အဆောင်လိုနေထိုင်မှုတွေကြောင့် တိုက်ခန်းအငှားသွက်လာ - Property News in Myanmar from iMyanmarHouse.com
1191 Views

အဆောင်လိုနေထိုင်မှုတွေကြောင့် တိုက်ခန်းအငှားသွက်လာ

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှာ အဆောင်အဖြစ်နေထိုင်မှုတွေကြောင့် တိုက်ခန်းငှားရမ်းမှုတွေ သွက်လာတယ်လို့ အကျိုးဆောင်တွေဆီက သိရပါတယ်။

သည်လိုငှားရမ်းနေထိုင်မှုတွေက အရင်ကတည်းက ရှိခဲ့တာ ဖြစ်ပေမဲ့ ၂၀၁၈ ခုနှစ် ဝါထွက်ကာလကစတင်ကာ တဖြည်းဖြည်း အငှားသွက်လာခဲ့တာဖြစ်ပါတယ်။

မြို့တွင်းခြောက်မြို့နယ်ရဲ့ လူနေထိုင်မှုပုံစံမှာ အဆောင်နေသူ တွေပိုများလာပြီး အငှားဖြစ်လာတယ်။ သူငယ်ချင်းစုပြီး အငှားတွေ၊ ဆိုင်ခန်းအငှားတွေနဲ့သာရှိနေပြီးတော့ အရောင်းအဝယ်ပိုင်းမှာ မရှိသလောက်ဖြစ်နေခဲ့ပါ တယ်။

' နယ်ကလာတဲ့ သူတွေဆိုလူစုပြီး တိုက်ခန်းငှားကြတယ်၊သင်တန်းလာတက်တဲ့သူတွေ၊ နိုင်ငံခြားသားတွေ အငှားပိုဖြစ်လာတာကို တွေ့ရပါတယ်၊ တိုက်ခန်းအဆောင်စုငှားသူတွေဆိုရင် အထပ်မြင့်ငါးလွှာ၊ ခြောက်လွှာ၊ ခုနစ်လွှာ၊ ရှစ်လွှာအထိငှားကြပြီး ဆိုင်ခန်းအငှားတွေဆိုရင် မြေညီထပ်တွေ၊ ပထမထပ်တွေအငှား ပိုကြိုက်ကြ ပါတယ် ' လို့ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ရဲ့ မန် နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူ က ပြောပါတယ်။

အငှားအဖြစ်ဆုံး အခန်းတွေ ကတော့ နေထိုင်သူတွေက (၁၂ ပေခွဲ x ပေ၅၀) တွေ အငှားပိုဖြစ်ပြီး ဆိုင်ခန်းတွေကတော့ (၂၂ပေ x ပေ ၅၀) တွေ အငှားပိုဖြစ်တာကို တွေ့ရပါတယ်။ နေရာပေါ်မူတည်ပြီး အခန်းဈေးနှုန်းတွေက တစ်သိန်းခွဲကနေ သုံးသိန်း၊ ငါးသိန်း ကနေ ၁၀သိန်းအထိရှိပါတယ်။ လူနေထိုင်မှုစိတ်ဝင်စားမှုဈေးနှုန်း တွေမှာ တစ်သိန်းခွဲကစတဲ့ တိုက်ခန်းတွေပိုငှားကြပြီး ဆိုင်ခန်းဈေးတွေမှာဆိုရင် ငါးသိန်းကစပြီး အငှားတွေရှိနေတယ်လို့ သိရပါတယ်။

'အလုပ်အကိုင်အများစုက မြို့ထဲမှာပိုပြီးရှိနေတာရယ်၊ သွားလာရလွယ်ကူတာရယ်၊ သင်တန်းတွေဆိုရင်လဲ ပိုများတာကြောင့် မြို့တွင်း ကို ပိုပြီးငှားလာကြတယ်၊ တချို့ဆိုရင် တိုက်တစ်တိုက်လုံး ငှားပြီး အဆောင်ဖွင့်လာ ကြတယ်' လို့ ပုဇွန်တောင်အိမ်ခြံမြေ အကျိုး ဆောင်ဒေါ်ပြည့်က ပြောပါတယ်။

ပုဇွန်တောင်၊ ဗိုလ်တထောင်၊ လသာ၊ ကျောက်တံတား၊ လမ်းမတော်၊ပန်းဘဲတန်းမြို့နယ်အပြင် လူဦးရေထူထပ်တဲ့ စမ်းချောင်း၊ ဗဟန်းမြို့နယ်တွေမှာဆိုရင်လည်း အငှားပိုဖြစ်လာတာကို တွေ့ရပါ တယ်။

'မြို့တွင်းမှာက project အသစ်တွေ သိပ်မရှိဘူး၊ ဒါကြောင့် အရောင်းအဝယ်ထက် အငှားက ပို ဖြစ် လာတယ်၊ ပြီးတော့ မြို့တွင်း က ဈေးများတော့ မြို့ထဲမှာ အလုပ် လုပ်ကိုင်သူတွေ ဝန်ထမ်းတွေသာ အငှားဖြစ်ကြပြီး ကိုယ်ပိုင် ပိုင်ဆိုင်သူတချို့တွေသာ နေထိုင်ကြပါတယ ' လို့ ဦးနေမင်းသူက ပြောပါတယ်။

မြို့တွင်း downtown ခြောက် မြို့ နယ်ရဲ့လူနေထိုင်မှုပုံစံမှာ တစ်စ တစ်စပြောင်းလဲလာပြီး တော့ လက်ရှိမှာဆိုရင် အဆောင် နေသူတွေ ပိုများလာခဲ့တယ်လို့ သိရပါတယ်။

အဆောင်အငှားတွေဆိုရင် နေရာအပြောင်းအလဲပေါ်မူတည် ပြီး တစ်ခန်းကို အခန်းဈေးနှုန်းမှာ ကျပ်၃၀,ဝဝဝ ကစပြီး ကျပ်၅၀,ဝဝဝ ဝန်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တွင်းက လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ကြတဲ့ မြို့စွန်နေထိုင်သူဝန်ထမ်းတွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် လုပ်ငန်းခွင်နဲ့ နီးစပ်ရာမှာ ငှားရမ်းနေထိုင်သူတွေလည်းသည်နှစ်တွေထဲမှာ များလာပါတယ်။ ယခင်ကတော့ ရန်ကုန်မြို့က အငှားဈေးကွက်က အိမ်ရာပိုင်ဆိုင်မှုမရှိသူနဲ့ နယ်မြို့ တွေက လာရောက်အလုပ်လုပ်ကိုင်ကြသူတွေသာရှိပေမဲ့သည် နှစ်တွေမှာ ပြောင်းလဲလာတာဖြစ်ပါတယ်။

 

Credit:   The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service