မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ် (MLCA)မှ ဆောက်လုပ်ထားသောတိုက်ခန်းများကိုမြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA)မှ တာဝန်ယူရောင်းချပေးသွားမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1371 Views

မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ် (MLCA)မှ ဆောက်လုပ်ထားသောတိုက်ခန်းများကိုမြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA)မှ တာဝန်ယူရောင်းချပေးသွားမည်ဟုဆို

မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်(MLCA - Myanmar Licensed Contractors Association)မှ ဆောက် လုပ်ထားသောတိုက်ခန်းများအား မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင် မှုအသင်း ( MRESA - Myanmar Real Estate Services Association ) မှ တာဝန်ယူ ရောင်းချပေးသွားမည်ဖြစ်ကြောင်း( MRESA - Myanmar Real Estate Services Association ) မှ ဥက္ကဋ္ဌ ဦးခင်မောင် သန်းက ပြောသည်။

(MLCA - Myanmar Licensed Contractors Association)မှ ကန်ထရိုက်တာ အသင်းဝင်များ ဆောက်လုပ်ထားသော တိုက်ခန်းများ၊ မြေကွက်များစွာ ရှိနေခြင်းကြောင့် ယင်းတိုက်ခန်းနှင့် မြေကွက်များအား ( MRESA - Myanmar Real Estate Services Association )အသင်းဝင်များက တာဝန်ယူရောင်းချပေးရန်အတွက် ပူးပေါင်း ဆောင်ရွက်ကြရန် ဒီဇင်ဘာ ၁၅ ရက်က ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်တွင် မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA - Myanmar Licensed Contractors Association)နှင့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ( MRESA - Myanmar Real Estate Services Association ) တို့ နားလည်မှုစာချွန်လွှာ(MoU)လက်မှတ်ရေးထိုးပွဲကို ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ယနေ့ ဈေးကွက်စီးပွားရေး စနစ်တွင် အတူတကွ လက်တွဲကာ အသင်းသူအသင်းသားများ အကျိုး စီးပွားများနှင့် နိုင်ငံတော်အကျိုး စီးပွားကို ပုံဖော်နိုင်ရန်အတွက် ယခု ကဲ့သို့(MoU)လက်မှတ်ရေးထိုး ကာ ပူးပေါင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း( MRESA - Myanmar Real Estate Services Association )မှဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောသည်။

ရှေ့ဆက်ပြီး(MoU)လက် မှတ်ရေးထိုးပြီးချိန်မှာ လိုင်စင်ရ ကန်ထရိုက်တာများအသင်းက လည်း သူတို့ဆောက်လုပ်ထားတဲ့ ပရော့ဂျက်တွေ၊ ပရော့ဂျက်မဆောက် ခင်၊ ဆောက်နေဆဲ၊ ဆောက်ပြီးတဲ့ ကာလကို မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းလက်ထဲကို ယုံယုံကြည်ကြည်အပ်ပြီးတော့ ဒီအခန်းတွေ အမြန်ဆုံးရောင်းရပြီး လိုင်စင်ရ ကန်ထရိုက်တာများ အသင်းမှာပါတဲ့ အသင်းသူအသင်းသားများအကျိုးကို ပုံဖော်နိုင်ဖို့ဖြစ် သလို ဒီလိုယုံကြည်စွာနဲ့ အိမ်ခြံ မြေပရော့ဂျက်တွေကို မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းကို လိုင်စင်ရကန်ထရိုက်တာအသင်း က ယုံကြည်စွာအပ်နှံတဲ့အခါမှာ ဒီလိုအပ်နှံဖို့အတွက် ကြိုးစားပြီး တော့ ရောင်းပြီးတော့ ငွေမြန်မြန် ပေါ်လာဖို့ကို မြန်မာနိုင်ငံ အိမ်ခြံမြေအသင်းက တာဝန်ယူလုပ် ဆောင်ပေးသွားမှာဖြစ်ပါတယ်""ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်အခြေအနေကြောင့် ကန်ထရိုက်တာများလက်တွင် မရောင်း ရသေးသည့်တိုက်ခန်း သောင်းချီ ကျန်ရှိနေသကဲ့သို့ လုပ်ငန်းစတင် နိုင်ခြင်းမရှိသေးသောမြေကွက် များ စွာပိုင်ဆိုင်မှုများရှိနေကြောင်း လက်ရှိတွင် ကန်ထရိုက်တာအများစုသည် မြေကွက်တစ်ကွက်ကို အိမ်ရှင်နှင့်ညှိနှိုင်းကာ ဈေးကွက်ကို အပေါ်ယံလေ့လာ၍ တည်ဆောက် ပြီး ဆောက်လုပ်ပြီးလျှင် နီးစပ်ရာ သို့ ရောင်းသည့်စနစ်ကို အသုံးပြု နေကြကြောင်း မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

""ပရော့ဂျက်မစခင်ကတည်းက အကျိုးဆောင်ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒီကန် ထရိုက်တာတွေအနေနဲ့ရော ပိုပြီး အကျိုးရှိမယ်လို့ထင်ပါတယ်။ ပြည် တွင်းအိမ်ခြံမြေဈေးကွက်အေး နေတာဖြစ်တဲ့အတွက် အိမ်ခြံမြေအကျိုးဆောင်အဖွဲ့နဲ့ ကန်ထရိုက် တာအဖွဲ့တွေ အမှန်တကယ်ကို နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ပြီး ဝယ်သူတွေ စိတ်ကျေနပ် အောင်၊ ယုံကြည်မှုရအောင် ပူးပေါင်းဆောင်ရွက်မှပဲ ဒီလောကက မြန်မြန်ပြန်တက်လာမယ့် သဘောရှိပါတယ်""ဟု ၄င်းက ပြောသည်။

လေးနှစ်နီးပါး အေးစက်နေ သော အိမ်ခြံမြေဈေးကွက်မှာ ၂၀၁၉ ခုနှစ်အတွင်း ပြန်လည်ကောင်းမွန် လာမည်ဟု မျှော်လင့်ထားကြောင်း( MRESA - Myanmar Real Estate Services Association ) မှ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင်ကပြောသည်။ " အန်တီတို့အသင်းက ဝန် ဆောင်မှုပေးတဲ့အသင်း၊ သူတို့တွေကတော့ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကြတဲ့ ကန်ထရိုက်တာအသင်း ဆိုတော့ သူတို့မှာ အခန်းတွေအများကြီးရှိတယ်။ အရောင်းအဝယ် လုပ်မယ့်မြေကွက်တွေ အများကြီးရှိတယ်။ အန်တီတို့နဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်တယ်။ သူတို့ဆောက်တဲ့အခန်းတွေကို အန်တီတို့ အသင်းဝင်တွေက ရောင်းပေး မယ် "ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်(MLCA - Myanmar Licensed Contractors Association)နှင့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင် မှုအသင်း( MRESA - Myanmar Real Estate Services Association )တို့ ပူးပေါင်း ကာ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းသာမက ဝယ်ယူနေထိုင်သူများအတွက် လုံခြုံရေးအပါအဝင် အထွေထွေကိစ္စများကိုပါ စနစ်တကျ ဝန်ဆောင်မှုပေးနိုင်သောဝန်ဆောင်မှုကုမ္ပဏီတစ်ခုကို ထူထောင်လိုသည်ဟု မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်(MLCA - Myanmar Licensed Contractors Association)ဥက္ကဋ္ဌ ဦးကျော်ဝင်း က အဆိုပါ(MoU)ရေးထိုးပွဲတွင် ပြောကြားခဲ့သည်။

 

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service