ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းသုံးသိန်းခန့် ရောင်းချရန် ကျန်နေသေး၂၀၁၉ နှစ်လယ်ပိုင်းတွင် အိမ်ခြံမြေဈေးကွက်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ အနည်းငယ်ပြန်လည်တိုးတက်လာနိုင်ဟုဆို - Property News in Myanmar from iMyanmarHouse.com
3707 Views

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းသုံးသိန်းခန့် ရောင်းချရန် ကျန်နေသေး၂၀၁၉ နှစ်လယ်ပိုင်းတွင် အိမ်ခြံမြေဈေးကွက်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ အနည်းငယ်ပြန်လည်တိုးတက်လာနိုင်ဟုဆို

လက်ရှိ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း ရောင်းချရန်ကျန်ရှိနေသေးသော တိုက်ခန်းအရေအတွက် သုံးသိန်းခန့်ရှိနေကြောင်း မြန်မာနိုင်ငံအိမ် ခြံမြေဝန်ဆောင်မှုအသင်း ( MRESA - Myanmar Real Estate Services Association ) မှ သိရသည်။

ဒေါပုံ၊ သာကေတ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်းမြို့နယ်တို့ တွင်တည်ဆောက်ထားပြီး အရောင်းအဝယ်မဖြစ်သေးသည့် တိုက်ခန်းများ စွာကျန်နေပြီး လက်ရှိတွင် စီးပွားရေး အတွက် ဝယ်ယူရင်းနှီးမြှုပ်နှံသူထက် အမှန်တကယ်နေထိုင်လိုသူများသာ ဝယ်ယူမှုရှိနေကြခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်း ( MRESA - Myanmar Real Estate Services Association ) မှ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်မို့မို့အောင် က ဒီဇင်ဘာ ၁၇ ရက်က ဒီမိုကရေ စီတူဒေးသို့ ပြောသည်။

""ဝန်ဆောင်မှုပေးတဲ့သူတွေကလည်း ပြန် ရောင်းရင်၊ ရင်းနှီးမြှုပ်နှံရင်၊ ဘယ်လောက်ကာလမှာ ဘယ်လောက်မြတ်နိုင်မယ်ဆိုတာကို တွက်ပေးလို့ မရဘူး။ အဲဒီလို အခြေအနေတွေ ဖြစ်နေတဲ့အခါ ကျတော့ တစ်နိုင်ငံလုံးနဲ့ခြုံငုံကြည့်ရင် မကောင်းဘူးလို့ ပြောလို့ရမယ်""ဟု ၄င်းကပြောသည်။

လတ်တလောအိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းအခြေအနေမှာ အားနည်းနေသော်လည်း ၂၀၁၉ခုနှစ် နှစ်လယ်ပိုင်းတွင် ကွန်ဒိုမီနီယံ ဥပဒေသစ်မှာ စတင်လည်ပတ်နိုင်မည်ဖြစ်သကဲ့သို့ ကွန် ဒိုအဆင့်မဟုတ်သော သာမန်တိုက်ခန်းဥပဒေ လည်း ထွက်လာနိုင်ဖွယ်ရှိခြင်းကြောင့် ၂၀၁၉ နှစ် လယ်ပိုင်းတွင် အိမ်ခြံ မြေဈေးကွက်နှင့် ဆောက်လုပ်ရေးလုပ်ငန်းအခြေအနေများမှာ အနည်းငယ် ပြန်လည်တိုးတက်လာနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် ( MCEA - Myanmar Construction Entrepreneurs Association ) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်က ဒီဇင်ဘာ ၁၇ရက်က ပြောသည်။

ကွန်ဒိုအဆင့်မဟုတ်သော တိုက်ခန်းများနှင့် သက်ဆိုင်သည့် အခွင့်အရေးများ၊ တိုက်ခန်းပိုင် ဆိုင်သူများအတွက် ပိုင်ဆိုင်မှုခိုင်မာစေရန်နှင့် တရားဝင်စာချုပ်စာတမ်းများဖြင့် ရောင်းဝယ်ရေး လုပ်ငန်းဆောင်ရွက်နိုင်သော အချက်များပါဝင်သည့် Apartment Law သည် ယခင်အခါက ပြည်သူ့လွှတ်တော်တွင်ဆွေးနွေးနေသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တွင် ကွန်ဒိုတိုက်ခန်းများထက် သာမန်တိုက်ခန်း အရေအတွက်မှာ သိန်းချီရှိနေခြင်းကြောင့် ယင်း တိုက်ခန်းဥပဒေသည် ပိုမိုအကျိုးသက်ရောက်မှုများ နိုင်မည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာစေရေးအတွက် အခွန်ပိုင်းဆိုင်ရာဖြေလျှော့ပေးရန် နှင့် ဥပဒေများခိုင်မာစွာရှိ ရန်လိုအပ်သကဲ့သို့ အစိုးရအနေဖြင့် ကျဆင်းနေသော စီးပွားရေးကဏ္ဍများ ကိုလေ့လာကာ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ဒေါ်မို့မို့အောင်က ဆက်လက်ပြောသည်။

လက်ရှိတွင် တည်ဆောက်ထားပြီး ရောင်းထွက်ခြင်းမရှိသည့် တိုက်ခန်းများရှိနေရာ ရေရှည် ရင်းနှီးမြှုပ်နှံမှုမလုပ်နိုင်သော လုပ်ငန်းရှင်များအနေ ဖြင့် လျှော့ဈေး များဖြင့် ရောင်းချမှုများရှိကြောင်း အိမ်ခြံမြေဈေးကွက်မှ သိရသည်။

 

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service