မန္တလေးမြို့တွင် အိမ်ငှားလုပ်ငန်း လုပ်ကိုင်သူများလုပ်ငန်းလိုင်စင် လျှောက်ထားရမည် - Property News in Myanmar from iMyanmarHouse.com
646 Views

မန္တလေးမြို့တွင် အိမ်ငှားလုပ်ငန်း လုပ်ကိုင်သူများလုပ်ငန်းလိုင်စင် လျှောက်ထားရမည်

မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ အိမ်ငှားရမ်းသည့် လုပ်ငန်းများအနေဖြင့် အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်ကို လက်ရှိဘဏ္ဍာရေးနှစ်က စတင် လျှောက်ထားရမည်ဖြစ်ကြောင်း အဆိုပါကော်မတီက ဇန်နဝါရီ ဒုတိယပတ်အတွင်း ထုတ်ပြန် ခဲ့သည်။

ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များကို အဆောက်အအုံငှားရမ်း၍ စီးပွားရေးလုပ်ငန်းများလုပ် ကိုင်ဆောင်ရွက်ခြင်းအတွက် မန္တလေးမြို့တော်စည်ပင်သာယာ ဥပဒေပုဒ်မ ၇၆ အရလည်းကောင်း၊ တည်းခိုခန်း၊ ဘော်ဒါဆောင်နှင့် အခန်းလိုက်ငှားရမ်းသော အ ဆောက်အအုံများဆိုင်ရာ စည်ပင် သာယာရေးဥပဒေပုဒ်မ ၃ အရ လည်းကောင်း အငှားအိမ်ငှားပိုင် ခွင့် လုပ်ငန်းလိုင်စင် လျှောက် ထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

‘‘စည်ပင်သာယာရေးဥပဒေ အရ လုပ်ငန်းလိုင်စင် လျှောက်ထားဖို့ လိုအပ်ပါတယ်။ အငှား အိမ်တွေကို မြေအမျိုးအစား၊ အဆောက်အအုံအမျိုးအစား အလိုက်သင့်တင့်တဲ့ ဈေးနှုန်းတစ်ခု ကို သတ်မှတ်ကောက်ခံတာပါ’’ ဟု မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အငှားအိမ်ငှားရမ်းလုပ်ကိုင် သူများအနေဖြင့် လမ်းနေရာ၊ မြေ အတန်းအစား၊ အဆောက်အအုံ အမျိုးအစားအလိုက် စတုရန်းပေအကျယ်အဝန်းပေါ် မူတည်၍ လိုင်စင်ခနှုန်းထားများကို တစ်နှစ် လျှင် အနည်းဆုံး ကျပ်တစ်သောင်းမှ ကျပ်သုံးသိန်းခွဲအထိ ပေးဆောင်ရမည်ဖြစ်သည်။

အငှားအိမ်ငှားပိုင်ခွင့်လုပ်ငန်းလိုင်စင်လျှောက်ထားရန် မြို့ နယ်၊ ရပ်ကွက်များထိ ကွင်းဆင်း ကာ အသိပညာပေး ဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးစည် ပင်စီမံရေးရာဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ် အတွင်း ဆက်သွယ်ရေးတာဝါ တိုင်များ စိုက်ထူရန် ငှားရမ်းလုပ်ကိုင်ခြင်းများကိုလည်း နေရာတစ် နေရာအတွက် ဘဏ္ဍာရေးတစ် နှစ်လျှင် ကျပ်သုံးသောင်းကောက် ခံမည်ဖြစ်ကြောင်း အဆိုပါထုတ် ပြန်ချက်တွင် ပါဝင်သည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service