပဏီဘက်က ရှင်းလင်းခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service