Local Property News | Posted by Si Thu Aung
ဗဟိုဘဏ်က တစ်ပတ်အတွင်း ကန်ဒေါ်လာ ၁၇ သန်း ကျော် ပုဂ္ဂလိကဘဏ်များထံမှ လေလံဈေးကွက်ဖြင့် ဝယ်ယူခဲ့သော်လည်း ပြည်တွင်းငွေကြေး ဈေးကွက်တွင် ဒေါ်လာတန်ဖိုး ဆက်တိုက်ကျဆင်းလာသည်။
၂၀၁၉ တွင် တစ်ဒေါ်လာ ၁,၅၃၇ ကျပ်နှင့် ၁,၅၄၅ ကျပ်အကြား ဈေးနှုန်းဖြင့် စတင်ခဲ့သော် လည်း ဇန်နဝါရီ ၉ ရက်၌ တစ် ဒေါ်လာ ၁,၅၂၂ ကျပ်မှ ၁,၅၃၀ ကျပ်ခန့်သို့ ကျဆင်းလာသည်။
တစ်ဒေါ်လာလျှင် ၁၅ ကျပ် ခန့်ကျဆင်းလာပြီး မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်မြင့်တက်လာမည်ဟု စီးပွားရေး လုပ်ငန်းရှင် အချို့က သုံးသပ်သည်။
ဗဟိုဘဏ်က ဇန်နဝါရီ ၂ ရက်တွင် ပုဂ္ဂလိကဘဏ်များထံသို့ ကန်ဒေါ်လာ ၁၀၀ ရောင်းချပြီး နောက်ပိုင်းရက်များ၌ ကန်ဒေါ်လာသန်းချီ ဝယ်ယူခဲ့သည်။ ဇန်နဝါရီ ၉ ရက်တွင် ကန်ဒေါ်လာနှစ်သန်းကို ရည်ညွှန်းငွေလဲနှုန်း ၁,၅၃၇ ကျပ်ဖြင့် ဝယ်ယူခဲ့သည်။
ပုဂ္ဂလိကဘဏ်များထံမှ ဗဟိုဘဏ်က ကန်ဒေါ်လာဝယ်ယူခြင်း က ပြည်တွင်းငွေကြေးဈေးကွက် တွင် ကန်ဒေါ်လာတန်ဖိုးတည်ငြိမ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဘဏ်လုပ်ငန်းကျွမ်း ကျင်သူအချို့က ပြောသည်။
ပွင့်လင်းရာသီတွင် မြန်မာ နိုင်ငံမှ ဆန်၊ ပဲမျိုးစုံတို့ ပြည်ပသို့ တင်ပို့နေခြင်း၊ ကမ္ဘာ့ရေနံဈေးကျ ဆင်းမှုကြောင့် ပြည်ပမှတင်သွင်း ရသည့် စက်သုံးဆီအတွက် သုံးစွဲရသည့် ဒေါ်လာပမာဏ လျော့နည်းသွားခြင်း၊ ပြည်ပမှ ဆောက်လုပ်ရေးပစ္စည်းတင်သွင်းမှုလျော့ နည်းခြင်း၊ ကုန်သွယ်ရေးလိုငွေနည်းခြင်းတို့က မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာစေသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်သည်။
ကန်ဒေါ်လာဖြင့် ပြည်ပမှ တစ်လလျှင် တန်ချိန်လေးသိန်းမှ ခြောက်သိန်းအကြား ဝယ်ယူတင် သွင်းနေရသော ဒီဇယ်၊ ဓာတ်ဆီ ဈေးနှုန်းလျော့နည်းသွားခြင်းကလည်း ပြည်တွင်းကျပ်ငွေတန်ဖိုး ကို မြင့်တက်စေသည်ဟု မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။
မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးကွက်သည် နိုင်ငံတကာဈေးကွက်နှင့် တိုက်ရိုက်ချိတ်ဆက်ပြီး အရောင်းအဝယ်ပြုလုပ်နေခြင်း ကြောင့် ကမ္ဘာ့ရေနံဈေးကျဆင်းချိန်တွင် ကန်ဒေါ်လာသုံးစွဲဝယ်ယူ မှု လျော့နည်းခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
Credit: 7Daydaily