ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲတွင် ကျောက်မျက် အလွတ်ရောင်းချခွင့်နှင့် လေလံတင်ရောင်းချခွင့် ပထမဆုံးအကြိမ် ရရှိ - Property News in Myanmar from iMyanmarHouse.com
699 Views

ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲတွင် ကျောက်မျက် အလွတ်ရောင်းချခွင့်နှင့် လေလံတင်ရောင်းချခွင့် ပထမဆုံးအကြိမ် ရရှိ

ဒုတိယ အကြိမ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည်ပြပွဲတွင် ကျောက်မျက်အလွတ်ရောင်းချခွင့်နှင့် လေလံတင်ရောင်းချခွင့် ပထမဆုံးအကြိမ်ရရှိခဲ့ကြောင်း ကျောက်မျက်လုပ်ငန်းရှင်များထံ မှ သိရသည်။

''ကျောက်မျက်အလွတ်ရောင်းချခွင့်ဆိုတာ ကျောက်မျက်အရိုင်းတုံးတွေကို ရောင်းချခွင့်ရတာပါ။အရင်က ရောင်းချခွင့်မရှိပါဘူး။ အခုပြပွဲမှာ ကျောက်မျက်တုံးတွေ ဝယ်သွားတဲ့ နိုင်ငံခြားသားဆိုရင် သက်ဆိုင်ရာကတစ်ခါတည်းချိတ်ပိတ်ပေးလိုက်ပြီး သူ့နိုင်ငံကိုတစ်ခါတည်းသယ်ဆောင်သွာနိုင်မှာ ပါ''ဟု ရန်ကုန်တိုင်းကျောက်မျက် လုပ်ငန်းရှင်များအသင်း တွဲဖက် ဘဏ္ဍာရေးမှူး ဒေါ်ညွှန့်ညွှန့်ခိုင် ကပြောသည်။

ယခုကဲ့သို့ ကျောက်မျက် အလွတ်ရောင်းချခွင့်နှင့် အချောထည်လေလံတင်ရောင်းချခွင့်ကို ရရှိခဲ့ခြင်းကြောင့် တရားမဝင်လမ်းကြောင်းမှတစ်ဆင့် မြန်မာ့ ကျောက်မျက်များ ပြည်ပသို့ထွက် ကာ နိုင်ငံတော်အခွန်ဘဏ္ဍာဆုံးရှုံးနေမှု လျော့နည်းသွားနိုင်ကြောင်း၊ ယခုကဲ့သို့ ရောင်းချခွင့်ရသဖြင့် နိုင်ငံတကာမှ မြန်မာ့ကျောက်မျက်ရတနာလောကကို စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာနိုင်ကြောင်း မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌဦးဇော်ဘို ခန့်ကပြောသည်။

ပထမအကြိမ် ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည်ပြပွဲတွင် အမေရိကန် ဒေါ်လာ နှစ်သိန်းကိုးသောင်းကျော် နှင့် မြန်မာငွေ ကျပ်သိန်းတစ်သောင်းသုံးထောင်ကျော်တို့ဖြင့် ရောင်းချနိုင်ခဲ့ပြီး နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာများပေးသွင်းခဲ့ကြောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာပြပွဲနေ့ကို International Jewel Calendar တွင် ထည့်သွင်းဖော် ပြခြင်းခံခဲ့ရကြောင်း၊ ယခုပြပွဲကို ဇန်နဝါရီ ၉ ရက်မှ ဇန်နဝါရီ ၁၃ ရက်အထိ ရန်ကုန်မြို့၊ Lotte Hotel ၌ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက '' ဒီနေ့ဟာ ရန်ကုန်မြို့မှာ ဒုတိယအကြိမ်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာကျောက်မျက်ရတနာ ပြပွဲနေ့ ဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး ဆောင်ရွက်နိုင် ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (ရန်ကုန်)ရဲ့ ကြိုးပမ်းဆောင်ရွက်ထားမှုအပေါ်မှာ အသိ အမှတ်ပြုပါတယ်။ ဒီဆောင်ရွက် မှုတွေဟာ နိုင်ငံအတွက် အလွန်အင်မတန်ကို အကျိုးဖြစ်ထွန်း ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုပြပွဲတွေကို တိုးမြှင့်ပြီးဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံတကာအလယ်မှာ ရင်ပေါင်တန်းရပ်တည်နိုင်မယ်။ နိုင်ငံရဲ့ စီးပွားရေး ကဏ္ဍကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မှာဖြစ်ပါ တယ် '' ဟု ပြောကြားသည်။

ယခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း နိုင်ငံတကာမှ ဧည့်သည်များ ဝင်ထွက်သွားလာနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ဈေးကွက်ကိုထူထောင်ပေးနိုင်ရန် ရည်ရွယ်၍ ကဏ္ဍနယ်ပယ်အသီးသီးတွင် ပြပွဲများကိုများစွာလုပ်ဆောင်ရန်ပြင်ဆင်ထားကြောင်း၊ နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာပြည်ဈေးကွက်ကို လာမည်ဆိုပါက လွယ်ကူချောမွေ့နိုင်စေရန်၊ One Stop Service ဖြင့် ကူညီပေးနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောကြားသည်။

 

Credit: Yangon Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service