ပြည်နယ်နှင့် တိုင်းလေးခုတွင် ဇန်န၀ါရီ ၁ ရက်ကစ၍ ရွှေအလေးချိန်တွက်ချက်မှု တစ်ပဲလျှင် ရှစ်ရွေးဖြင့် ပြောင်းလဲကျင့်သုံးမည် - Property News in Myanmar from iMyanmarHouse.com
2711 Views

ပြည်နယ်နှင့် တိုင်းလေးခုတွင် ဇန်န၀ါရီ ၁ ရက်ကစ၍ ရွှေအလေးချိန်တွက်ချက်မှု တစ်ပဲလျှင် ရှစ်ရွေးဖြင့် ပြောင်းလဲကျင့်သုံးမည်

နိုင်ငံတစ်ဝန်း ရွှေ အလေးချိန် တွက်ချက်မှုပုံစံတစ် ပြေးညီဖြစ်စေရန် ၂၀၁၉ ဇန်န၀ါရီ ၁ ရက်ကစ၍ မန္တလေးအပါအ၀င် ပြည်နယ်နှင့် တိုင်းလေးခုတွင် တစ်ပဲလျှင်ရှစ်ရွေးနှုန်း သတ်မှတ်ကျင့်သုံးမည်ဟု မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက ပြော သည်။

‘‘ဇန်န၀ါရီ ၁ ရက်ကနေစပြီး အရောင်းအ၀ယ်လုပ်တာတွေ အားလုံးကို ရှစ်ရွေးနဲ့ပြောင်းလဲ တွက်ချက်ပေးသွားမှာ ဖြစ်ပါ တယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ သတင်းစာကနေ တရားဝင်ကြေ ညာသွားပြီးတော့ လက်ရှိခုနစ်ရွေး ခွဲနဲ့ ရောင်းချနေတဲ့ပြည်နယ်နဲ့ တိုင်းလေးခုလုံးမှာ ရွှေအလေး ချိန်တွက်ချက်မှုကို ပြောင်းလဲ ကျင့်သုံးသွားမှာဖြစ်ပါတယ်’’ ဟု ဦးတင်ထွန်းကပြောသည်။

ရွှေအလေးချိန် ရှစ်ရွေးသတ်မှတ်ရန် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်းတို့မှ ရွှေ လုပ်ငန်းရှင်များစုပေါင်း၍ ပြီးခဲ့ သည့် စက်တင်ဘာ ၉ ရက်တွင် ဆွေးနွေး အတည်ပြုခဲ့သည်။

‘‘နိုင်ငံခြားကို ရွှေတင်ပို့တာ၊ တင်သွင်းတာတွေလုပ်တဲ့အခါ မှာတစ်နိုင်ငံလုံးအလေးချိန်တွက် ချက်မှုပုံစံတူညီမှသာ လုပ်ငန်း ဆောင်ရွက်လို့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်နယ်နဲ့ တိုင်း လေးခုမှာပဲ ခုနစ်ရွေးခွဲနဲ့ ရောင်းဝယ်မှုတွေပြုလုပ်နေတာဖြစ်တာပါ။ ကျန်တဲ့မြို့တွေအားလုံးနီးပါး မှာက ရှစ်ရွေးနဲ့ပဲလုပ်နေတာဖြစ် တဲ့အတွက် အားလုံးတူညီသွားအောင် ပြောင်းလဲဖို့အတည်ပြု လိုက်တာဖြစ်ပါတယ်’’ ဟု ဦးတင် ထွန်းကပြောသည်။

လက်ရှိတွင် ရွှေအလေးချိန် တွက်ချက်မှု ပုံစံအရ ရှစ်ရွေးဖြင့်တွက်သည့် အောက်မြန်မာပြည် ၌ ရွှေတစ်ကျပ်သားလျှင် ၁၂၈ ရွေးအထိရှိပြီး ခုနစ်ရွေးခွဲဖြင့် တွက်ချက်သည့် အထက်မြန်မာ ပြည်တွင် တစ်ကျပ်သားလျှင် ၁၂၀ ရွေးသာရှိသဖြင့် တစ်နိုင်ငံလုံးတစ်ပြေးညီဖြစ်ရေးပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

‘‘ရှစ်ရွေးနဲ့ ခုနစ်ရွေးကွာတဲ့ အတွက် ရန်ကုန်မှာလည်း ပြဿ နာအများကြီးရှိပါတယ်။ ဆူးလေ ဘုရားမှာ ရွှေသွင်းတဲ့အခါမှာ မန္တလေးက ခုနစ်ရွေးခွဲနဲ့ဝယ်ပြီး ရန်ကုန်မှာ ပြန်ရောင်းတဲ့အခါ ရှစ်ရွေးနဲ့တွက်တဲ့အတွက် ရွှေ ကွာဟမှုဖြစ်နေတယ်ဆိုပြီးလျော် ခိုင်းတာမျိုးတွေရှိပါတယ်။ မြန်မာ တစ်နိုင်ငံလုံးတစ်ပြေးညီဖြစ်သွားရင်တော့ လုပ်ရတာအဆင်ပြေသွားမှာပါ’’ ဟုရန်ကုန်တိုင်းရွှေ လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးမျိုး မြင့်ကပြောသည်။

ရွှေအလေးချိန် ရှစ်ရွေးနှုန်း ဖြင့်တွက်ချက်မှုကို အထက်မြန်မာပြည်ရှိ ရွှေဆိုင်များ၊ ရွှေ သန့်စင်လုပ်ငန်း (လှော်ဖို) များ၊ ရွှေတူးဖော်ရေးလုပ်ငန်းများ၊ ရွှေပန်းထိမ်များ၊ ရွှေအပေါင်ဆိုင် များနှင့် ရွှေအရောင်းအ၀ယ်လုပ်ငန်းအားလုံး ပြောင်းလဲကျင့်သုံး ရမည်ဖြစ်သည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service