ချစ်ကြည်ရေးတံတားတည်ဆောက်ရန်ကနဦးလုပ်ငန်းများ စတင်နေပြီဖြစ်သော်လည်း ဒလအိမ်ခြံမြေဈေးကွက်ထင်သလောက်အလုပ်မဖြစ်သေး - Property News in Myanmar from iMyanmarHouse.com
1888 Views

ချစ်ကြည်ရေးတံတားတည်ဆောက်ရန်ကနဦးလုပ်ငန်းများ စတင်နေပြီဖြစ်သော်လည်း ဒလအိမ်ခြံမြေဈေးကွက်ထင်သလောက်အလုပ်မဖြစ်သေး

ရန်ကုန်-ဒလ (ကိုရီးယား-မြန်မာ) ချစ်ကြည်ရေးတံတား တည်ဆောက်ရန် ကနဦးလုပ်ငန်းများစတင်နေပြီဖြစ် သော်လည်း ဒလမြို့နယ်အိမ်ခြံမြေဈေးကွက်မှာအေးစက်လျက်ရှိကြောင်းဒလမြို့နယ်အိမ်ခြံမြေလုပ်ငန်း အကျိုးဆောင်ကုမ္ပဏီများထံမှ စုံစမ်းသိရှိရသည်။

''တံတားတည်ဆောက်ဖို့ စက်ပစ္စည်းတချို့တဝက် တောင်ရောက်နေပြီ။ အိမ်ခြံမြေ ဈေးတွေကလည်း အရမ်းကိုပြုတ်ကျနေတယ်။ ပြန်တက်ရင်တောင် အရင်ကလောက်ပြန်တက်ဖို့မရှိတော့ဘူး။ ခုနောက်ပိုင်းက မြေကွက်တွေကိုသိပ်မရင်းကြတော့ဘူး။ မြေကွက်တကွက် (၂၀ x ၅ဝ) ကို သိန်းသုံး၊ လေး၊ ငါးရာဆိုတော့ ရင်းနှီးမြှုပ်နှံတဲ့သူတွေက လယ်ကွက်တွေပေါ်မှာပဲ ရင်းနှီးမြှုပ်နှံတော့တယ်။ လယ်ယာမြေ တွေတော့ အရောင်းအဝယ်ဖြစ်ကြတယ်။ ဒါပေမဲ့လည်းအဲ့ဒီ လယ်ယာမြေဈေးနှုန်းလည်း ငြိမ်နေဆဲပဲ။ '' လို့ ဒလအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတံတားတည်ဆောက်ရန် စီမံကိန်းများရေးဆွဲပြီးနောက်ပိုင်းတွင် ဒလမြို့နယ်အိမ်ခြံမြေဈေးနှုန်း မှ(၂၀×၅၀) မြေကွက်တကွက်လျှင် သိန်းတထောင်ကျော်ထိ မြင့်တက်ခဲ့ပြီး လက်ရှိ မြေကွက် ဈေးနှုန်းများမှာ ဒလ-တွံတေး လမ်းမကြီး ဘေးရှိ (၂၀ x ၅ဝ) မြေကွက် တကွက်လျှင် သိန်း ၇၅ဝ ကျပ်မှ သိန်း ၉ဝဝ ကျပ်အထိ သာရှိပြီး အတွင်းပိုင်းရှိ မြေကွက် (၂၀ x ၅ဝ) တကွက် သိန်း ၃ဝဝ ကျပ်မှ သိန်း ၆၀၀ ကျပ်အထိ သာရှိကြောင်းနှင့် လယ်တစ်ဧကလျှင် ကျပ်သိန်း ၃ဝ မှ သိန်း ၈၀ ကျော်အထိသာရှိကြောင်း သိရသည်။

 

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service