မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေ က မြေယာအငြင်းပွားမှု တွေ ဖြေရှင်းပေးနိုင်မှာ မဟုတ်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
1079 Views

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေ က မြေယာအငြင်းပွားမှု တွေ ဖြေရှင်းပေးနိုင်မှာ မဟုတ်ဟု ဆို

မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများစီမံခန့်ခွဲရေးနည်းဥပဒေ မကြာခင်ထွက်ရှိတော့မှာ ဖြစ်ပေမဲ့လည်းသည်နည်းဥပဒေက တိုင်းရင်းသားဒေသ တွေမှာ မြေယာအငြင်းပွားမှုဖြစ်ပေါ်စေ နိုင်တဲ့အကြောင်းအရာတွေကို ဖြေရှင်းပေးနိုင်မှာမဟုတ်သေးဘူးလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက “ နည်းဥပဒေထွက်ရင်လဲ အငြင်းပွားမှုဖြစ်နေတာတွေ တော့ မဖြေရှင်းနိုင်သေးပါဘူး၊ သူတို့ဟာ တွေကတို့လဲသေချာမသိရသေးဘူးလေ၊ဘာလို့ဆို တိုင်းရင်းသားလူမျိုး ၁၃၆ မျိုး တောင်ရှိတာဆိုတော့ သူတို့တစ်ခုချင်းရဲ့ ရိုးရာဓလေ့ထုံးစံတွေက အသေးစိတ် ကွင်းဆင်းတာဖြစ်ဖြစ် ဒါမှမဟုတ်လဲ ဆွေးနွေးပွဲလိုဟာမျိုးပဲဖြစ်ဖြစ် လုပ်မှရမှာ ”လို့ ပြောပါတယ်။

ပြင်ဆင်ပြဋ္ဌာန်းထားတဲ့မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေဟာ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလက ထွက်ပေါ်ခဲ့ပြီး သည်ဥပဒေအရ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို ဗဟိုကော်မတီ ရဲ့ခွင့်ပြုမိန့်မရရှိဘဲ ရယူအသုံးပြုလျက်ရှိ နေတဲ့လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအနေနဲ့ လုပ်ပိုင်ခွင့်နှင့်အသုံးပြုခွင့်ရရှိဖို့ ဗဟိုကော်မတီသို့မဟုတ် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီသို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှ ခြောက်လအတွင်းလျှောက်ထားကြဖို့ အစိုးရကနေ ကြေညာချက်ထုတ်ပြန်ထားခဲ့ပါတယ်။ ဒါ့အပြင် ဗဟိုကော်မတီရဲ့ခွင့်ပြုမိန့်မရရှိ ဘဲ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို အသုံးပြုသူမည်သူမဆို ပုဒ်မ ၂၂၊ ပုဒ်မခွဲခ)၊ ပုဒ်မငယ်(၃)ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် နှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ် စေချမှတ်ရမယ်လို့ ဥပဒေပုဒ်မ ၂၇ (က) မှာ ပြဋ္ဌာန်းထားပါတယ်။

ကန့်ကွက်မှုတွေ ဖြစ်

သည်ထုတ်ပြန်ချက်နောက်ပိုင်းမှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU)အပါအဝင် တိုင်းရင်းသားဒေသရှိ အရပ်ဘက်အဖွဲ့အစည်းအများစုကသည် ဥပဒေဟာ တိုင်းရင်းသားဒေသရှိ ရိုးရာဓလေ့အရ မြေလွတ်၊ မြေရိုင်းတွေအပေါ် လုပ်ကိုင်စားသောက်ကြတဲ့ တောင်ယာလုပ်တဲ့သူတွေအပေါ် အခက်တွေ့စေနိုင်တာကြောင့်ကန့်ကွက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးနည်းဥပဒေကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ရက်နေ့က ကျင်းပတဲ့မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးနှင့် နည်းဥပဒေပြင်ဆင်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ မူကြမ်းအချောရေးဆွဲပြီးခဲ့ပြီဖြစ်ပါတယ်။ သည် မူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးအပါအဝင် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေ ဆက်လက်တင်ပြပြီးရင်ပြီးဆုံး မှာဖြစ်တယ်လို့ သိရပါတယ်။

ပြင်ဆင်ပြဋ္ဌာန်းထားတဲ့ဥပဒေအရ မြေလွတ်မြေရိုင်းမြေလပ်များကို လျှောက်ထားရယူတဲ့အခါမှာ ပရီမီယံကြေး တစ်ဧကလျှင် ကျပ် ၁၀,ဝဝဝ နှုန်း ပေးသွင်းရမည်ဖြစ်ပြီး လေးနှစ်အထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိပါက ပရီမီယံကြေး ဆုံးရှုံးမည်ဖြစ်ကာ အကောင်အထည်ဖော် ပြီး ဆက်လက်လုပ်ကိုင်မယ်ဆိုရင်တော့ ပုံစံ (၇ ) ထုတ်ပေးမှာဖြစ်ပါတယ်။

အရင်က စိုက်ပျိုးမြေနှင့်ပတ်သက်ပြီး လျှောက်ထားရာမှာ ဧက ၅၀ သာခွင့်ပြုခဲ့ ပြီး သည်ဥပဒေအရ ဧက ၃ဝဝ အထိခွင့်ပြု မှာဖြစ်ပြီး မွေးမြူရေးလုပ်ငန်းအတွက် ဆိုရင်တော့ ဧက ၅၀ အထိခွင့်ပြုထားပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန် ကြီး ဒေါက်တာအောင်သူကတော့ ဝန်ကြီးဌာနအနေနဲ့ လုပ်ကွက်ငယ်တောင်သူ လယ်သမားများအပါအဝင် အမှန်တကယ် ဖော်ထုတ်လုပ်ကိုင်လိုသူများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ကိုင်မှုမှတစ်ဆင့် လယ်ယာမြေများအဖြစ် ပြောင်းလဲလျှောက်ထားပြီး လယ်ယာမြေပိုင်ဆိုင်မှု ရရှိရေး ဦးတည်ဆောင်ရက်လျက်ရှိ ကြောင်းနဲ့ ဒါမှသာ လယ်ယာကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးနဲ့ လယ်ယာကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖြစ်ထွန်းလာနိုင်မှာ ဖြစ်တယ်လို့ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးနှင့် နည်းဥပဒေပြင် ဆင်ရေးဆွဲရေးလုပ်ငန်းညှိနှိုင်းအစည်းအ ဝေးမှာ ပြောကြားသွားပါတယ်။

 

Credit: The kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service