ကန်ဒေါ်လာ ၁၈၈ သန်းကျော် အသုံးပြုမည့် ရန်ကုန်-ဒလ တံတားစီမံကိန်း ပန္နက်တင်အခမ်းအနား ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
926 Views

ကန်ဒေါ်လာ ၁၈၈ သန်းကျော် အသုံးပြုမည့် ရန်ကုန်-ဒလ တံတားစီမံကိန်း ပန္နက်တင်အခမ်းအနား ပြုလုပ်

တည်ဆောက်ရန် တစ်နှစ်ကျော် ကြန့်ကြာခဲ့သည့် ကန် ဒေါ်လာ ၁၈၈ သန်းကျော် တန် ဖိုးရှိ ရန်ကုန်-ဒလ တံတား စတင် နိုင်ရေး ပန္နက်တင်အခမ်းအနား ကို  ဒီဇင်ဘာ ၂၄ ရက်က ဒလမြို့ ၌ ပြုလုပ်ခဲ့သည်။

ထိုတံတားကို မြန်မာ-ကိုရီး ယား ချစ်ကြည်ရေးတံတားဟုခေါ် ပြီး ရန်ကုန်မြို့နှင့် ဒလမြို့နယ်ကို ပထမဦးဆုံးဆက်သွယ်ပေးမည့် တံတားဖြစ်သည်။

 တံတားတည်ဆောက်ရန် ပန္နက်တင်အခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နှင့် ကိုရီးယား နိုင်ငံမှ ဝါရင့်စီးပွားရေးအကြံပေး နှင့် Presidential Committee On New Southern Policy ဥက္ကဋ္ဌ မစ္စတာကင်ဟွန်းချွယ်တက် ရောက်ခဲ့သည်။

ထိုတံတားကို တည်ဆောက် ခြင်းဖြင့် ဒလဒေသဖွံ့ဖြိုးရေးမှ တစ်ဆင့် မြန်မာ့စီးပွားရေးပိုမိုဖွံ့ ဖြိုးတိုးတက်ရန် ရည်ရွယ်သည်ဟု ကင်ဟွန်းချွယ်ကပြောသည်။

‘‘ရန်ကုန်မြစ်ကို ဖြတ်သန်း သွားလာရာမှာ အန္တရာယ်ဖြစ်စေ နိုင်တဲ့ အခြေအနေဖြစ်ပေါ်နေတာ ရှိတယ်လို့ စိတ်မကောင်းစွာကြားရပါတယ်။ တံတားဆောက်လုပ် ပြီးစီးရင် နောက်ထပ်မလိုလား အပ်တဲ့ အန္တရာယ်ဖြစ်စေနိုင်တာ တွေ ပေါ်နိုင်တော့မှာ မဟုတ်ပါ ဘူး’’ ဟု ၎င်းက ဆက်လက်ပြော သည်။

ယခုတံတားစီမံကိန်းသည် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၏ ဟန်မြစ်တစ်ဖက်ကမ်း ဂမ်နမ် ဒေသဖွံ့ဖြိုးရေး စီမံကိန်းကဲ့သို့ ရန်ကုန်မြစ်တစ်ဖက်ကမ်းဖွံ့ဖြိုးရေး စီမံကိန်းဖြစ်လာနိုင်သည်ဟု ကင်ဟွန်းချွယ်က ပြောသည်။

အဆိုပါ တံတားတည် ဆောက်ခြင်းသည် နောင်တစ်ချိန်တွင် ပေါ်ပေါက်လာမည့် ဒလ ဒေသမြို့သစ် စက်မှုဇုန် တည်ဆောက်ရေးတွင် အားထားသည့်  အခြေခံအုတ်မြစ် ဖြစ်သည်ဟု ကိုရီးယားနိုင်ငံက ဆိုထားသည်။

အဆိုပါတံတားစီမံကိန်း သည် မြန်မာ- ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရေးပူပေါင်းဆောင်ရွက် မှု၏ အသီးအပွင့်ဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးဟန်ဇော်ကဆို သည်။

ထိုတံတားသည် စုစုပေါင်း အရှည်ပေ ၆,၀၀၀ ကျော်ရှိပြီး လေးလမ်းသွား ကြိုးဆိုင်းတံတား ဖြစ်သည်။

ထိုတံတားသည် ရန်ကုန် တိုင်းလသာမြို့နယ်နှင့် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း တို့ကို ဆက်သွယ်ပေးမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့သို့ ထပ်ဆင့် ဆက်သွယ်နိုင်သည်ဟု ဦးဟန် ဇော်က ပြောသည်။

တံတားစီမံကိန်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်  ကိုရီးယားနိုင်ငံကြား ပူးပေါင်း ဆောင်ရွက်နေသည့် စီမံကိန်းနှစ် ခုအနက် တစ်ခုဖြစ်ပြီး ကျန်တစ် ခုမှာ ညောင်နှစ်ပင်တွင်ဆောင် ရွက်မည့် ကိုရီးယား- မြန်မာ စက်မှုမြို့ပြ စီမံကိန်း (KMIC) ဖြစ်သည်ဟု ဦးဟန်ဇော်က ပြော သည်။

ရန်ကုန်-ဒလ တံတားသည် ဒေသခံများ မျှော်လင့်နေသည့် စီမံကိန်းဖြစ်ပြီး သတ်မှတ်ချိန်အ တိုင်း ပြီးစီးရန် မျှော်လင့်ထား သည်ဟု ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်နေ ဒေါ်အေးမာက ပြောသည်။

တံတားတည်ဆောက်ချိန် လေးနှစ်ကြာမည်ဖြစ်ပြီး ၂၀၂၂ တွင် ပြီးဆုံးမည်ဟု ကိုရီးယားနိုင်ငံ နှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန က ခန့်မှန်းထားသည်။

တံတား တည်ဆောက်ရန် ကိုရီးယားနိုင်ငံ မှ စတုတ္ထအကြီးဆုံး ကုမ္ပဏီတစ်ခု ဖြစ်သည့် GS စွမ်းအင်နှင့်ဆောက်လုပ်ရေး ကုမ္ပဏီက တင်ဒါရရှိခဲ့ သည်။

မြန်မာ-ကိုရီးယားချစ်ကြည် ရေး (ဒလ) တံတားကို ကိုရီးယား  နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေ (EDCFI Loan) ချေးငွေ ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ အစိုးရက  ၃၀ ဒသမ ၃၄၁ သန်းစုစုပေါင်း ဒေါ်လာ  ၁၆၈ ဒသမ ၁၇၄ သန်း ဖြင့်  တည်ဆောက်မည်ဖြစ် ကြောင်း   ဆောက်လုပ်ရေးဝန်ကြီး ဌာနက  ကနဦးခန့်မှန်းတွက်ချက် ထားသည်။

သို့သော် မြန်မာ့စက်မှုဆိပ် ကမ်း (MIP) ဦးဆောင်၍ အခြား ပုဂ္ဂလိကဆိပ်ကမ်းငါးခုသည်ဒလ တံတားတည်ဆောက်ရေးစီမံ ကိန်းကို ကန့်ကွက်မှုများကြောင့် တံတားဒီဇိုင်း ပြန်လည်ပြင်ဆင် ခဲ့ရသည်။  ထို့ကြောင့် ဒေါ်လာသန်း၂၀ ကျော် ပိုမိုကုန်ကျပြီး  ယင်း ချေးငွေအတွက် ညှိနှိုင်းနေဆဲဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးကျော်ကောင်းချိုက ပြောကြားသည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

Upcoming Property Events

From 24 May To 25 May

The Rich Villa

imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service