နိုင်ငံပိုင် ဘဏ်များ၌ နိုင်ငံခြားငွေ အပ်နှံရာတွင် ပေးရမည့် ဝန်ဆောင်ခ ပယ်ဖျက်ရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
1470 Views

နိုင်ငံပိုင် ဘဏ်များ၌ နိုင်ငံခြားငွေ အပ်နှံရာတွင် ပေးရမည့် ဝန်ဆောင်ခ ပယ်ဖျက်ရန်စီစဉ်

အစိုးရပိုင် ဘဏ်လေးခုတွင် ငွေအပ်နှံသူများ နိုင်ငံခြားငွေဒေါ်လာအပ်နှံရာတွင် ပေးဆောင်ရသော ဝန်ဆောင်ခ ၀ ဒသမ ၀၃ ရာခိုင်နှုန်းကို ပယ်ဖျက်ရန် အစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောသည်။

ပြည်ထောင်စု ဝန်ကြီး က “ကျနော်တို့ဘဏ်တွေက အခုဆိုရင် မရူံးဘူး အမြဲတမ်းမြတ်နေတဲ့ ဘဏ်တွေပါပဲ။ ဒါပေမယ့် သူတို့ဘဏ်တွေကို ကျနော်တို့ နိုင်ငံခြားငွေ ဒေါ်လာ သွားသွင်းတဲ့ အခါမှာကျရင် သူတို့က ပွိုင့် ၀၃ ရာခိုင်နှုန်း ယူတယ်။ ကိုယ်ကလည်း ငွေသွင်းရသေးတယ်။ ကိုယ်ကလည်း ပိုက်ဆံပေးရသေးတယ်။ ဒီဟာက သိပ်ပြီးတော့ ငွေအပ်တဲ့ သူတွေပေါ်မှာ မညှာမတာလုပ်ရာကျတယ်လို့ ယူဆပါတယ်။ ဒါကြောင့် လာအပ်တဲ့ ဒေါ်လာတွေပေါ်မှာ ဝန်ဆောင်ခ မယူဖို့ကို ကျနော်တို့ ဘဏ်တွေကို အဆိုပြုထားပါတယ်” ဟု ပြောသည်။

ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) တွင် ဇန်နဝါရီလ ၁၂ ရက်က ပြုလုပ်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယသမ္မတ ၁ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ၌ ဝန်ကြီးက ပြောခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်း ဦးသန်းလွင် က “ သာမာန်အားဖြင့်ကြည့်ရင်တော့ လည်းကောင်းပါတယ်။ ဘဏ်တွေမှာ နိုင်ငံခြားသုံးငွေ မြင့်လာအောင် ဆွဲဆောင်တဲ့ နည်းပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ စရိတ်စကတွေ မပေးရပဲနဲ့ လာအပ်ဆိုတဲ့ သဘောမျိုးပေါ့နော်။ တခုတော့ရှိတယ်။ ဘဏ်က ဘယ်လိုစဉ်းစားမလည်း ဆိုတော့ free တော့ ပေးလေ့မရှိဘူး။ ဝန်ဆောင်ခတော့ များသောအားဖြင့်ကောက်ကျတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်ပဘဏ်များတွင် ထောက်ခံစာ၊ ဘဏ်ချေးငွေရယူခြင်း အစရှိသည် ကိစ္စမျိုး ဆောင်ရွက်လျှင် ဝန်ဆောင်ခ အနေဖြင့် ၁ ဒေါ်လာခန့်ပေးရကြောင်း ၎င်းက ပြောသည်။

အဆိုပါ ကိစ္စကိုဆောင်ရာတွင် အဓိက ကိုင်တွယ်လုပ်ဆောင်ရသော မြန်မာ့စီးပွားရေးဘဏ် (MEB)၊ မြန်မာနိုင်ငံ ခြားကုန်သွယ်ရေးဘဏ် (Foreign Trade Bank) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) နှင့် မြန်မာ့ လယ်ယာစိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးဘဏ် (MADB) တို့တွင် နိုင်ငံခြားငွေ လာရောက်အပ်နှံသော ငွေအပ်နှံသူများထံမှ ဝန်ဆောင်ခ မယူရန် အဆိုပြုထားပြီး ယင်းသို့လုပ်ဆောင်လျှင် ငွေအပ်နှံသူများနှင့် ဘဏ်ဆက်ဆံရေး ပို၍ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

“ဘဏ်ကိုသွင်းရင် ပုံစံတွေ ရောင်းတဲ့ ကိစ္စ ဒါတွေရောင်းပြီးတော့ ဟိုရံပုံငွေ၊ ဒီရံပုံငွေထားတဲ့အခါမှာ ကျနော်တို့ မလိုလားအပ်တဲ့ ပြဿနာ ဝင်လာမှာ ကြောက်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး က “ကျနော်တို့ ကိုင်တွယ်နေရတဲ့ အစိုးရ ဘဏ်လေးဘဏ်ကို နောင်ဆိုရင် စက္ကူကြေးတို့ ပုံစံကြေးတို့ မယူဘဲနဲ့ ဘဏ်က တကယ်ယူရမယ့် ဝန်ဆောင်ခတွေပဲ ယူဖို့ ဆိုပြီး ကျနော်တို့ စီစဉ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းအပြင် ငွေရေးကြေးရေးနှင့် ဘဏ်ဝန်ဆောင်မှု ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှုများကိုလည်း အပြင်းအထန် ကြိုးစား ဆောင်ရွက်နေပြီး လာမည့်နှစ် (မကြာသော ကာလ)တွင် ပြည်တွင်းပုဂ္ဂလိက ဘဏ်များကို နိုင်ငံတကာ ဘဏ်များနှင့် ယှဉ်ပြိုင်နိုင်အောင်၊ ညီမျှသော ယဉ်ပြိုင်မှုဖြစ်အောင် အတွက်ရည်ရွယ်၍ အတိုင်းအတာ တခုအထိ ပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် ပုဂ္ဂလိက ဘဏ်များဘက်မှလည်း ပြုပြင်ပြောင်းလဲမှုများကို လိုက်ရော လုပ်ဆောင်လာခြင်းများ ရှိကြောင်းသိရသည်။

 

 

Credit:   irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service