Local Property News | Posted by Aye Myat Thu
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲနှင့် Yangon Metro Politan Development တို့ ပူးပေါင်းရေးဆွဲနေသည့် ရန်ကုန်တိုင်းဒေသကြီးအတွက် သီးသန့် Apartment Law (တိုက်ခန်းဥပဒေ)၏ မူကြမ်းကို လာမည့်နှစ်ဆန်းတွင် ထွက်ရှိနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိအများမျှော်လင့်နေကြသည့် မြန်မာတစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် Appartment Law ကို မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်း (MLCA) ကလည်း ရေးဆွဲလျှက်ရှိပြီး ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့်လွှတ်တော်တွင် တင်သွင်းရန်ရှိကြောင်း သိရသည်။
"အခုကဘောလောဆယ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွက် သီးခြား Apartment Law ထွက်ဖို့ရှိတယ်။ ဒါကို ပညာရှင်တွေနဲ့ရေးဆွဲနေပြီ။ ရန်ကုန်တိုင်းဒေသကြီးအတွက်ကတြော့မို့ ရွာနဲ့အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနက ပါဝင်ပြီးဆောင်ရွက်ပေးနေတယ်။ အဲ့ဒီမှာ အဓိကအားဖြင့် တိုက်ခန်းတွေကို ပိုင်ဆိုင်ခွင့်ရှိမယ်။ ခါတိုင်းလိုမဟုတ်ပဲ တရားဝင်စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ဆောင်ရွက်ရမယ်။ တရားဝင်ရောင်းလို့ ရမယ်။ ပေါင်လို့ ရမယ် "ဟု Yangon Metro Politan Development မှ တာဝန်ရှိသူတစ်ဦးမှပြောသည်။
လက်ရှိတွင် တိုက်ခန်းများမှာ မြေရှင်များ၏ ကွပ်ကဲမှုအောက်တွင်သာရှိနေသော်လည်း Apartment Law ထွက်ရှိပြီးပါက တိုက်ခန်းပိုင်ရှင်များ၏ ရသင့်ရထိုက်သည့်အခွင့်အရေးများလည်း ပါဝင်လာမည်ဖြစ်ပြီး နိုင်ငံခြားသားများကိုလည်း ရောင်းချခွင့်ရရှိလာမည်ဖြစ်ကြောင်း သိရသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com