ဟိုတယ်၊  မိုတယ်  ၁၄  လုံးခန့်  ထပ်မံဆောက်လုပ်ရန် မွန်ပြည်နယ်တွင် လုပ်ငန်းလိုင်စင်တင်ပြထား - Property News in Myanmar from iMyanmarHouse.com
722 Views

ဟိုတယ်၊  မိုတယ်  ၁၄  လုံးခန့်  ထပ်မံဆောက်လုပ်ရန် မွန်ပြည်နယ်တွင် လုပ်ငန်းလိုင်စင်တင်ပြထား

မွန်ပြည်နယ် မော်လမြိုင်ခရိုင်နှင့်သထုံခရိုင်နှစ်ခုတွင် ဟိုတယ်၊ မိုတယ် ၁၄ လုံးခန့် ထပ်မံ ဆောက်လုပ်ရန် ဟိုတယ်လုပ်ငန်းရှင်များက လုပ်ငန်းလိုင်စင်တင်ပြထားကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

၂၀၁၇ ခုနှစ်က မွန်ပြည်နယ်တွင် ဟိုတယ် ၃၂ လုံးသာရှိခဲ့သော်လည်း လက်ရှိတွင် ၃၆ လုံး အထိရှိလာခဲ့ပြီး လုပ်ငန်းလိုင်စင်ခွင့်ပြုချက်ရ ဟိုတယ်သုံးလုံးနှင့် လုပ်ငန်းလိုင်စင်ခွင့်ပြုချက် တင်ထားသည့် ဟိုတယ်နှင့်မိုတယ် ၁၄ လုံးရှိကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာ ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွဋ်ခိုင်က ပြောဆိုသည်။

"၂၀၁၇ခုနှစ်က ဟိုတယ် ၃၂လုံး၊ တည်းခိုခန်း ၂၂ လုံး၊ စုစုပေါင်း ၅၄လုံးနဲ့ အခန်းပေါင်း ၁၇၆၄ ခန်းရှိတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ဟိုတယ် ၃၆လုံး၊ တည်းခိုခန်း ၂၃လုံးနဲ့ အခန်းပေါင်း ၁၉၇၃ ခန်းရှိတယ်။ ဆောက်လုပ်ခွင့်လိုင်စင်ရဟိုတယ်နဲ့လိုင်စင်တင်ထားတဲ့ ဟိုတယ်တွေလည်း ရှိတယ်"ဟု ၎င်းကပြောဆိုသည်။

အနည်းငယ်ကျ

လက်ရှိတွင် ပွင့်လင်းရာသီဖြစ်သည့်အတွက် ဧည့်သည်ဝင်ရောက်မှုများနေသော်လည်း ဟိုတယ်များလာသည့်အတွက် ဈေးကွက်တဖြည်းဖြည်းပြန့်လာပြီး ယခင်ထက် လုပ်ငန်းအနည်း ငယ်ကျဆင်းလာကြောင်း မွန်ပြည်နယ်ဟိုတယ်လုပ်ငန်းရှင်များအသင်းဒုဥက္ကဋ္ဌ ဦးမိုးကျော်က ပြောဆိုသည်။

"အခုက ပွင့်လင်းရာသီရောက်တော့ နည်းနည်းဧည့်သည်ရှိတယ်။ ၁၀ လပိုင်း၊ ၁၁ ပိုင်းနဲ့ ၁၂ လပိုင်းတုန်းက ဧည့်သည်တွေများပါတယ်။ ကလေးတွေစာမေးပွဲပြီးတဲ့အချိန် ဧည့်သည် နည်းနည်းများဦးမယ်။ သင်္ကြန်ကျော်သွားရင်တော့ ပြန်လျော့သွားမယ်။ ဟိုတယ်တွေ များလာ တော့ Market(ဈေးကွက်)ကတော့ ပြန့်သွားမှာပေါ့။ အရင်က လူငါးယောက်လာရင် ဟိုတယ် တစ်ခုတည်းရှိရင် ဒီဟိုတယ်မှာပဲတည်းမှာပေါ့။ အခုအခြေအနေကတော့ ဟိုတယ်များတော့ ခွဲပြီးတည်းရတော့ ဈေးကွက်တော့ ပြန့်လာတယ်။ ဈေးကွက်ကိုမျှပြီးတော့ ယူလိုက်ရတဲ့သဘော ဖြစ်သွားတာပေါ့။ လုပ်ငန်းကတော့ အရင်ကထက်စာရင် သိပ်မကောင်းတော့ဘူး။ ကျသွားတာ ပေါ့"ဟု ၎င်းကပြောဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ဟိုတယ် ၁၇၀၄ လုံး အခန်းပေါင်း ၆၈၁၆၇ ခန်းကို လုပ်ငန်းလိုင်စင်ခွင့်ပြုထားပြီး မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ရက်အထိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ၅၉ လုံးအထိရှိလာကြောင်း သိရသည်။

 

Credit:   The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service