ကချင်ပြည်နယ်တွင် စီးပွားရေးဇုန်တည်ဆောက်ရန် ပြည်နယ်အစိုးရနှင့် အကျိုးတူပူးပေါင်းမည့် ကုမ္ပဏီထူထောင် - Property News in Myanmar from iMyanmarHouse.com
1195 Views

ကချင်ပြည်နယ်တွင် စီးပွားရေးဇုန်တည်ဆောက်ရန် ပြည်နယ်အစိုးရနှင့် အကျိုးတူပူးပေါင်းမည့် ကုမ္ပဏီထူထောင်

ကချင်ပြည်နယ်တွင် စီး ပွားရေးဇုန်တစ်ခုတည်ဆောက်ရန် ကချင်ပြည်နယ် အစိုးရက ကမ်းလှမ်းထား၍ ပြည်နယ်အစိုးရနှင့် အကျိုးတူပူးပေါင်းဆောင် ရွက်မည့် ကုမ္ပဏီ ထူထောင်ခဲ့ ကြောင်း သီလ၀ါအထူးစီးပွားရေး ဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ (MTSH) ဥက္ကဋ္ဌ ဦးဝင်းအောင်က ဇန်န၀ါရီ ၁၂ ရက်တွင် ပြောသည်။

MTSH ကုမ္ပဏီသည် သီလ၀ါအထူးစီးပွားရေးဇုန်ကို မြန်မာဘက်က ပူးပေါင်းဆောင်ရွက်ခွင့် ရသည့် ကုမ္ပဏီဖြစ်ပြီး လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်၍ ရှယ်ယာ ရှင် ၁၇,၀၀၀ ကျော် ရှိသည်။

‘‘နိုင်ငံအတွက် အထူးလိုအပ်တဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းတွေ မှာ ၀င်ရောက်ပြီး လုပ်ဆောင်သွားမယ်။ အတွေ့အကြုံကိုအကျိုးရှိအောင် အသုံးချသွားမယ်။ နိုင်ငံ တော်ရော အကျိုးရှိမယ်။ ရှယ်ယာရှင်လည်း အကျိုးရှိမယ်’’ဟု ဦးဝင်းအောင်က MTSH ၏ ၂၀၁၉နှစ်ကူးညစာစားပွဲတွင် ပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်းတည်ထောင်ရန် အကျိုးဖြစ်ထွန်းမှုနှင့် စီးပွားရေးအရ ဖြစ်နိုင်ခြေ ရှိ၊ မရှိ လေ့လာမည်ဟု ကုမ္ပဏီက ၂၀၁၈ အတွင်း ကြေညာခဲ့သည်။

မြေဧက ၄,၇၀၀ အကျယ် တွင် အကောင်အထည်ဖော်မည့် ‘ မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးစီမံကိန်း’ ဟု အမည်ပေးထားသော စက်မှုဇုန်ကိုထူထောင်ရန် ကချင်ပြည်နယ်အစိုးရနှင့် တရုတ်နိုင်ငံ ယူနန်ထိန်ချုံးဟိန်ရုန်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်တို့သည် မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရေးနားလည်မှု စာချွန်လွှာကို ၂၀၁၈ မေလ ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

စီမံကိန်းတွင် အပိုင်းသုံးပိုင်း ပါဝင်မည်ဖြစ်ပြီး စီမံကိန်းအပိုင်း (၁)တွင် လယ်ယာထွက်ကုန်များ ကို တန်ဖိုးမြင့်ထွက်ကုန်များအဖြစ်အဆင့်မြှင့်တင်ပြီး ပြည်တွင်း နှင့် တရုတ်နိုင်ငံသို့ တင်ပို့ရန်ဖြစ် ကြောင်း ကချင်ပြည်နယ်အစိုးရ က ပြောကြားထားသည်။

အဆိုပါ စီမံကိန်းအကောင် အထည်ဖော်ရန် ပြည်နယ်အစိုးရ က ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီက ရှယ်ယာ ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ရန် စီစဉ်ထားသည်။

ကချင်ပြည်နယ်တွင် စက်မှုဇုန်တစ်ခု မဖြစ်မနေလိုအပ်နေ ပြီး ယခင်အစိုးရ လက်ထက်၌ ၀ိုင်းမော်မြို့တွင် အကောင်အထည်ဖော်ရန် စီစဉ်သော်လည်း မအောင်မြင်ခဲ့ဟု မြစ်ကြီးနားမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်က ပြောသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service