အဆောက်အအုံဆောက်လုပ်ခွင့်လျှောက်ထားရာတွင် မြေပုံ၊မြေရာဇဝင်မူရင်းတင်ပြရန်မလိုတော့ဟု ရန်ကုန်စည်ပင်ကြေညာ - Property News in Myanmar from iMyanmarHouse.com
6737 Views

အဆောက်အအုံဆောက်လုပ်ခွင့်လျှောက်ထားရာတွင် မြေပုံ၊မြေရာဇဝင်မူရင်းတင်ပြရန်မလိုတော့ဟု ရန်ကုန်စည်ပင်ကြေညာ

ရန်ကုန်မြို့တော်စည်ပင် သာယာရေးနယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခွင့် လျှောက်ထားရာတွင် မြေပုံ၊ မြေ ရာဇဝင်မူရင်း (Certified Map) တင်ပြရန် မလိုတော့ကြောင်း အင်ဂျင်နီယာဌာန(အဆောက်အအုံ) က ကြေညာသည်။

ယခင်က အဆောက်အအုံ ဆောက်လုပ်ရာတွင် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဌာနက တစ်နှစ်အတွင်း ထုတ်ပေးထား သည့် မြေပုံ၊ မြေရာဇဝင်မူရင်း (Certified Map) နှင့် နယ်နိမိတ် တိုင်းတာသတ်မှတ်မြေပုံ (Dem- arcation Map) တို့ တင်ပြရန် သတ်မှတ်ခဲ့သည်။

သို့သော် ၂၀၁၉ ဇန်နဝါရီ ၂ ရက်က စ၍ မြို့ပြစီမံကိန်းနှင့် မြေ စီမံခန့်ခွဲရေးဌာနက တစ်နှစ်အ တွင်းထုတ်ပေးထားသည့် နယ်နိမိတ်တိုင်းတာ သတ်မှတ်မြေပုံ (Demarcation Map) တစ်မျိုး တည်းသာတင်ပြရန် လိုကြောင်း အင်ဂျင်နီယာဌာန(အဆောက်အ အုံ)က ကြေညာထားသည်။

‘‘လုပ်ငန်းကြန့်ကြာမှုတွေ လျော့အောင်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ဖြေလျှော့ပေးလိုက်တဲ့ သဘော ပါပဲ’’ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

အဆောက်အအုံ ဆောက် လုပ်ရန် မြေပုံဖိုင်နှစ်ခုဖွင့်လှစ်ကာ အဆင့်ဆင့်တင်ပြရန် မလိုတော့ ဘဲ အဆောက်အအုံဆောက်လုပ် ရေးလုပ်ငန်းများ မြန်ဆန်စွာလုပ် လာနိုင်မည်ဖြစ်၍ ယင်းဖြေလျှော့ မှုကို ကြိုဆိုကြောင်းဆောက်လုပ် ရေးလုပ်ငန်းရှင်အချို့ကဆိုသည်။

‘‘ရုံးလုပ်ငန်းပိုင်းတွေလည်း ပိုမြန်သွားမှာပေါ့။ အရင်ကဆို ဖိုင်နှစ်ခုနဲ့ အဆင့်ဆင့်သွားနေရတာ အလုပ်လည်း ပိုရှုပ်တယ်။ မြေပုံ ထုတ်ပေးတဲ့ရက်ကိုလည်း မြန်မြန်ဆန်ဆန်လုပ်ပေးစေချင်တယ်’’ ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးလားဇာထွန်းက ပြောသည်။

လက်ရှိတွင် မြေပုံထုတ်ပေး သည့်ကာလသည် လျှောက်ထား ပြီး နှစ်ပတ်အတွင်း ဆိုသော်လည်းပြဿနာရှိပါကနှစ်နှင့်ချီကြာမြင့်တတ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့ကဆိုသည်။

ဆောက်လုပ်ခွင့် တင်ပြရာ တွင် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဌာန၏တစ်နှစ်အတွင်း ထုတ်ပေးသည့် မြေပုံသက်တမ်းအစား၂ နှစ်အတွင်း ထုတ်ပေးသည့်မြေပုံဟူ၍ ပေးသင့်ကြောင်း ၎င်းတို့က ပြောသည်။

‘‘မြေပုံထုတ်ပြီးမှ အကြောင်းကြောင်းကြောင့် အဆောက်အအုံ ဆောက်ဖို့မဖြစ်နိုင်တဲ့အခါမှာ သက်တမ်းပြည့်သွားလို့ နောက် တစ်ကြိမ်မြေပုံပြန်ထုတ်ရတာမျိုး တွေ ရှိတတ်တော့ မြေပုံသက်တမ်းတိုးပေးနိုင်ရင် ပိုအဆင်ပြေမယ်’’ ဟု ဦးလားဇာထွန်းက ပြောသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service