အမေရိကန်ပြည်ထောင်စုတွင် Trend အဖြစ်ဆုံး မီးဖိုဆောင် ဒီဇိုင်းများ၊ ကာလာများ၊ အသုံးပြုသည့်ပစ္စည်းများ၊ အလင်းပေးစနစ်များ - Property News in Myanmar from iMyanmarHouse.com
2154 Views

အမေရိကန်ပြည်ထောင်စုတွင် Trend အဖြစ်ဆုံး မီးဖိုဆောင် ဒီဇိုင်းများ၊ ကာလာများ၊ အသုံးပြုသည့်ပစ္စည်းများ၊ အလင်းပေးစနစ်များ

အမေရိကန်ပြည်ထောင်စုတွင် Trend အဖြစ် ဆုံး မီးဖိုဆောင် ဒီဇိုင်းများ၊ အရောင်များ၊ အသုံးပြုသည့်ပစ္စည်းများ၊ အလင်းပေးပုံများကို သိရှိလိုသော ကြောင့် လိုက်လံရှာဖွေ ဖတ်ရှုနေပါသလား။ ယင်းသို့ဆိုလျှင် ဤဆောင်းပါးမှာ သင်လိုအပ်နေသည့် ဆောင်းပါးပင် ဖြစ်၏။အမေရိကန်အမျိုးသား မီးဖိုဆောင်နှင့် ရေချိုးခန်းဆိုင်ရာအသင်းကြီး (NKBA) သည် ရာပေါင်းများစွာ သော အိမ်တွင်းဒီဇိုင်နာများ၊ ပြုပြင်မွမ်းမံမှုပြုလုပ်သူများ၊ ဗိသုကာပညာရှင်များနှင့် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သူ များ၊ ရောင်းချသူများနှင့် တွေ့ဆုံမေးမြန်းကာ လူကြိုက်အများဆုံး အရာ များ၊ မီးဖိုဆောင်ဒီဇိုင်း trend များကို လေ့လာစုံစမ်းခဲ့သည်။

အောက်ဖော်ပြပါတို့မှာ အမေရိကန်ပြည်ထောင်စု တွင် Trend ဖြစ်ဆုံး မီးဖိုဆောင် ဒီဇိုင်းများဟု NKBA မှ မန်နေဂျာ၊ ဒီဇိုင်နာ တစ်ဦးဖြစ်သူ အယ်လီ အိတ်ခ်ျ-မီလာ့ဒ်က ပြောပြခဲ့သည့်အရာများ ဖြစ်သည်။

အကျော်ကြားဆုံးဖြစ်နေသော မီးဖိုဆောင်ဒီဇိုင်း (၃) ခု

(၁) ယာတောအိမ် မီးဖိုဆောင်ဒီဇိုင်း

ယာတောအိမ် မီးဖိုဆောင်ဒီဇိုင်းသည် နာမည် အကျော်ဆုံးစတိုင်အဖြစ် ရပ်တည်နေသည်။

“ယာတောအိမ် မီးဖိုဆောင်ဒီဇိုင်းမှာ အရေးအကြီး ဆုံးဝိသေသလက္ခဏာကတော့ မီးဖိုဆောင်ကောင်တာထဲမှာ နေရာယူပြီးထည့်သွင်းပေးထားတဲ့ လက်ဆေးကန်ဖြစ်ပါတယ်။ ဒါ့အပြင် ခပ်ကြမ်းကြမ်းဆောက်လုပ်ထားတဲ့ သစ်သားရက်မတန်း တွေ(rugged wood beams)၊ ကြီးမားတဲ့ ညစာစားပွဲတွေဟာ မီးဖိုဆောင်ရဲ့ မြတ်နိုးဖွယ်ရာတွေ ဖြစ်ပါတယ်။ ယာတောအိမ်စတိုင် ဟာ နွေးထွေးမှုနဲ့အတူ အတိတ်ကိုလွမ်းဆွတ်ဖွယ်ရာတွေ ပါပေးစွမ်းတဲ့ အငွေ့အသက်တွေရရှိစေမှာ ဖြစ်ပါတယ်ရှင်”ဟု အယ်လီက ပြောကြားသည်။

 

(၂) ကူးပြောင်း ဒီဇိုင်း

ဒုတိယမြောက် trend အဖြစ်ဆုံး မီးဖိုဆောင်ဒီဇိုင်း မှာ “ကူးပြောင်း” ဟုခေါ်သော ဒီဇိုင်းဟန်ဖြစ်သည်။ ကူးပြောင်း ဒီဇိုင်းဟန်မှာ ခေတ်ပြိုင်နှင့် ရှေးရိုးဟန် တို့ကို ယှဉ်ပြပေါင်းစပ်ထားသည့် ဒီဇိုင်းဟန်တစ်ခု ဖြစ်၏။ အဆိုပါဒီဇိုင်းတွင် ပြတ်သားသည့် မျဉ်းဖြောင့်များ နှင့် နူးညံ့သော မျဉ်းကွေးများ တွေရမည်ဖြစ်ကြောင်း အယ်လီ က ရှင်းပြသည်။

(၃) ခေတ်ပြိုင်ဟန်

အမေရိကန်ပြည်ထောင်စုတွင် trend အဖြစ်ဆုံး မီးဖိုဆောင်ဒီဇိုင်းများအနက် တတိယနေရာတွင် ရပ်တည်နေ သည်မှာ ခေတ်ပြိုင်ဟန် ဖြစ်သည်။ “ခေတ်ပြိုင်ဟန်ဟာ အရိုးစင်းဆုံးပုံဖော်မှုတွေလုပ် တဲ့ minimalism ဟန်မျိုးလည်း ပေါက်ပါတယ်။ ခေတ်ပြိုင်ဟန် မှာ ခဏခဏတွေ့ရတတ်တာကတော့ ဘေးကာမပါတဲ့ မီးဖို ဆောင်ဗီရိုတွေ၊ ဆန့်ကျင်ဘက်အရောင်တွေကို တွေ့ရမှာ ဖြစ် ပါတယ်”ဟု အယ်လီက ပြောကြားသည်။ ၊

 

(ဆက်လက်ဖော်ပြပါမည်)

ရှေရှီ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ

Upcoming Property Events

shwe-moe-kaung
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service