လာမည့်ဆယ်နှစ်ကျော်အတွင်းမြန်မာနိုင်ငံလူဦးရေး ၃၅ ရာခိုင်နှုန်းမြင့်တက်လာနိုင်ခြင်းကြောင့်အဆောက်အအုံလိုအပ်ချက် ပိုမိုများပြားလာနိုင် - Property News in Myanmar from iMyanmarHouse.com
1115 Views

လာမည့်ဆယ်နှစ်ကျော်အတွင်းမြန်မာနိုင်ငံလူဦးရေး ၃၅ ရာခိုင်နှုန်းမြင့်တက်လာနိုင်ခြင်းကြောင့်အဆောက်အအုံလိုအပ်ချက် ပိုမိုများပြားလာနိုင်

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ မြို့ပြလူဦးရေသည် စုစုပေါင်းလူဦးရေ၏ ၃၅ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာမည်ဟု မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် UN-Habitat တို့ ပူးပေါင်းရေးဆွဲထားသည့် အမျိုးသားမြို့ပြမူဝါဒ မူဘောင်တွင် ဖော်ပြထားပြီး ထိုကဲ့သို့တိုးပွားလာသည်နှင့်အမျှအိမ်ရာအဆောက်အအုံလိုအပ်ချက်မှာလည်းမြင့်မားနေဦးမည်ဖြစ်ကြောင်း သိရသည်။

မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် စပ်လျဉ်းသည့် စိန်ခေါ်မှုအသစ်များ အနေဖြင့် လက်ရှိ မြန်မာနိုင်ငံတွင် လူတစ်ဦး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးမှာ တစ်နှစ်လျှင် ခုနစ်ရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းခန့်အထိ မြင့်တက်လျက်ရှိသည်။ ထို့ကြောင့် မြို့ပြအသွင်ကူးပြောင်းမှုဖြစ်စဉ် အရှိန်အဟုန်မှာ ပိုမိုအားကောင်းလာမည်ဟု ခန့်မှန်းထားသည်။

မြန်မာနိုင်ငံအတွင်း လူဦးရေ ဖြန့်ကြက်နေထိုင်မှု၊ တိုးပွားမှု အခြေအနေများကို လေ့လာကြည့်ခြင်းအားဖြင့် မြို့ပြအသွင်ကူးပြောင်းမှု ဖြစ်စဉ်သည် ခြေကုပ်မိလာမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

လတ်တလော ရွှေ့ပြောင်းနေထိုင်မှုများသည် စီးပွားရေး အခွင့်အလမ်း အများဆုံး ရရှိနိုင်သော မြို့ကြီးများသို့ အဓိကဦးတည်နေပြီး ရွှေ့ပြောင်းနေထိုင်မှု ပိုမိုများပြားလာသဖြင့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ မြို့ပြလူဦးရေသည် ၃၅ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာမည်ဟု မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ မြို့ပြလူဦးရေသည် ၂၀၁၄ ခုနှစ်တွင် ၁၅ ဒသမ ၂ သန်းရှိခဲ့ရာမှ ၂၀၃၀ ပြည့်နှစ်တွင် ၂၀ ဒသမ ၄ သန်းခန့်ဖြစ်နိုင်ပြီး လူဦးရေ စုစုပေါင်း၏၃၅ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

အဆိုပါ မြို့ပြနေထိုင်သူ ၂၀ ဒသမ ၄ သန်းအနက် ၉ ဒသမ၂ သန်းခန့်မှာ လူဦးရေ တစ်သန်းအထက်ရှိသော မြို့ကြီးများတွင် နေထိုင်ကြမည်ဖြစ်ပြီး ၁ ဒသမ ၉ သန်းခန့်မှာမူ လူဦးရေ သုံးသိန်းမှ တစ်သန်းအတွင်းရှိသော အလယ်အလတ်မြို့များတွင် အခြေချ နေထိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။ လူဦးရေ သုံးသိန်းအောက် မြို့ငယ်များတွင်မူ ၉ ဒသမ ၃ သန်းခန့် အခြေချ နေထိုင်ကြလိမ့်မည်ဟု ယူဆကြောင်းလည်း ဖော်ပြထားသည်။

 

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service