ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း သတ်မှတ်ဧရိယာပါဝင်သည့် ကျေးရွာ ၂၂ ရွာမှ လူဦးရေ ၁၀ဝ၀ဝ ကျော် ရွှေ့ပြောင်းနိုင်ခြေရှိ - Property News in Myanmar from iMyanmarHouse.com
861 Views

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း သတ်မှတ်ဧရိယာပါဝင်သည့် ကျေးရွာ ၂၂ ရွာမှ လူဦးရေ ၁၀ဝ၀ဝ ကျော် ရွှေ့ပြောင်းနိုင်ခြေရှိ

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းတည်ဆောက်လာပါက ဇုန်သတ်မှတ်ဧရိယာအတွင်းပါဝင်နေသည့် ကျေးရွာ အုပ်စုကိုးအုပ်စုရှိ ကျေးရွာပေါင်း ၂၂ ရွာမှ လူဦးရေ ၁၀ဝ၀ဝ ကျော်အထိ ရွှေ့ပြောင်းရနိုင်ခြေရှိကြောင်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဒေသ တောင်သူလယ်သမားများလူမှုဘဝဖွံ့ဖြိုးရေးအသင်းမှ သိရသည်။

ကျောက်ဖြူအထူးစီးပွားရေး ဇုန်တည်ဆောက်မည့်သတ်မှတ်ဧရိယာသည် ကျောက်ဖြူမြို့နယ်အတွင်းကျေးရွာပေါင်း ၃၅ ရွာမှ လယ်မြေ ၉၉၈ ဒသမ ၅၀ ဧက၊ မြေလွတ်မြေရိုင်း ၁၈၆၉ ဒသမ ၃၃ ဧက၊ ဥယျာဉ်မြေ ၆၄၅ ဒသမ ၉၅ ဧက၊ ဓနိမြေ ၇၂ ဒသမ ဝ၀ ဧကနှင့် အခြား အသုံးပြုခွင့်မြေ ၁၁၅ ဒသမ ၇၀ ဧက၊ လမ်း မြေ ၂ ဒသမ ၄၀ ဧက၊ ဆည်၊ ကန်နှင့် တာ တမံမြေ ၄၉၆ ဒသမ ၉၆ ဧကသတ်မှတ်ထား ကြောင်း သိရသည်။

ဖယ်ရှားပေးရနိုင်

"ရွာသူရွာသားတွေက SEZ လာမယ့်ဟာ ကို တွေးကြောက်ပူပန်နေကြတယ်။ အစိုးရနဲ့ စီမံကိန်းတည်ဆောက်မယ့် CITIC ကုမ္ပဏီ အနေနဲ့ ရွာတွေကိုဖယ်ရှားပြီး လယ်မြေတွေ ကိုသိမ်းမယ်။ အဲဒါနဲ့ပတ်သက်ပြီး အစားထိုး မြေတို့ ဘာတို့ကို ဘယ်လိုအစီအစဉ်ရေးဆွဲ ထားလဲဆိုတာကို မသိသေးဘူး"ဟု ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဒေသ တောင်သူလယ်သမား များလူမှုဘဝဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးလှသိန်း က ပြောဆိုသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း၊ အိုးအိမ်ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ဟိုတယ်ဇုန် စီမံကိန်းတည်ဆောက်မည့် သတ်မှတ်ဧရိယာ အတွင်း ကပ်သပြေ၊ သိုင်းချောင်း၊ ကြတ္တိန် စသည့်ကျေးရွာအုပ်စု ကိုးအုပ်စုပါဝင်နိုင်၍ဖယ်ရှားပေးရနိုင်ကြောင်း သိရသည်။

စိုးရိမ်စိတ်

ကျေးရွာဒေသခံများအနေဖြင့် စီမံကိန်း တည်ဆောက်လာပါက ဖယ်ရှားခံရမည်ကိုစိုးရိမ် စိတ်များဖြစ်ပေါ်နေပြီး စီမံကိန်းတည်ဆောက်မည့် CITIC ကုမ္ပဏီအုပ်စုနှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေး ကော်မတီ အနေဖြင့် ကျေးရွာများအား ဖယ်ရှားရာတွင် မြေအစားထိုးချပေးမည်ကို ချပြထားခြင်းမရှိ သေးကြောင်း သိရသည်။

ဖယ်ရှားမည်မဟုတ်

"ဒီမြေ၊ ဒီရေ၊ ဒီနေရာတွေကို ကျွန်တော် တို့ရဲ့ ဘိုးဘေးတွေဦးချခဲ့တဲ့ ကျွန်တော်တို့ရဲ့ သမိုင်း၊ ကျွန်တော်တို့ ဒီမြေတွေကို သံယောဇဉ် ရှိပါတယ်။ စောင့်ရှောက်ဖို့တာဝန်ရှိတယ်။

ဒီနေရာက တစ်လက်မမှ ဖယ်ရှားပေးတော့မှာ မဟုတ်ဘူး။ လျော်ကြေးပေးမယ်၊ မြေအစား ထိုးပေးမယ့်ဟာတွေ တစ်ခုမှလက်ခံမှာမဟုတ် ဘူး"ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန်သတ် မှတ်ဧရိယာအတွင်းရှိ ပျားတဲကျေးရွာမှ တောင်သူဦးအောင်ခင်ညွန့်က ပြောဆိုသည်။

စီမံကိန်းကြောင့် လယ်သိမ်း၊ မြေသိမ်းမှုများ နှင့် ကျေးရွာများ ပြောင်းရွှေ့ခံရမှုများရှိလာပါ က ဒေသခံများအနေဖြင့် လူမှုဘဝအခြေအနေ များ ပျက်စီးသွားနိုင်ကြောင်းလည်း ဒေသခံများ က ပြောဆိုသည်။

ညှိနှိုင်းပေးမည်

"ကျွန်တော်က ကျောက်ဖြူမှာ တာဝန်ကျတာ မကြာသေးဘူးဆိုတော့ SEZ နဲ့ ပတ်သက်ပြီး သိပ်ပြီးမသိရှိသေးဘူး။ ကျေးရွာတွေရွှေ့ပြောင်း ခံရမယ်လို့တော့ မကြားသေးဘူး။ စီမံကိန်းမှာ ပါတဲ့ လယ်မြေတွေကိုလည်း နစ်နာမှုမရှိအောင် ညှိနှိုင်းပေးဖို့တော့ တာဝန်ရှိလာရင်လုပ်ပေး သွားဖို့ဆန္ဒရှိပါတယ်"ဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောဆိုသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းအား ၂၀၁၉ ခုနှစ်အတွင်း စတင်အကောင် အထည်ဖော်မည်ဖြစ်ရာ စီမံကိန်းဖော်ဆောင် ရာတွင် မြန်မာဘက်မှ အစုရှယ်ယာရာခိုင်နှုန်း ၃၀၊ တရုတ်ကုမ္ပဏီ CITIC အုပ်စုမှ ရာခိုင်နှုန်း ၇၀ ရရှိမည်ဖြစ်သည်။

 

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service