အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတကြီး ဂျော့ခ်ျဝါရှင်တန်နေထိုင်ခဲ့ဖူးသော နှစ်ပေါင်း ၃၀၀ သက်တမ်းရှိ အမျိုးသားသမိုင်းဝင်နေအိမ်ကြီးကို ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
1005 Views

အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးသမ္မတကြီး ဂျော့ခ်ျဝါရှင်တန်နေထိုင်ခဲ့ဖူးသော နှစ်ပေါင်း ၃၀၀ သက်တမ်းရှိ အမျိုးသားသမိုင်းဝင်နေအိမ်ကြီးကို ရောင်းချမည်

အမေရိကန်ပြည်ထောင်စု၏ ဖခင်ကြီး ဂျော့ခ်ျဝါရှင်တန်နေထိုင်ခဲ့ဖူးသော နှစ် ပေါင်း ၃၀၀ သက်တမ်းရှိ အမျိုးသားသမိုင်းဝင်နေအိမ်ကြီးကို ကန်ဒေါ်လာ ၇၉၀၀၀ ဖြင့် ရောင်းချရန် အရောင်းဈေးကွက် ၀င်လာသည်။ နယူးဂျာစီပြည်နယ်၊ ပရင့်စ်တန်မြို့လယ်မှ ၁၀ မိနစ် ခရီးအကွာတွင် တည်ရှိပြီး ၁၇၃၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် စံအိမ်ကြီးဖြစ်သည်။ ပရင့်စ်တန်မြို့၊ ရော့ကီဟေးလ် သမိုင်းဝင်ခရိုင်တွင် တည်ရှိကာ ယခင်က ဧက ၁၀၀ ကျယ်ဝန်းသည့် ယာတောခြံ ကြီး ဖြစ်သည်။ ပထမဆုံးပိုင်ရှင် အေဘရာဟမ် အို- ဗော်ဟီးစ်ကို အစွဲပြုကာ မာဖီ ဗော်ဟီးစ်စံအိမ်ဟု လူသိများသည်။ အဆိုပါစံအိမ်သည် ဒေသတွင်းနှင့် အမျိုးသားအဆင့် ရတနာတစ်ပါးဖြစ်သည်ဟု သတ်မှတ်ထားကြသည်။

စံအိမ်ကြီးအတွက် နာမည်အကျော်ဆုံး သမိုင်းဝင် ဖြစ်ရပ်မှာ ၁၇၈၃ ခုနှစ်တွင် ဂျော့ခ်ျဝါရှင်တနု နေထိုင်ခဲ့ဖူးခြင်း ဖြစ်ပြီး ပဲရစ်စာချုပ် (Treaty of Paris) နှင့် စပ်လျဉ်း၍ သတင်း များစောင့်ဆိုင်းနေစဉ် အဆိုပါစံအိမ်ကြီး၌ နေထိုင်ခဲ့ခြင်း ဖြစ် သည်။ သမိုင်းဝင် စံအိမ်ကြီးတွင် အိပ်ခန်း ၄ ခန်းပါဝင်ပြီး ခေတ်မီအဆင့်မြှင့်တင်မွမ်းမံမှုများ များစွာပြုလုပ်ထားသည်။

ရှေးရိုး ကိုလိုနီ ဆော့တ်ဘောက်စ် ဗိသုကာဟန်ဖြင့် ဆောက်လုပ် ထားပြီး ခြံအကျယ်အ၀န်း ၁ ဧကခန့်ရှိသည်။ မူရင်းစံအိမ်တွင် မီးခိုးခေါင်းတိုင် ၄ ခုပါဝင်သည့် အနက် ၃ ခုကို မူလအတိုင်းထိန်းသိမ်းထားရှိပြီး နှစ်ထပ် နေအိမ်ဖြစ်သည်။ ၂၁ ရာစု လူနေမှုဟန်နှင့် သဟဇာတဖြစ်အောင် မွမ်းမံထားပြီး မူရင်း မီးလင်းဖိုကြီး ၂ ခု ယနေ့တိုင် တွေ့မြင် နိုင်သေးသည်။

၁၇၈၀ ပြည့်နှစ်ကဆောက်လုပ်ခဲ့သော မူရင်း ဟင်း ချက်မီးလင်းဖိုကြီးမှာလည်း မူလအတိုင်း တည်ရှိနေသေးသည်။ ခေတ်မီအသုံးအဆောင်များအဖြစ် စတီးအသုံးအဆောင် ပစ္စည်းများ၊ ဗဟိုအပူချိန်ထိန်းညှိစနစ်၊ ကား ၂ စင်းဆန့် ကားဂိုဒေါင်တို့ ပါဝင်သည်။ Master Bedroom တွင် သီးသန့် မီးလင်းဖိုနှင့် အ၀တ်အစား ထားသိုခန်းတို့ ပါဝင်သည်။

ဂျော့ခ်ျဝါရှင်တန်သည် အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့သည့် ဖခင်ကြီးများတွင် တစ်ဦး အပါအ၀င်ဖြစ်ပြီး အမေရိကန်၏ ပထမဆုံးသမ္မတကြီးဖြစ်ကာ ၁၇၈၉ ခုနှစ်မှ ၁၇၉၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ တော်လှန်ရေးတပ်များကို ဦးဆောင်ကာ အင်္ဂလိပ် နယ်ချဲ့တို့ကို အောင်မြင်စွာ တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သူလည်း ဖြစ်သည်။

မွေးဖွား- ၁၇၃၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် ကွယ်လွန်- ၁၇၉၉ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်

ရှေရီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service