ပုသိမ်တံတား အမှတ်(၂) စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် နေအိမ်နှင့် အဆောက်အအုံများအတွက် နစ်နာကြေးပေး - Property News in Myanmar from iMyanmarHouse.com
846 Views

ပုသိမ်တံတား အမှတ်(၂) စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် နေအိမ်နှင့် အဆောက်အအုံများအတွက် နစ်နာကြေးပေး

ပုသိမ်တံတားအမှတ်(၂) တည်ဆောက်ရေးဧရိယာအတွင်း ပါဝင်သည့် မြို့တစ်ဖက်ကမ်းရှိ စိန်ကုန်းရပ်ကွက်မှ လူနေအိမ်နှင့် အဆောက်အအုံ ၄၉ လုံးအတွက် နစ်နာကြေးများ ပေးအပ်ခဲ့ကြောင်း တံတားအထူးအဖွဲ့(၁၆) တာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဒေါ်သစ်သစ်အောင်က ပြောသည်။

ဒီဇင်ဘာ ၂၇ ရက်နံနက်က တံတားတည်ဆောက်ရေးရုံး ရှင်းလင်းဆောင်တွင် ယင်းအဆောက် အအုံများနှင့် သက်ဆိုင်သူများကို လျော်ကြေးကျပ် ၂,၅၈၈ သိန်းကျော် ပေးအပ်ခဲ့ကြောင်း ၎င်းက ပြောသည်။ ထိုသို့ပေးအပ်ခြင်းသည် လမ်း၏အလယ်မှ တစ်ဖက်လျှင် ပေ ၄၀ အတွင်း ပါဝင်သော အဆောက်အအုံများ၏တန်ဖိုးနှင့် ဖျက်သိမ်းခများ ထောက်ပံ့ခြင်းဖြစ်ကြောင်း ဒေါ်သစ်သစ်အောင်က ပြောသည်။

‘‘မြေယာလျော်ကြေးနဲ့ပတ်သက်ပြီးတော့ လျော်ကြေးစိစစ်ရေးအဖွဲ့ ဖွဲ့ထားပါတယ်။ ဒီအဖွဲ့ ကနေ အများပြည်သူမထိခိုက်အောင် တွက်ချက်မှုတွေ ဆောင်ရွက်ပြီးတော့ ပြည်ထောင်စုအစိုးရ ကိုတင်ပြပါတယ်။ အခုပေးအပ်တဲ့ ငွေကြေးပမာဏကလည်း ပြည်ထောင်စုအစိုးရရဲ့ခွင့်ပြုတဲ့ နှုန်း ထားနဲ့ ပေးတာပါ’’ဟု ဒေါ်သစ်သစ်အောင်က ပြောသည်။

အလားတူ တံတားတည်ဆောက်ရေးနှင့် ပတ်သက်၍ ပုသိမ်မြို့ဘက်ခြမ်းတွင် ရှိသော ဌာနဆိုင်ရာ အဆောက်အအုံများ၊ လူနေအိမ်ခြေများကို ယခုလဆန်းပိုင်းက နစ်နာကြေးများပေးအပ်ပြီးဖြစ်ကြောင်း ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ပြောသည်။ ပုသိမ်မြို့ဘက်ခြမ်းတွင် လျော်ကြေး၊ နစ်နာကြေးပေးရသည့် အဖွဲ့ခုနစ်ဖွဲ့ရှိပြီး ကျန်သိန်း လေးထောင်ကျော် ပေးအပ်ပြီးဖြစ်သည်ဟု၎င်းက ပြောသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လာရောက်ပန္နက်ချပေးခဲ့သော ပုသိမ်တံတား အမှတ်(၂)ကို ယခုနှစ်အောက်တိုဘာ ၂၇ ရက်က စတင် တည်ဆောက်ခဲ့သည်။ အရှည် ၂,၃၁၈ ပေရှိပြီး ပင်မတံတားတွင် သံမဏိသံပေါင်ခုံးများ ပါဝင်၍ သံကူကွန်ဂရစ်ဖြင့် တည်ဆောက်ရန် စီစဉ်ထားကြောင်း လမ်းအထူးအဖွဲ့(၁၆)၏ မှတ်တမ်းအရ သိရသည်။

ချဉ်းကပ်လမ်း အပါအဝင် ကျပ် ၂၁၁ သန်း ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ၂၀၂၀ သြဂုတ်တွင်အပြီးသတ်တည်ဆောက်ရန် စီစဉ်ထားသည်။ လက်ရှိတွင် တည် ဆောက်မှုပမာဏ ၉ ရာခိုင်နှုန်း ကျော်သာ ပြီးစီးသေးကြောင်း သိရသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service