မြိတ်တောင်ရပ်ကွက်တွင် မြေဂရန် ပြုလုပ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
789 Views

မြိတ်တောင်ရပ်ကွက်တွင် မြေဂရန် ပြုလုပ်ပေးမည်

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်အတွင်း နေထိုင်သူများအား ယခုလမှ စတင်၍ မြေဂရန် ပြုလုပ်ပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများထံမှ သိရသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်က တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရအဖွဲ့နှင့် ပြည်သူလူထု မြိတ်မြို့ရှိ ပုလဲရတနာခန်းမ၌ တွေ့ဆုံစဉ် မြေဂရန်မရရှိသေးကြောင်း ပြည်သူတစ်ဦးမှ တင်ပြတောင်းဆိုခဲ့ခြင်းအပေါ် ဝန်ကြီးချုပ်က အမြန်ပြုလုပ်ပေးရန် ညွန်ကြားခဲ့ပြီးနောက် ယင်းသို့ စီစဉ်လာခြင်းဖြစ်သည်။

မြေဂရန်ပြုလုပ်ပေးရန်အတွက် လက်ရှိအချိန်၌ ဂရန်မရရှိသေးသည့် နေအိမ်များ၏ စာရင်းများကို ပြုစုနေပြီး စာရင်းများပြုစုပြီးပါက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ အမြန်ဆုံးတင်ပြ သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးအောင်ဗိုလ်ဝင်းက ပြောသည်။

“မြေပေးမိန့် (မြေချလက်မှတ်) ရှိသူတွေက ဂရန်ကိုအမြန်ဆုံးရနိုင်တယ်”ဟု ၎င်းက ပြောသည်။

မြေဂရန်လျှောက်ရာ၌ လျှောက်ထားသူ၏ လက်ဝယ်တွင် မြေပေးမိန့် ပျောက်သွားခြင်း၊ ပျက်စီးသွားခြင်းမျိုးရှိပါက မြေပေးမိန့် (မြေချလက်မှတ်) အသစ်ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး အိမ် သို့မဟုတ် အဆောက်အအုံ တစ်စုံတစ်ရာ မဆောက်လုပ်ထားသူများအား ဂရန်ထုတ်ပေးမည်မဟုတ်ကြောင်း ဦးအောင်ဗိုလ်ဝင်းက ဆိုသည်။

မြိတ်တွင် မြို့ပေါ်ရပ်ကွက်အများစုတွင် နေထိုင်သူများမှာ မြေဂရန်ရှိသူများ ဖြစ်ကြသည့်အတွက် မြေဂရန် မရှိသူများသည့် မြိတ်တောင်ရပ်ကွက်ကို ဦးစားပေး ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြိတ်တောင်ရပ်ကွက်တွင် နှစ် ၃၀ မြေဂရန်မရသေးသည့် ကွင်းပေါင်း ၈ ခု ရှိပြီး ၎င်းတို့အနက် ကွင်း ၅ ခုကို ဦးစားပေး ပြုလုပ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးစားပေးပြုလုပ်မည့် ကွင်း ၅ ကွင်းသည် မြေယာအထောက်အထားခိုင်မာမှုရှိပြီး ကျန် ၃ ကွင်းမှာ ပြန်လည်တိုင်းတာရမည့် မြေဖြစ်ကြောင်း ဦးအောင်ဗိုလ်ဝင်းက ဆိုသည်။

အထောက်အထားခိုင်မာမှုများ အပေါ်မူတည်၍ မြေဂရန်ပြုလုပ်ပေးသည့် လုပ်ငန်းမှာ အများဆုံး နှစ်နှစ်ခန့်အထိ ကြာမြင့်နိုင်ကြောင်း ၎င်းက ပြောသည်။

မြေဂရန်ပြုလုပ်ပေးမည့်ကိစ္စနှင့် ပတ်သက်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက တင်ပြလာသည့်အပေါ် သက်ဆိုင်ရာဌာနများနှင့် အစည်းအဝေးခေါ်ယူ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပြောသည်။

မြိတ်တောင်ရပ်ကွက်တွင် အိမ်ခြေ ၆၀၂၈ အိမ်ရှိပြီး အိမ်ခြေ ၂၃၀၀ ခန့်မှာ နှစ် ၃၀ မြေဂရန် လက်ဝယ်ရှိပြီး အိမ်ခြေ ၃၇၀၀ ကျော်မှာ မြေပုံကြမ်းကိုင်၍ နေထိုင်နေကြကြောင်း မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“နိုင်ငံ့အခွန်လည်းရ ပြည်သူတွေလည်း စိတ်ချမ်းသာမယ့် နှစ် ၃၀ ဂရန် ပြုလုပ်ပေးမယ်ဆိုရင် ရပ်ကွက်နေပြည်သူတွေ ဝမ်းသာကြမှာပါ”ဟု မြိတ်တောင် ရပ်ကွက်နေ ဒေါ်မာမာလွင်က ပြောသည်။

မြိတ်တောင်ရပ်ကွက် ရပ်ကွက်ခွဲ ပေါင်း ၂၀ ခန့် ရှိကြောင်း မြိတ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံမှသိရသည်။

 

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service