ရင်းနှီးမြှုပ်နှံလိုသူများ မန္တလေးတွင် မြေကွက်ဝယ်ယူရန် ပိုမိုစိတ်ဝင်စားလာ - Property News in Myanmar from iMyanmarHouse.com
2185 Views

ရင်းနှီးမြှုပ်နှံလိုသူများ မန္တလေးတွင် မြေကွက်ဝယ်ယူရန် ပိုမိုစိတ်ဝင်စားလာ

မန္တလေးအိမ်ခြံမြေ ဈေးကွက်အရောင်းအေးနေသော်လည်း မြန်မာနိုင်ငံဒေသအနှံ့မှ လုပ်ငန်းရှင်များက စီးပွားရေးလုပ်ကိုင်ရန်၊ လုပ်ငန်းတိုးချဲ့ရန်လူစည်ကားသော မြို့နယ်များ တွင် မြေကွက်ဝယ်ယူရန် စိတ်ဝင်စားမှု များပြားလာသည်ဟု အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ အချို့က ပြောကြားသည်။

မန္တလေးမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ရှိသည့် စီးပွားရေးမြို့တော်တစ် ခုဖြစ်သည်နှင့်အညီ စီးပွားရေး လုပ်ငန်းရှင်များသည် အလယ်ပိုင်းဒေသ၌ လုပ်ငန်းတိုးချဲ့ရန် မန္တလေးရှိ မြေကွက်များကို ၀ယ်ယူကာ စီးပွားရေးလုပ်ငန်းများချဲ့ထွင်လာနေသည်။

‘‘မန္တလေးက အလယ်ဗဟို ကျနေတော့ ဘယ်မြို့နယ်နဲ့မဆို ဆက်သွယ်လို့ရတယ်။ အချက်အ ချာကျတယ်ပြောရမှာပေါ့ အထက်ပိုင်းနဲ့ရော၊ အောက်ပိုင်းနဲ့ ရော ဆက်သွယ်မှုကောင်းတယ်။ ကုမ္ပဏီတွေအနေနဲ့ဆိုရင် တရုတ် ပြည်ကလာမယ်ဆို မန္တလေးက အဓိကပေါ့။ ရန်ကုန်ဆိုတာလည်း မန္တလေးကနေ ဖြတ်သွားရတာလေ။ ဒါကြောင့် လုပ်ငန်းတိုးချဲ့ လာကြတယ်’’ ဟု ရွှေပန်းချီ အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်းမှ မနှင်းနုဝေက ပြောသည်။

နယ်မြို့များမှ စီးပွားရေး လုပ်ငန်းတစ်ခုခု လုပ်ကိုင်နေထိုင်ရန် ၀ယ်ယူမှုများရှိသလို ရန်ကုန်မှလုပ်ငန်းရှင်များက စီးပွားရေးလုပ်ငန်းများအတွက် ရုံးခန်းဖွင့်ရန်၊ ကုမ္ပဏီခွဲဖွင့်ရန် ၀ယ်များသည်ဟု သိရသည်။

‘‘အခုချိန်မှာ ပွင့်ပွင့်လင်း လင်းဝန်ခံရရင် မန္တလေးကလူတွေကတော့ ၀ိတ်လျှော့ချင်လို့ ပြန်ရောင်းကြတာများတယ်။လုပ်ငန်းရှင်တွေဆိုရင်လည်း နယ်က လုပ်ငန်းအတွက် ၀ယ်တယ်။ တချို့ဆိုလည်း ကုမ္ပဏီခွဲဖွင့်ဖို့ဝယ်တယ်။ အဲဒီလိုမျိုးတော့ပိုများတယ်’’ ဟု မနှင်းနုဝေက ပြော သည်။

ယခင်က မန္တလေးအိမ်ခြံမြေ ဈေးကွက်သည် ဈေးအဆမတန် ခေါ်ကာ မြေကွက်များရောင်းချ နေမှုကြောင့် မန္တလေးတွင် ရင်းနှီးမြှုပ်နှံသူ နည်းပါးခဲ့ပြီး ယခုနောက်ပိုင်း ကာလပေါက်ဈေး အတိုင်း ဈေးပြန်မှန်လာသဖြင့် ရင်းနှီးမြှုပ်နှံသူများပြန်လည် စိတ်ဝင်စားလာသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်သည်။

မြေကွက်ဝယ်ယူသူများက စက်မှုဇုန်နှင့် ချမ်းအေးသာစံ၊ချမ်း မြသာစည်၊ မဟာအောင်မြေ စသည့် မြို့နယ်များတွင် ၀ယ်ယူရန်စိတ်ဝင်စားပြီး မိမိလုပ်ကိုင်မည့် လုပ်ငန်းအလိုက်ဝယ်ယူချင် သည့်မြို့နယ်၊ မြေနေရာကိုရွေးချယ်သည်ဟု အိမ်ခြံမြေပွဲစားများကဆိုသည်။

‘‘နေရာကတော့ သူတို့လုပ်မယ့် စီးပွားရေးအပေါ်မူတည်ပြီး လူစည်တဲ့နေရာမှာ ၀ယ်ရင်လည်း ၀ယ်တာပဲ။ ဥပမာ- ကားရှိုးရွမ်း ဖွင့်မယ်ဆိုရင် မြို့သစ်ဘက်မှာ ၀ယ်တယ်။ စက်ရုံလုပ်ငန်းလုပ်မယ်ဆိုရင်လည်း စက်မှုဇုန်ဘက်မှာ ရင်းနှီးမြှုပ်နှံကြတယ်’’ ဟု ဖိုးလမင်းမြန်မာ ကုမ္ပဏီလီမိတက်မှ ကိုဝဏ္ဏစိုးက ပြောသည်။

မန္တလေးရှိ မြေကွက်များ၏ ပျမ်းမျှကာလပေါက်ဈေးသည် မြေနေရာလိုက်၍ ကျပ်သိန်း ၂၀၀ မှ ကျပ်သိန်း ၅,၀၀၀ အထိရှိ သည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service