Construction Industry Development Board Law (CIDBL) မူကြမ်း ရေးဆွဲထားပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပြီးမှသာ တစ်နိုင်ငံလုံး လိုက်နာကျင့်သုံးရန် ဆောင်ရွက်မည်ဟု ဒုတိယဝန်ကြီးပြောကြား - Property News in Myanmar from iMyanmarHouse.com
702 Views

Construction Industry Development Board Law (CIDBL) မူကြမ်း ရေးဆွဲထားပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပြီးမှသာ တစ်နိုင်ငံလုံး လိုက်နာကျင့်သုံးရန် ဆောင်ရွက်မည်ဟု ဒုတိယဝန်ကြီးပြောကြား

Construction Industry Development Board Law (CIDBL) မူကြမ်းရေးဆွဲထားပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပြီးမှသာ တစ်နိုင်ငံလုံး လိုက်နာကျင့်သုံးနိုငရန် ဆောင်ရွက်သွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည် ။

နေပြည်တော်၌ ဒီဇင်ဘာ ၁၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၂) မှ ဦးနိုင်ကိုကိုက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မြို့နယ်များတွင် ဖွဲ့စည်းထားသော မြို့နယ် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေးကော်မတီကို ပြည်ထောင်စုအစိုးရက ဖျက်သိမ်းပြီး မြို့နယ်များတွင် နယ်ပယ်အလိုက် တတ်သိပညာရှင်များနှင့် အင်ဂျင်နီယာများ ပါဝင်သော Third Party ကို ပြည်ထောင်စုအစိုးရက မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်များတွင် ဖွဲ့စည်းပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည် ။

ယင်းကဲ့သို့ မေးမြန်းချက်ကို ဒုတိယဝန်ကြီးက “ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ Construction Industry Development Board Law (CIDBL) မူကြမ်းရေးဆွဲထားပြီး ဖြစ်ပါတယ်။ အဲဒီဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပြီးမှသာ တစ်နိုင်ငံလုံး လိုက်နာကျင့်သုံးနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားသည် ။

Construction Industry Development Board Law (CIDBL) အတည်ပြုပြီးပါက တစ်နိုင်ငံလုံး လိုက်နာကျင့်သုံးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ CIDB ဗဟိုအဖွဲ့သာမက တိုင်းဒေသကြီး/ပြည်နယ်အလိုက် CIDB များကို ဖွဲ့စည်းရမည် ဖြစ်ကြောင်း၊ CIDB တွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် Contruction Management, Safety, Quality Control, Fire Protection & Inspection နှင့် ပတ်သက်သည့် Inspection Teams များထားရှိဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် ပြီးပါက နိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်များတွင် ဖွဲ့စည်းထားသော မြို့နယ် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေးကော်မတီများကို ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည် ။

မြန်မာနိုင်ငံတွင် Construction Industry Development Board Law (CIDBL) ထွက်ပေါ်လာရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အရာထမ်း ၁၅ ဦး ပါဝင်သောအဖွဲ့သည် မလေးရှားနိုင်ငံတွင် CIDB ၏ Regulation, Law, By Law, Directive များကို တစ်လတိတိ သင်တန်းတက်ရောက်ခဲ့ကြောင်း၊ စင်ကာပူနိုင်ငံ BCA တွင်လည်း Construction Industry ၏ Regulation, Law, By Law, Directive များကို သင်တန်းတက်ရောက် လေ့လာခဲ့ကြောင်း၊ ယခုအချိန်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ Construction Industry Development Board Law (CIDBL) မူကြမ်းရေးဆွဲထားပြီး ဖြစ်ကြောင်း၊ ယင်းမူကြမ်းအား ရှေ့နေချုပ်ရုံးသို့ တင်ပြခဲ့ပြီး ပြင်ဆင်သည့် အချက်များကို ပြန်လည်ရေးဆွဲကာ ရှေ့နေချုပ်ရုံးသို့ ထပ်မံပေးပို့သွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ အတည်ပြုချက် ရရှိပါက ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့တင်ပြသွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည် ။

မြို့နယ် တည်ဆောက်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေး ကော်မတီများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှုး ဥက္ကဋ္ဌ၊ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး အတွင်းရေးမှူး၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ အင်ဂျင်နီယာ တစ်ဦးစီကို အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် အစိုးရဌာနများ အနေဖြင့် လူထုအတွက် လိုအပ်သည့် လမ်းတံတား၊ အဆောက်အအုံ၊ ရေ၊ မီး၊ လျှပ်စစ်၊ ဆည်မြောင်း၊ တာတမံ တည်ဆောက်ရေးများကို ကိုယ်တိုင်တွက်ချက်၊ ကိုယ်တိုင်စိစစ်ပြီး ကိုယ်တိုင်အရည်အသွေး စစ်ခဲ့ကြသည့် စနစ်ကြောင့် အများစုသည် အရည်အသွေး မပြည့်မီခြင်း၊ အဂတိလိုက်စားခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် ရှေ့ကဆောက်၊ နောက်ကပျက် မကြာခဏ ပြုပြင်ရခြင်းများကြောင့် ဘတ်ဂျက်များ ထပ်တောင်းရခြင်းစသည့် Conflict of Interest ဆိုသည့် အဆိုးသံသရာလည်ပြီး နှစ်စဉ်ဘဏ္ဍာငွေများ လေလွင့်ခဲ့ရကြောင်း ဦးနိုင်ကိုကိုက ဆိုသည် ။

 

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service