အိမ်ခြံမြေ လုပ်ကိုင်သူများအား ယာယီလိုင်စင်ဖြင့် ကန့်သတ်မည် ဥပဒေပေါ်ထွက်ရေး လိုအပ်နေ - Property News in Myanmar from iMyanmarHouse.com
1150 Views

အိမ်ခြံမြေ လုပ်ကိုင်သူများအား ယာယီလိုင်စင်ဖြင့် ကန့်သတ်မည် ဥပဒေပေါ်ထွက်ရေး လိုအပ်နေ

အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသည့် အကျိုးဆောင်များအား ယာယီလိုင်စင်ဖြင့် ကန့်သတ်မည်ဖြစ်သော်လည်း လက်ရှိအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများ အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် ထိခိုက်စေမည်မဟုတ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (Myanmar Real Property Development Association) ဥက္ကဋ္ဌ ဦးတင်မောင်က ဒီဇင်ဘာ ၃၀ ရက်၌ ပြောဆိုခဲ့သည်။

"ဒီလိုင်စင်ပေါ်လာရင် ကျွန်တော်တို့ လုပ်စားလို့မရတော့ဘူးပေါ့။ မဟုတ်ပါဘူး၊ အခုလည်း ခွင့်ပြုထားတယ်။ နောက်လည်း ခွင့်ပြုမယ်။ ဒါပေမဲ့ ခွင့်ပြုတယ်ဆိုပေမယ့် စည်းကမ်းလေးနဲ့ညီညွတ်လာအောင် ဝန်ဆောင်မှုဥပဒေနဲ့အညီယာယီလိုင်စင်ထုတ်ပေးမယ်။ ဥပဒေကြမ်းမှာပါတာကတော့ တစ်နှစ်အတွင်း ပြည်သူအားလုံး လျှောက်ရမယ်။ ဒါ ယာယီလိုင် စင်ပေါ့။ သုံးနှစ်အတွင်းမှာ ကော်မတီအသီး သီးကနေ နိုင်ငံတော်နဲ့ညှိနှိုင်းပြီးတော့ ပြဋ္ဌာန်း တဲ့သင်တန်းတွေတက်ရမယ်။ လက်ရှိလုပ်စား နေတဲ့အဝန်းအဝိုင်းအတွင်းမှာ ကျွန်တော်တို့ဟာ ဥပဒေတစ်ခုပြုစုခြင်းကြောင့် ပြည်သူ ကို အလုပ်လက်မဲ့မဖြစ်စေပါဘူး"ဟု ၎င်းက ပြောဆိုသည်။

ယာယီလိုင်စင်လုပ်ရမည်

မကြာမီထွက်ရှိလာတော့မည့် အိမ်ခြံမြေဝန်ဆောင်မှုဥပဒေကြမ်း၌ အသက်(၁၈)နှစ် ပြည့်ပြီးသူမည်သူမဆို အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်ပါက အကျိုးဆောင်ယာယီလိုင်စင် ပြုလုပ်ရမည်ဖြစ်ပြီး ပညာအရည်အချင်းကန့် သတ်ချက်မထားကြောင်း ယင်းအခမ်းအနား မှသိရသည်။

လိမ်လည်မှုအချို့ရှိ

အိမ်ခြံမြေဝန်ဆောင်မှုဥပဒေ အတည်ပြု ပြဋ္ဌာန်းနိုင်ခြင်းမရှိသေးသည့်အတွက် လက်ရှိ အချိန်၌ အိမ်ခြံမြေအကျိုးဆောင်လောက အတွင်း ပုံစံအမျိုးမျိုးဖြင့်ဝင်ရောက်လုပ်ကိုင် နေကြပြီး လိမ်လည်ရောင်းချမှုနှင့် ပြဿနာ အချို့လည်းဖြစ်ပွားလျက်ရှိသည်။

ဥပဒေလိုအပ်

ထို့ပြင် နိုင်ငံခြားသားအချို့အနေဖြင့် ပြည်တွင်းအိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေခြင်းများ ရှိလာသည့်အပြင် အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းများ စနစ်တကျလည်ပတ်နိုင်ရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေတစ်ခုပေါ်ထွက်ရန် လိုအပ်လျက်ရှိကြောင်းသိရသည်။

Credit:   The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service