မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီအဆောက်အအုံများ ပေါ်ထွန်းလာရေးအတွက်(MCEA)နှင့် (MLCA)အသင်းတို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
697 Views

မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီအဆောက်အအုံများ ပေါ်ထွန်းလာရေးအတွက်(MCEA)နှင့် (MLCA)အသင်းတို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

နိုင်ငံတကာအဆင့်မီ အဆောက်အအုံများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (MCEA) နှင့်မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA) တို့နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြသည်။ အဆိုပါလက်မှတ်ရေးထိုးပွဲ ကို ဒီဇင်ဘာ၁၆ရက်က ရန်ကုန် မြို့ရှိ SkyStar ဟိုတယ်တွင်ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်ဥက္ကဋ္ဌ ဦးကျော်ဝင်းက "အခုဆောက်လုပ် ရေးလုပ်ငန်းအားလုံး အစာမကြေဘဲနဲ့ဗိုက်ခွဲရမယ့် အဆင့်ကိုရောက် နေတဲ့ အနေအထားရှိပါတယ်။ကျွန်တော်တို့ ဒီအဖွဲ့တွေအားလုံး ပူးပေါင်းပြီးတော့ မှ ဈေးကွက်တွေ ပြန်ကောင်းလာအောင် ယုံကြည်မှု တွေပြန်ရလာအောင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်ကဦးဆောင်ရေးဆွဲ ပြီးအောင်မြင်သွားတဲ့ ကွန်ဒိုမီနီယံဥပဒေလည်း ပြီးသွားပြီဖြစ် တဲ့အတွက်အဲဒီပေါ်မှာ အခြေခံမယ်။ နောက်မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်ကရေးဆွဲနေတဲ့ Apartment Law ပါပြီးမယ်ဆိုရင် လုပ်ငန်းရှင် အတွက်ရော၊ ဝယ်ယူသုံးစွဲသူတွေ အတွက်ရော၊ နိုင်ငံခြားကလာလုပ်မယ့် ရင်းနှီးမြှုပ်နှံသူတွေအ တွက်ရောခိုင်မာပြီး ယုံကြည်မှုရှိ ပြီးအကျိုးပိုရှိမယ်ထင်ပါတယ် " ဟု ပြောသည်။

ဆောက်လုပ်ရေးဆိုင်ရာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆောက်လုပ်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး နှင့် ဆောက်လုပ်ရေးဆိုင်ရာဥပဒေ များရေးဆွဲရာတွင်လည်း ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ယခု ကဲ့သို့ MoU ရေးထိုးခဲ့ကြခြင်း ဖြစ် ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် (MCEA)မှ အထွေထွေအတွင်း ရေးမှူးဦးမျိုးမြင့်ကပြောသည်။

"ဆောက်လုပ်ရေး Industry တစ်ခုထဲမှာရှိတဲ့ အသင်းအဖွဲ့နှစ်ခု ဖြစ်လို့ အသင်းအဖွဲ့တွေအားလုံး ရှေ့လျှောက် ညီညီညွတ်ညွတ်နဲ့ နိုင်ငံတော် တည်ဆောက်ရေးလုပ် ငန်းတွေဆောင်ရွက်တဲ့အခါမှာ ကန် ထရိုက်တာ တွေ၊ Developer တွေ အားလုံးတစ်ဦးနဲ့တစ်ဦး ကူညီ ဆောင်ရွက်သွားနိုင်ဖို့ပူးတွဲဆောင်ရွက်သွားမှာဖြစ်ပါတယ် ဆောက်လုပ်ရေးနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်ဖို့ပူးပေါင်းဆောင်ရွက်မယ်။ သက်ဆိုင်တဲ့ဥပဒေတွေမှာလည်း ပူးပေါင်းဆောင်ရွက်လို့ ရပါတယ်။ ဟု ၄င်းကပြောသည်။

ဆောက်လုပ်ရေးဆိုင်ရာ အခက်အခဲများကို အတူတကွပူး ပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရန်၊ နိုင်ငံတကာအဆင့်မီ အဆောက်အအုံများပေါ်ထွက်လာစေရန်နှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေး နွေးပွဲများကို လုပ်ဆောင်သွားမည့် အပြင် ဆောက်လုပ်ရေး Industry တစ်ခုထဲတွင်ရှိသော ညီနောင်အသင်းအဖွဲ့အချင်းချင်းပူးပေါင်း ကာ ဆောက်လုပ်ရေးကဏ္ဍနယ် ပယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း MLCA ၏အတွင်းရေးမှူးဦးသက်ကိုကိုက ပြောသည်။

 

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service