လာမည့်နှစ်တွင် သီလ၀ါဆိပ်ကမ်း စတင်အသုံးပြုနိုင်မည်ဟု JICAထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
6572 Views

လာမည့်နှစ်တွင် သီလ၀ါဆိပ်ကမ်း စတင်အသုံးပြုနိုင်မည်ဟု JICAထုတ်ပြန်

ကန်ဒေါ်လာသန်း ၂၀၀ တန် သီလ၀ါဆိပ်ကမ်းကို ၂၀၁၉ နှစ်စတွင် စတင်သုံးစွဲနိုင်မည်ဖြစ် ပြီး ထပ်မံတိုးချဲ့ရန် အစီအစဉ်ရှိ ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေ ဂျင်စီ (JICA) က ဒီဇင်ဘာ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်သည်။

အဆိုပါ ဆိပ်ကမ်းတည် ဆောက်ရေး JICA က ချေးငွေထောက်ပံ့ရန် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနနှင့် ၂၀၁၃ တွင် ချေးငွေစာချုပ်ချုပ်ဆိုခဲ့ပြီး ဆိပ်ကမ်းတစ်ခုလုံးတည်ဆောက်ခြင်း လုပ်ငန်း အပြီးသတ်ခြင်းသည်၂၀၁၉ ဖေဖော်ဝါရီတွင်ဖြစ်သည် ဟု ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီကဆိုသည်။

အဆိုပါ ဆိပ်ကမ်းအတွက် ဂျပန်ကချေးငွေကို အတိုးနှုန်းသုည ဒသမ ၀၁ ရာခိုင်နှုန်း သတ်မှတ်ပြီး ၁၀ နှစ်ဆိုင်းငံ့ကာလဖြင့် နှစ် ၄၀ အတွင်း ပြန်လည်ပေးဆပ်ရမည်ဟု JICA ကပြောသည်။

အဆိုပါ စီမံကိန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်က မီတာ ၄၀၀ အရှည်ခန့်ရှိ ဆိပ်ခံတံတားနှင့် ကုန်တင်ကုန်ချ ကိရိယာပစ္စည်းများ တပ်ဆင် ထားသော ဘက်စုံသုံးဆိပ်ကမ်း အဖြစ် တည်ဆောက်ထားသည်။ အဆိုပါ ဆိပ်ကမ်းကိုထပ်မံတိုးချဲ့ ရာတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပူးတွဲဆောင်ရွက်မည်ဖြစ် ကြောင်း JICA ကဆိုသည်။

ဆိပ်ကမ်းတည်ဆောက်ရန် ၂၀၁၅ ဒီဇင်ဘာနှင့် ၂၀၁၇ မတ်လတွင် ကန်ထရိုက်လုပ်ငန်းစာချုပ် များ အသီးသီးလက်မှတ် ရေးထိုးခဲ့သည်။ ၂၀၁၃ ဇွန်လနှင့် ၂၀၁၅ ဇွန်လတွင် ချေးငွေဆိုင်ရာ စာချုပ်များ စတင်ချုပ်ဆိုခဲ့သည်ဟု JICA က ဆိုသည်။

အဆိုပါ ဆိပ်ကမ်းသည် ရန်ကုန်ဆိပ်ကမ်းအတွင်းရှိ သီလ၀ါ ဧရိယာ မြေကွက်အမှတ် (၂၅)နှင့်(၂၆)တွင် တည်ရှိသည်။ ဆိပ်ကမ်းတည်ဆောက်ခွင့်ကို ဂျပန်ကုမ္ပဏီ နှစ်ခုအား လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သီလ၀ါဆိပ်ကမ်း တွင် မီတာ ၆၀၀ ရှည်လျားသည် ဆိပ်ခံတံတားစီမံကိန်းကို ပြည်တွင်းကုမ္ပဏီသုံးခုက ပူးပေါင်းဆောင်ရွက်နေပြီး ၂၀၂၀ ၌ အပြီးသတ်မည်ဟုကြေညာထားသည်။

သီလ၀ါတွင် ဆိပ်ကမ်းများ တည်ဆောက်ရန် မြေကွက် ၃၇ ကွက်ကို မြေယာဖော်ထုတ်ထား ပြီး ၂၇ ကွက်ကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးထားသည်။ ကျန်အကွက်များအနက် အချို့ကို မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်က ဂျပန် ချေးငွေဖြင့် ဆိပ်ကမ်းများတည် ဆောက်နေခြင်း ဖြစ်သည်။

 

Credit: 7Daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service