မြိတ်မြို့တွင် အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးက စည်ပင်သာယာလမ်းပေါ်တွင် မြေယာများ အကွက်ရိုက် ရောင်းချခဲ့ရာ မသိနားမလည်ဘဲ ဝယ်ယူခဲ့သူများမှာ တစ်ပတ်အတွင်း ပြန်လည်ဖြိုဖျက်ပေးရမည် ဖြစ်ကြောင်း သိရ - Property News in Myanmar from iMyanmarHouse.com
1320 Views

မြိတ်မြို့တွင် အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးက စည်ပင်သာယာလမ်းပေါ်တွင် မြေယာများ အကွက်ရိုက် ရောင်းချခဲ့ရာ မသိနားမလည်ဘဲ ဝယ်ယူခဲ့သူများမှာ တစ်ပတ်အတွင်း ပြန်လည်ဖြိုဖျက်ပေးရမည် ဖြစ်ကြောင်း သိရ

မြိတ်မြို့တွင် အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးက စည်ပင်သာယာလမ်းပေါ်တွင် မြေယာများ အကွက်ရိုက်ရောင်းခဲ့ရာ မသိနားမလည်ဘဲ ဝယ်ယူခဲ့သူများမှာ တစ်ပတ်အတွင်း ပြန်လည်ဖြိုဖျက် ပေးရမည်ဟု သိရသည်။

မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု ချမ်းမြေ့သာယာ ရပ်ကွက်တွင် ယခင်ဆိပ်ငယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဆိုသူက စည်ပင်သာယာလမ်းပေါ်တွင် မြေယာများ အကွက်ရိုက် ရောင်းချခဲ့ကြောင်း သိရသည်။ အဆိုပါ မြေများပေါ်တွင် ဝယ်ယူမိသူများက အိမ်လာရောက် ဆောက်လုပ်ခဲ့ရာ မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၈ ရက်တွင် လာရောက် စစ်ဆေးခဲ့ပြီး တစ်ပတ်အတွင်း ပြန်လည်ဖြိုဖျက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ ပေ ၄၀ လမ်းပေါ်တွင် အကွက်ရိုက် ရောင်းစားခဲ့ခြင်း ဖြစ်ပြီး နေအိမ် ၁၄ လုံး ဆောက်လုပ်ထားပြီးဖြစ်ကြောင်း တွေ့ရှိခဲ့ရသည့်အတွက် ခုနစ် ရက်အတွင်း ဖယ်ရှားရန် စာထုတ်ထားခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီက ပြောကြားခဲ့သည်။

“မြိတ်တောင်ကျေးရွာ အင်းလေးမြိုင် စက်မှုဇုန်၂ လမ်းမှာ ပေ ၄၀ ရှိတဲ့လမ်းမပေါ် မှာကျူးကျော်တဲ့အိမ်တွေကို လာဆောက်ထားတယ် နှစ်ရက်တည်းနှင့်အိမ် ၁၄ လုံးကို ဆောက်ခဲ့ကြတာ နောက်ကွယ်မှာတော့ အင်အားစုတွေ ရှိနိုင်တယ်။ ဆောက်ထားတဲ့အိမ်တွေက စည်ပင်သာယာရေးလမ်းပေါ်မှာ ဖြစ်နေတယ်။ အိမ်ရှင်တွေကို သွားရောက်စုံစမ်းတဲ့ အခါမှာ နှစ်ဦးပဲတွေ့တယ်။ ဘယ်လိုဝယ်ထားသလဲဆိုပြီး စုံစမ်းတော့ မြေအရောင်းဝယ်စာချုပ် ရှိနေတယ်။ အောက်ခြေမှာ ချုပ်ထားတဲ့ စာချုပ်တွေရှိနေတယ်။ ရောင်းတဲ့သူက ဦးခင်မောင်ရင်လို့ ခေါ်တယ်။ ယခင်ဆိပ်ငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်ဖူးတဲ့သူပါ။ ဝယ်တဲ့သူတွေက မသိမနားလည်တဲ့ ကျေးရွာပိုင်းကလူတွေ ဖြစ်နေတယ်။ စည်ပင်သာယာရေး လမ်းပေါ်မှာ ဆောက်ထားတဲ့ အဆောက်အအုံကို ကျွန်တော်တို့က ဖယ်ရှားရမှာ ဖြစ်တဲ့အတွက်ကြောင့် တားမြစ်ခဲ့တယ်။ ခုနစ်ရက်အတွင်း ဖယ်ရှားပေးဖို့ စာထုတ်ထားခဲ့တယ်” ဟု မြိတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားသည်။

စည်ပင်သာယာလမ်းပေါ်ရှိ မြေများကို ပေ ၂၀ x ၃၅ ပေအကွက်များချကာ ရောင်းချခဲ့ခြင်းဖြစ်ပြီး ဝယ်ယူသူများက၂၀၁၆ ခုနှစ် ကတည်းက ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ယခင် ဆိပ်ငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး တာဝန်ယူနေစဉ်ကပင် လာရောက် ရောင်းချခဲ့ခြင်း ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် များစွာနစ်နာမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ဦးခင်မောင်ရင် (ဆိပ်ငယ်အုပ်ချုပ်ရေးမှူးဟောင်း) ဆီကနေ ကျွန်တော်တို့ ဝယ်ယူခဲ့တယ်။၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှာ ဝယ်ယူခဲ့တယ်။ လွန်ခဲ့တဲ့ တစ်လလောက်က ရာအိမ်မှူးတွေ လာတိုင်းပေးပြီး အိမ်ကိုပေးဆောက်ခွင့် ပေးခဲ့တယ်။ အိမ်မှာနေတဲ့ သူတွေကလည်း နေထိုင်နေပြီ အဲဒီအချိန်မှာ စည်ပင်ကလာပြီး လမ်းနယ်နိမိတ်မှာ မြေကျူးကျော်နေတယ်ဆိုပြီး အစည်းအဝေး ခေါ်ယူခဲ့တယ် အဲဒါပြီးနောက် စာတွေလာကပ်ပြီး ချိပ်ပိတ်ခဲ့တယ်။ ပြည်သူတစ်ယောက် အနေနှင့်ကတော့ ဆုံးရှုံးနစ်နာမှုတွေ အများကြီး ဖြစ်ခဲ့ရတယ်” ဟု မြေဝယ်ခဲ့မိသူ ဦးနေဇော်ထူးက ပြောကြားခဲ့သည်။

“သူတို့အိမ်လာဆောက်စဉ်က ကျွန်တော်တို့ လာရောက်ဟန့်တားခဲ့တယ်။ အုပ်ချုပ်ရေးမှူး ညွန်ကြားချက်အရ လာရောက် ဟန့်တားခဲ့တယ်။ ကျွန်တော်တို့ ဟန့်တားတဲ့ အချိန်မှာ နားလိုက်တယ်။ ပြန်သွားတဲ့အချိန်မှာ ပြန်လုပ်ကြတယ်” ဟု ချမ်းမြေ့သာယာရပ်ကွက် ရာအိမ်မှူး ဦးသန်းနိုင်ဦးက ပြောကြားသည်။

မြေယာဝယ်ယူမိသူများ အနေဖြင့် မြေကွက်များ ဝယ်ယူစဉ်က တစ်ကွက်လျှင် ကျပ်သိန်း ၂၀ မှ သိန်း ၇၀ ကြားအထိပေးကာ ဝယ်ယူခဲ့ရပြီး ထိုစဉ်က သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများလည်း အသိသက်သေ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

 

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service