လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာမှ အနိမ့်ဆုံး ကျပ်သိန်း ၁၁၀ ဝန်းကျင်မှ အမြင့်ဆုံး ကျပ်သိန်း ၂၈၀ နီးပါးရှိသည့် တိုက်ခန်းများကို ဦးရာလူစနစ်ဖြင့် စတင် ရောင်းချလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
9359 Views

လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာမှ အနိမ့်ဆုံး ကျပ်သိန်း ၁၁၀ ဝန်းကျင်မှ အမြင့်ဆုံး ကျပ်သိန်း ၂၈၀ နီးပါးရှိသည့် တိုက်ခန်းများကို ဦးရာလူစနစ်ဖြင့် စတင် ရောင်းချလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း အကောင်အထည်ဖော်ထားသည့် ကျန်စစ်မင်းအိမ်ရာမှ အနိမ့်ဆုံး ကျပ်သိန်း ၁၁၀ ဝန်းကျင်မှ အမြင့်ဆုံး ကျပ်သိန်း ၂၈၀ နီးပါးရှိသည့် တိုက်ခန်းများကို ဦးရာလူစနစ်ဖြင့် ဇန်နဝါရီ ၁၄ ရက်က စတင်ရောင်းချလျက်ရှိကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ကျန်စစ်မင်းအိမ်ရာ၌ အကျယ်အဝန်း ၆၅၀ စတုရန်းပေရှိသည့် လေးခန်းတွဲ ငါးထပ် (လေးဖက်လှ) တိုက်ခန်းများ၏ ဈေးနှုန်းများမှာ ကျပ်သိန်း၂၁၄ သိန်း၊ ကျပ်၂၂၉ သိန်း၊ ကျပ်၂၄၄ သိန်း၊၂၅၉ သိန်း၊၂၇၄ သိန်း စသည်ဖြင့် ဈေးနှုန်းရှိကြောင်း သိရသည်။

ထို့ပြင် အကျယ်အဝန်း ၆၅၀ စတုန်းရန်းပေ ရှိသည့် လေးခန်းခွဲ ငါးထပ်တိုက်ခန်းများ၏ ဈေးနှုန်းများမှာ၂၁၆ သိန်း၊ သိန်း၂၃၀ ၊ ၂၄၆ သိန်း၊ သိန်း ၂၆၀၊၂၇၆ သိန်း စသည်ဖြင့် အသီးသီးဈေးနှုန်းများဖြင့် ရောင်းချလျက် ရှိသည်။

အကျယ်အဝန်း ၅၂၂ စတုရန်းပေ ရှိသည့် ရှစ်ခန်းတွဲ ငါးထပ်တိုက်များရှိ တိုက်ခန်းများ၏ ဈေးနှုန်းများမှာ ကျပ် ၁၀၉ သိန်း၊ ၁၁၉ သိန်း၊ ၁၂၉ သိန်း၊ ၁၃၉ သိန်းနှင့် ၁၄၂ သိန်းစသည့် ဈေးနှုန်းများဖြင့် ရောင်းချနေခြင်း ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာစီမံကိန်းမှ တန်ဖိုးသင့်၊ တန်ဖိုးနည်းအခန်းများကို လက်ငင်းငွေအကြေစနစ်ဖြင့် ဝယ်ယူမည့်သူများအတွက် ဦးရာလူစနစ်ဖြင့် လည်းကောင်း၊ ဘဏ်နှင့် ချိတ်ဆက် ဝယ်ယူမည့်သူများအတွက် မဲနှိုက် ရောင်းချမည် ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း (၁) ရှိ အခန်းများကို ဝယ်ယူရန် ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာ ငွေစုစာရင်း ဖွင့်လှစ်ထားသူများအနက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ ဘဏ်စုဆောင်းငွေ ပြည့်မီသူများ၏ စာရင်းကို ဒီဇင်ဘာ ၂၈ ရက်က ထုတ်ပြန်ထားသည်။

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်မှ ပေးပို့လာသည့် အောက်တိုဘာ ၃၁ ရက်အထိ စုဆောင်း ငွေကျပ် သိန်း ၃၀ နှင့်အထက် စုဆောင်းထားရှိသူ စာရင်း ၃၂၀၈ ဦးတွင် ပါဝင်သူများသည် ကျန်စစ်မင်းအိမ်ရာစီမံကိန်းရှိ တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာ အခန်းများကို လက်ငင်းငွေအကြေစနစ်ဖြင့် ရောင်းချမည့် အစီအစဉ်နှင့် ဘဏ်ချေးငွေဖြင့် ချိတ်ဆက်ရောင်းချမည့် အစီအစဉ်များဖြင့် ရောင်းချမည် ဖြစ်သည်။

လက်ငင်း ငွေအကြေစနစ်ဖြင့် ရောင်းချမည့်အစီအစဉ်တွင် အခန်းဝယ်ယူမည့် သူများသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှ ၁၈ ရက်အတွင်း ဦးရာလူစနစ်ဖြင့် လည်းကောင်း၊ ဘဏ်ချေးငွေဖြင့် ရောင်းချမည့် အစီအစဉ်တွင် အခန်းဝယ်ယူမည့် သူများသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၅ ရက်အတွင်း ဌာနသို့ စာရင်းပေးသွင်းရမည် ဖြစ်ကြောင်း၊ စာရင်းပေးသွင်းလာသူများအား ဌာနမှ ဘဏ်စုဆောင်းငွေစာရင်း အမှတ်စဉ်အလိုက် ပြန်လည်ပြုစု၍ အခန်းများကို မဲနှိုက် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

 

Credit:   Eleven Media Group 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service