ပြည်တွင်းနေ နိုင်ငံခြားသားများ ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာဝယ်ယူခွင့် ရရှိရန် စီစဉ်နေဟုဆို - Property News in Myanmar from iMyanmarHouse.com
1148 Views

ပြည်တွင်းနေ နိုင်ငံခြားသားများ ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာဝယ်ယူခွင့် ရရှိရန် စီစဉ်နေဟုဆို

ရန်ကုန် စတော့အိတ်ချိန်းတွင် ပြည်တွင်းနေ နိုင်ငံခြားသားများ ရှယ်ယာ ဝယ်ယူခွင့်ကို မကြာမီလပိုင်းအတွင်း စတင်ခွင့်ပြုနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ထံမှ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး လိုအပ် သော အမိန့်ညွှန်ကြားစာများ ထုတ် ပြန်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်ရာ လက်ရှိတွင် အမိန့်ညွှန်ကြားစာများ ထုတ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်း လိုအပ်သည်များကို ဆောင်ရွက်နေမှုမှာ နောက်ဆုံးအဆင့်သို့ရောက်ရှိ နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံငွေ ချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှအဖွဲ့ဝင် ဦးဌေးချွန်က ဇန်နဝါရီ ၁၃ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။

'' အခုနောက်ဆုံးအဆင့် ရောက်နေပြီ။ လေးငါးခြောက်လမကြာ တော့ဘူးဗျာ။ အလွန်ဆုံးတစ်လ နှစ်လပေါ့။ ဒီအတွင်းမှာ အမြန်ဆုံး အမိန့်ညွှန်ကြားစာထွက်နိုင်ဖို့ စိုင်း ပြင်းနေတယ်။ ဈေးကွက်တက်ဖို့က နိုင်ငံခြားသားအစုရှယ်ယာတွေ ရောင်းခြင်းအားဖြင့် စတော့ရှယ်ယာ ဈေးကွက်တက်လာဖို့ကို မျှော်လင့်တယ်လေ ''ဟု ၎င်းက ပြောသည်။ ရန်ကုန် စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများ ရှယ်ယာ ဝယ်ယူခွင့်ပြုနိုင်ရေးအတွက် ဆောင်ရွက်နေရာ ပထမအဆင့်အနေဖြင့် မြန်မာနိုင်ငံတွင်းနေထိုင်သည့် နိုင်ငံခြားသားများသာ ရန်ကုန်စတော့ အိတ်ချိန်းတွင် ရှယ်ယာများ ဝင် ရောက် ဝယ်ယူခွင့်ပြုသွားမည်ဖြစ် ကြောင်း ဦးဌေးချွန်ကဆက်လက် ပြောသည်။

၂ဝ၁၈ ခုနှစ် သြဂုတ် ၁ ရက်က စတင်အသက်ဝင်ခဲ့သည့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်အရ ရန်ကုန်စတော့အိတ်ချိန်းတွင်လည်း နိုင်ငံခြားသားများရှယ်ယာဝယ်ယူခွင့် ရှိမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ နိုင်ငံခြားသားများရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာများ ဝယ်ယူခွင့်ပြုပေးလိုက်ပါ က ရန်ကုန်စတော့အိတ်ချိန်းစာရင်း ကုမ္ပဏီများ၏ ရှယ်ယာဝယ်ယူမှု ကန့်သတ်ချက်များအတိုင်း နိုင်ငံခြားသားများအနေဖြင့် ရှယ်ယာများကို ဝယ်ယူခွင့်ရှိမည်ဖြစ် ကြောင်း သိရသည်။

''နိုင်ငံခြားသားတွေ စတော့အိတ်ချိန်မှာရှယ်ယာပါဝင်နိုင်ရေးအတွက် အမိန့်ကြေညာစာမှာ ဘာပါမလဲဆိုရင်စတော့ အိတ်ချိန်းက လုပ်ရမယ့်အလုပ်တွေ၊ တရားဝင် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီ တွေက လုပ်ရမယ့်အလုပ်တွေ၊ စကျူရတီ ကုမ္ပဏီတွေလုပ်ရမယ့် အလုပ်တွေ၊ အဲသလိုတွေ အသီးသီး ဆောင်ရွက်ရမှာတွေပါမှာဖြစ်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ဌာနတွေရဲ့ မှတ်ချက်တွေ တောင်းရပါတယ်။ အချိန်ယူရပါတယ်။ဥပဒေနဲ့ညှိနေတာတွေကို ပြန်ဖြေ ထုတ်ရတယ်။ နောက်ဆုံးအဆင့်ကိုတော့ ရောက်နေပါပြီ''ဟု ၎င်းက ပြောသည်။

ယခင်က မြန်မာနိုင်ငံသား အများပိုင်ကုမ္ပဏီတစ်ခုတွင် နိုင်ငံ ခြားသားတစ်ဦး ပါဝင်လျှင် နိုင်ငံခြား ကုမ္ပဏီသို့ ပြောင်းလဲသတ်မှတ်ခဲ့ ရာမှ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်တွင် နိုင်ငံခြားသား ၃၅ ရာခိုင်နှုန်းကျော်မှသာ နိုင်ငံခြားကုမ္ပဏီအဖြစ် သတ်မှတ်သည်ဟု ပြောင်းလဲ ပြင်ဆင် ပြဋ္ဌာန်းထားကြောင်း သိရသည်။

ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် FMI၊ မြန်မာသီလဝါ (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB)၊ ပထမပုဂ္ဂလိကဘဏ် (FPB)နှင့် TMH Telecom Public ကုမ္ပဏီတို့က ဝင်ရောက်လုပ်ကိုင်နေခြင်းဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်းသို့ စာရင်းဝင် ကုမ္ပဏီအဖြစ် စတော့ရှယ်ယာများ ရောင်းချနိုင်ရေးအတွက် ပြင်ဆင်နေသည့် အများပိုင်ကုမ္ပဏီများလည်း ရှိနေကြောင်း၊ ရန်ကုန်စတော့အိတ်ချိန်း၊ Administration Depertment Executive Senior Manager ဦးသက်ထွန်းဦးက ပြောသည်။

 

Credit:  Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service