Local Property News | Posted by Zarni Kyaw
ပြည်တွင်းဆောက်လုပ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ခိုင်မာတဲ့ဥပဒေတွေလိုအပ်နေကြောင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ကန့်သတ်မှုများနေတာတွေ၊ ချေးငွေရရှိမှု ခက်ခဲနေတာတွေနဲ့ အိမ်ခြံမြေဈေးကွက်အရောင်းအဝယ်အေးလာခြင်းတွေကြောင့် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်တန့်လာခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိမှုတွေလည်း အားနည်းလာခဲ့သည်။ဆောက်လုပ်ရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လာစေဖို့ အတွက် ခိုင်မာတဲ့ နည်းဥပဒေတွေလိုအပ်နေတယ်လို့ တော်ဝင်မိသားစုကုမ္ပဏီမှ ဥက္ကဌ ဦးကိုကိုထွေးက ပြောသည်။
""လက်ရှိမှာတော့ ဆောက်လုပ်ရေးကဏ္ဍနှင့် အိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါတဲ့ ကွန်ဒိုမီနီယံဥပဒေ ကို လာမယ့် ၂၀၁၉ ခုနှစ်တွင် စတင်အသက်ဝင်တော့မှာဖြစ်တဲ့အတွက် ဆောက်လုပ်ရေးကဏ္ဍပြန်လည်ကောင်းမွန်လာနိုင်ဖို့ လုပ်ငန်းရှင်တွေအနေနဲ့ မျှော်လင့်နေကြတာဖြစ်ပါတယ်။ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်၊ နိုင်ငံခြားပညာရှင်များ၊ သက်ဆိုင်ရာ လုပ်ငန်းရှင်များ စုပေါင်းပြီး မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ Apartment Law ကို ရေးဆွဲနေပြီး ဆောက်လုပ်ရေးကဏ္ဍ ပြန်လည်ဦးမော့လာစေဖို့ ဆောင်ရွက်နေတယ် "'ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ ဦးရှိန်ဝင်းက ပြောဆိုသည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com