ရန်ကုန်မြို့ရှိ Time City တွင် Hilton ဟိုတယ်ဖွင့်မည် - Property News in Myanmar from iMyanmarHouse.com
1987 Views

ရန်ကုန်မြို့ရှိ Time City တွင် Hilton ဟိုတယ်ဖွင့်မည်

ရန်ကုန်မြို့တော်စည် ပင်သာယာကော်မတီနှင့် Crown Advanced Construction ကုမ္ပဏီလီမိတက်တို့ အကျိုးတူ ပူးပေါင်းတည်ဆောက်သည့် Time City ၌ အမေရိကန်အခြေ စိုက် Hilton အုပ်စုက ဟိုတယ်ဖွင့်မည်ဖြစ်ကြောင်း ဇန်န၀ါရီ ၁၂ ရက်တွင် ကြေညာသည်။

အဆိုပါဟိုတယ်ကို ၂၀၂၀ တွင် ဖွင့်လှစ်ရန် ရည်မှန်းထားပြီး ဟိုတယ်၌ အခန်း ၃၀၈ ခန်းပါ ၀င်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ Hilton သည် ၂၀၁၄ တွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိပြီး နေပြည်တော်၊ မန္တလေးနှင့် ငပလီတွင် ဟိုတယ် များ ဖွင့်လှစ်ထားသည်။

ရန်ကုန်မြို့သို့ Hilton ၏ လုပ်ငန်းတိုးချဲ့ရခြင်းမည် ၂၀၂၂ တွင် မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့် ခရီးသွား ၇ ဒသမ ၅ သန်း လာရောက်လည်ပတ်မည်ဟူသော မျှော်မှန်းချက်ကြောင့် ဖြစ်ကြောင်း Hilton အရှေ့တောင်အာရှဆိုင်ရာ Operations ဌာန ဒုတိယဥက္ကဋ္ဌ Paul Hutton က ပြောသည်။

ထို့အပြင် Hilton လုပ်ငန်းစု သည် ပုဂံနှင့် အင်းလေး၌ဟိုတယ် တည်ဆောက်ရန် အစီအစဉ်ရှိ ကြောင်း ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့၌ ဖွင့်လှစ်မည့် ဟိုတယ်အတွက် ရင်းနှီးမြှုပ်နှံမှုပမာ ဏကို Hilton လုပ်ငန်းစုက ထုတ်ပြန်ပြောဆိုခြင်း မရှိသော်လည်း ဟိုတယ်အတွင်း၌ ဘက်စုံအိမ်ရာစီမံကိန်း အစိတ်အပိုင်းအဖြစ် ဧည့်ခန်းပါသည့် အိပ်ခန်းများ၊ ၀န်ဆောင်မှုခန်းမများ၊ ရုံးခန်း များ၊ လူနေအိမ်ခန်းများနှင့် လက်လီကုန်တိုက်တို့ ပါဝင်မည်ဖြစ် ကြောင်း ကြေညာသည်။

Time City သည် ဟံသာဝတီအ၀ိုင်းအနီး ကျွန်းတောလမ်း တွင် တည်ရှိပြီး မြေ ၁၀ ဧက ပေါ် ၌ တည်ဆောက်ထားခြင်းဖြစ် သည်။ အဆိုပါ စီမံကိန်းတွင် ရုံးခန်း၊ ဈေးဝယ်စင်တာ၊ ပလာ ဇာ၊ ကွန်ဒိုနှင့် ကားအစီးရေ၂,၀၀၀ ခန့် ရပ်နားနိုင်မည့် ကားပါကင် များ ပါဝင်မည်ဖြစ်သည်။ Time City ၌ ဖွင့်လှစ်မည့် Hilton ဟိုတယ်ကို Crown Advanced Construction ကုမ္ပဏီလီမိတက် က စီမံခန့်ခွဲမှုဆိုင်ရာတွင် ပူး ပေါင်းဆောင်ရွက်ရန် ဇန်န၀ါရီ ၁၂ ရက်တွင် သဘောတူညီခဲ့ သည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service